ငါးရခိုင်ချက်ဆီမထည့်ပဲချက်မယ်နော့ငါးများသန့်စင်ဆေးကြောပြီးရေဆေးစစ်ထားပြီးဆား၊နနွင်းဟင်းခတ်မှုန့်တို့နဲ့နယ်ထားပါငြုပ်သီးစိမ်းစားနိုင်သလောက်ကိုကျက်အောင်ပြုတ်ကာငပိအနည်းငယ်ကြက်သွန်နီနှစ်လုံးခန့်ထည့်ကြိတ်ထောင်း

ထားပါညှီပြင်းတဲ့ငါးတွေဆိုငရုတ်ကောင်းပါထည့်ချက်ပါချက်မည့်အိုးထဲငြုပ်သီးစိမ်းထောင်းထားပြီးသားကိုရေအနေတော်ထည့်နနွင်းမှုန့်ပါထည့်ပြီးပွက်ပွက်ဆူလာအောင်တည်ပါအရသာနယ်ထားပြီးငါးများထည့်မွှေအဖုံးအုပ်တည်ပါ

ငါးများနူးရင်အသင့်ရေစိမ်ထားတဲ့အချဉ်ဖတ်အခြောက်ချဉ်စော်ကားသီးကိုထည့်ပါငါးတွေလဲနူးအချဉ်လဲထွက်ပြီဆိုရင်အရသာအချဉ်ငန်စပ်မြည်းလိုအပ်သလိုထပ်ထည့်ပြင်ကာချခါနီးနံနံပင်လေးအုပ်ချပါ


