ဆီးခ်ိဳက်ၿပီးဘက္စံုေဆးဘက္ဝင္တဲ့ၾကက္ဟင္းခါးသီးေဖ်ာ္ရည္ခ်ိဳတဲ့အစားအစာေတြကိုလူႀကိဳက္မ်ားေပမယ့္ ခါးတဲ့ အစားအစာကိုေတာ့လူတိုင္းမႀကိဳက္ၾကပါဘူး။ဒါေပမယ့္ေဆးတိုင္းလိုလို ခါးၾကတာကိုေတာ့ လူတိုင္းသတိထားမိၾကမွာပါ။

ၾကက္ဟင္းခါးသီးဟာဆီးခ်ိဳေရာဂါထိန္းခ်ဳပ္ရာမွာအသံုးဝင္တဲ့အာနိသင္(၃) မ်ိဳးပါဝင္ပါတယ္ဆီးခ်ိဳေရာဂါခံစားေနရသူေတြအေနနဲ႔ ၾကက္ဟင္းခါးသီး ေဖ်ာ္ရည္ကိုမနက္တိုင္းဘာအစားမွမစားခင္မွာေသာက္ေပးသင့္ပါတယ္။

လူတိုင္းဒီအက်ိဳးေက်းဇူးရိွတယ္ဆိုတာကိုသတိထားမိၾကတယ္။အသိအမွတ္ျပဳၾကတယ္ဆိုေပမယ့္ခါးလို႔လူတိုင္းလိုက္မေသာက္ႏိုင္ၾကပါဘူး။ဒါေပမယ့္ဒီလိုအရသာခါးခါးကိုေၾကာက္ေနရင္ေတာ့ ေရာဂါခါးခါးကိုခံစားၾကရမွာပါ။

ဆီးခ်ိဳေဝဒနာရွင္ေတြအတြက္ၾကက္ဟင္းခါးသီးေဖ်ာ္ရည္ဘယ္လိုလုပ္ရမလဲဆိုတာမ်ွေဝေပးပါမယ္အရင္ဆံုးေရေသခ်ာေဆးၿပီးအေပၚပိုင္းအေရခြံကိုလွီးလိုက္ပါ။ၿပီးရင္အေနေတာ္အတံုးေသးေသးေလးေတြလွီးလိုက္ၿပီးဆား၊နႏြင္းနဲ႔ ေသခ်ာနယ္လိုက္ပါ။

အဲဒီေနာက္ခဏထားထားလိုက္ရင္ၾကက္ဟင္းခါးသီးကေနအရည္ထြက္လာတာေတြ့ရမွာပါအရည္ထြက္လာရင္ အားရပါးရ ႏွယ္လိုက္ပါ။ ၿပီးရင္အရည္ၫွစ္ထုတ္ၿပီး စကာ(ဇကာ)နဲ႔ စစ္ခ်လိုက္ကာ ခြက္တစ္လံုးထဲ ထၫ့္လိုက္ပါ။

ၿပီးရင္သံပုရာရည္ နည္းနည္းၫွစ္ထၫ့္လိုက္ပါ။တိုင္းရင္းေဆး ပညာေတြအရ ၾကက္ဟင္းခါးသီးကို ေဆးဖက္ဝင္အစားအစာအျဖစ္ အသံုးျပဳၾကၿပီး ဗိုက္နာျခင္း၊ အဖ်ားတက္ျခင္း၊ နာတာရွည္ေခ်ာင္းဆိုးျခင္းနဲ႔ အေရျပားေရာဂါတို႔အတြက္

အသံုးျပဳၾကသလိုအနာက်က္ေစဖို႔ ၊မီးဖြားရလြယ္ေစဖို႔နဲ႔ငွက္ဖ်ားေရာဂါ၊ဝက္သက္ ေရေက်ာက္စတဲ့ေရာဂါအမ်ိဳးမ်ိဳးအတြက္လည္းအသံုးျပဳၾကပါတယ္။ဘယ္လိုေသာက္မလဲမနက္အိပ္ယာႏိုးႏိုးခ်င္ဘာမွမစားခင္ ေသာက္ေပးရမွာပါ။

အဲဒီလိုေသာက္ေပးရင္ေသြးတြင္းသၾကာဓာတ္ကိုေလ်ွာ့ခ်ေပးၿပီးကိုယ္ခံအားစနစ္ကိုလည္းေကာင္းမြန္ေစပါတယ္သုေတသန ၂၀၁၁ခုႏွစ္က ထုတ္ေဝခဲ့တဲ့ေဆးပညာစာေစာင္တစ္ခုမွာ ၾကက္ဟင္းခါးသီးနဲ႔ပတ္သတ္ၿပီး Clinical Trialဆိုတဲ့လက္ေတြ့စမ္းသပ္ ေလ့လာမႈတစ္ခုအေၾကာင္းေဖာ္ျပခဲ့ပါတယ္။

အဲဒီသုေတသနမွာ ၾကက္ဟင္းခါးသီး ေန့စဉ္ ၂ ဂရမ္စားသံုးေပးတဲ့ ဆီးခ်ိဳေသြးခ်ိဳ ေဝဒနာရွင္ေတြမွာ ေသြးထဲက ဂလူးကို႔စ္ သၾကားပမာနကို သိသိသာသာ က်ေအာင္လုပ္ႏိုင္တယ္ဆိုတဲ့ ေလ့လာေတြ့ရိွမႈကို ေဖာ္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုSaint Louisတကၠသိုလ္ကျပဳလုပ္ခဲ့တဲ့သုေတသနမွာေတာ့ၾကက္ဟင္းခါးသီးအႏွစ္ဟာရင္သားကင္ဆာဆဲလ္ႀကီးထြားမႈကိုဟန႔္တားေပးႏိုင္တယ္လို႔ ေတြ့ရိွထားပါတယ္။မူရင္းေရးသားသူကို ေလးစားစြာျဖင့္ credit ေပးပါတယ္။

ဆီးချိုကျပြီးဘက်စုံဆေးဘက်ဝင်တဲ့ကြက်ဟင်းခါးသီးဖျော်ရည်ချိုတဲ့အစားအစာတွေကိုလူကြိုက်များပေမယ့်ခါးတဲ့ အစား အစာကိုတော့လူတိုင်းမကြိုက်ကြပါဘူး။ဒါပေမယ့်ဆေးတိုင်းလိုလို ခါးကြတာကိုတော့ လူတိုင်းသတိထားမိကြမှာပါ။

ကြက်ဟင်းခါးသီးဟာဆီးချိုရောဂါထိန်းချုပ်ရာမှာအသုံးဝင်တဲ့အာနိသင်(၃) မျိုးပါဝင်ပါတယ်ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးသီး ဖျော်ရည်ကိုမနက်တိုင်းဘာအစားမှမစားခင်မှာသောက်ပေးသင့်ပါတယ်။

လူတိုင်းဒီအကျိုးကျေးဇူးရှိတယ်ဆိုတာကိုသတိထားမိကြတယ်။အသိအမှတ်ပြုကြတယ်ဆိုပေမယ့်ခါးလို့လူတိုင်းလိုက်မသောက်နိုင်ကြပါဘူး။ဒါပေမယ့်ဒီလိုအရသာခါးခါးကိုကြောက်နေရင်တော့ ရောဂါခါးခါးကိုခံစားကြရမှာပါ။

ဆီးချိုဝေဒနာရှင်တွေအတွက်ကြက်ဟင်းခါးသီးဖျော်ရည်ဘယ်လိုလုပ်ရမလဲဆိုတာမျှဝေပေးပါမယ်အရင်ဆုံးရေသေချာဆေးပြီးအပေါ်ပိုင်းအရေခွံကိုလှီးလိုက်ပါ။ပြီးရင်အနေတော်အတုံးသေးသေးလေးတွေလှီးလိုက်ပြီးဆား၊နနွင်းနဲ့ သေချာနယ်လိုက်ပါ။

အဲဒီနောက်ခဏထားထားလိုက်ရင်ကြက်ဟင်းခါးသီးကနေအရည်ထွက်လာတာတွေ့ရမှာပါအရည်ထွက်လာရင် အား ရပါးရ နှယ်လိုက်ပါ။ ပြီးရင်အရည်ညှစ်ထုတ်ပြီး စကာ(ဇကာ)နဲ့ စစ်ချလိုက်ကာ ခွက်တစ်လုံးထဲ ထည့်လိုက်ပါ။

ပြီးရင်သံပုရာရည် နည်းနည်းညှစ်ထည့်လိုက်ပါ။တိုင်းရင်းဆေးပညာတွေအရ ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အစား အစာအဖြစ် အသုံးပြုကြပြီး ဗိုက်နာခြင်း၊ အဖျားတက်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းနဲ့ အရေပြားရောဂါတို့အတွက်

အသုံးပြုကြသလိုအနာကျက်စေဖို့၊မီးဖွားရလွယ်စေဖို့နဲ့ငှက်ဖျားရောဂါ၊ဝက်သက် ရေကျောက်စတဲ့ရောဂါအမျိုးမျိုးအတွက်လည်းအသုံးပြုကြပါတယ်။ဘယ်လိုသောက်မလဲမနက်အိပ်ယာနိုးနိုးချင်ဘာမှမစားခင် သောက်ပေးရမှာပါ။

အဲဒီလိုသောက်ပေးရင်သွေးတွင်းသကြာဓာတ်ကိုလျှော့ချပေးပြီးကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်သုတေ သန ၂၀၁၁ခုနှစ်က ထုတ်ဝေခဲ့တဲ့ဆေးပညာစာစောင်တစ်ခုမှာ ကြက်ဟင်းခါးသီးနဲ့ပတ်သတ်ပြီး Clinical Trialဆိုတဲ့လက်တွေ့စမ်းသပ် လေ့လာမှုတစ်ခုအကြောင်းဖော်ပြခဲ့ပါတယ်။

အဲဒီသုတေသနမှာ ကြက်ဟင်းခါးသီး နေ့စဉ် ၂ ဂရမ်စားသုံးပေးတဲ့ ဆီးချိုသွေးချို ဝေဒနာရှင်တွေမှာ သွေးထဲက ဂလူးကို့စ် သကြားပမာနကို သိသိသာသာ ကျအောင်လုပ်နိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုကို ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုSaint Louisတက္ကသိုလ်ကပြုလုပ်ခဲ့တဲ့သုတေသနမှာတော့ကြက်ဟင်းခါးသီးအနှစ်ဟာရင်သားကင်ဆာဆဲလ်ကြီးထွားမှုကိုဟန့်တားပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here