ဆီးကျောက်တည်ခြင်းနှင့်အခြားရောဂါများသက်သာပျောက်ကင်းနိုင်သည့်သံမနိုင်ကျောက်မနိုင်ပင်သံမနိုင်ကျောက်မနိုင်ကို မြန်မာနိုင်ငံအနှံ့အပြား အထူးသဖြင့်ပူအိုက်သောဒေသများတွင် တွေ့ရသည်။ သဘာဝအလျှောက် ပေါက်ရောက်
လေ့ရှိပြီးတစ်နှစ်ခံပင်ပျော့ပင်ငယ်မျိုးဖြစ်သည်၁ ပေမှ၃ ပေအထိ မြေတွင်လျှောက်၍ပေါက်သည်ပင်စည်သေးသွယ်ပြီးတစ်ခါတစ်ရံ ထောင်မတ်၍ နေသည်။မြန်မာ့ဆေးကျမ်းများအလိုအရသံမနိုင် ကျောက်မနိုင်သည်ချုပ်သောသတ္တိရှိ
သည်ဖောရောင်ခြင်းကိုကျစေသည်ထိုင်းမှိုင်းစေသည်ဝမ်းသွားခြင်း သွေးဝမ်းသွားခြင်းဆီးချုပ် ကျောက်တည်ရောဂါများကို ပျောက်ကင်းစေ၍ အနာများကို ပြည်ပေါက်စေပါသည်(၁)ပုံတွင်ပါသောသံမနိုင်ကြောက်မနိုင်ပင်၏
ပဉ္စငါးပါးအပင်၊အရွက်၊အမြစ်၊အသီးအပွင့်အကိုင်းအားလုံးကိုလက်တစ်ဆုပ်ခန့် ရေစင်အောင်ဆေးကာကြိတ်၍အရည်ညှစ်ယူပါ၂၎င်းသတ္တုရည်ကိုလက်ဖက်ရည်တစ်ဇွန်းခန့်မနက်ညတစ်ရက်၂ကြိမ်သောက်ပါသံမနိုင်ကျောက်မနိုင်ပင်
ကိုပြုတ်၍ ပြုတ်ရည်ကိုလက်ဖက်ရည်ခွက်တစ်ခွက်ခန့်တစ်ရက်၃ကြိမ် သောက်ပါ။သံမနိုင်ကျောက်မနိုင်ပင်ကို နေရိပ်တွင်အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်သောက်ပါရေများများသောက်ပါ၅ရက်သို့မဟုတ်
တစ်ပတ်ခန့်၎င်းဆေးကို သောက်သုံးပေးပါက ကျောက်ကပ်မှကျောက်သည်နံနက်ပိုင်းအပေါ့စွန့်သည့်အချိန်တွင်အတူကျလာပါလိမ့်မည်သံမနိုင်ကျောက်မနိုင် ရေနွေးသည် ဆီးကျောက်တည်ခြင်းအပြင် ဝမ်းသွားခြင်းသွေးဆင်းခြင်း
မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်း စေ၏။ငွေကုန်ကြေးကျနည်း၍ ထိရောက်သည့် ဆေးမြီးတိုနည်းဖြင့်ကျောက်တည်ရောဂါများ ပျောက်ကင်းနိုင်ကြပါစေ။ Credit စောနွဲ့နေဆိုင်ပူတာအို