ဆိုင်ကလုန်းမုန်တိုင်းဂူးလက်ပ်အရှိန်ကြောင့်၂ရက်အတွင်းမြန်မာနိုင်ငံအနှံ့အပြားမိုးကြီးမည်ထွန်းထွန်းဝင်းဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့်ဆိုင်ကလုန်းမုန်တိုင်း

ဂူးလက်ပ်(Gulab)ကြောင့်မြန်မာနိုင်ငံအနှံ့အပြားတွင်နှစ်ရက်အတွင်းမိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကစက်တင်ဘာ၂၆ရက်နံနက်ပိုင်းတွင်

သတင်းထုတ်ပြန်လိုက်သည်အဆိုပါမုန်တိုင်းအရှိန်ကြောင့်နောက်၄၈နာရီအတွင်းနေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးထစ်ချုန်း

ရွာပြီးဒေသအလိုက်မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းသိရသည်ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်

အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းသည်အနောက်ဘက်သို့ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့၏အနောက်တောင်ဘက်ရေမိုင်၃၈၀မိုင်ခန့်၊ဂွမြို့၏အနောက်

အနောက်မြောက်ဘက်ရေမိုင်၄၆၅မိုင်ခန့်၊ဟိုင်းကြီးကျွန်းမြို့၏အနောက်မြောက်ဘက်ရေမိုင်၄၇၀မိုင်ခန့်၊အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏တောင်အနောက်တောင်ဘက်ရေမိုင်၁၂၀မိုင်

ခန့် နှင့်ဂိုလ်ပါပူမြို့၏အရှေ့တောင်ဘက်ရေမိုင်၁၁၀မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်းမိုးဇလကဆိုသည်ပုံစာစက်တင်ဘာလ၂၆ရက်နေ့ နံနက်၁၀နာရီအချိန်ကဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေcredit