လိုင္ခ်ီးသီးႏွင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ
လိုင္ခ်ီးသီးသည္ သၾကားဓာတ္ ၁၅ ရာခိုင္ႏွုန္းေက်ာ္ပါသည့္ သစ္သီးျဖစ္ၿပီး ခ်ိဳၿပီးေမႊးေသာအရသာရွိေသာေၾကာင့္ ယခင္ကတည္းက ဆီးခ်ိဳေသြးခ်ိဳ လူနာမ်ားကို မေကၽြးခိုင္းပါ။ သို့ေသာ္ ၂၀၁၅ ေနာက္ပိုင္းထြက္ေပၚလာသည့္ သုေတသနစာတမ္းမ်ားအရ ဆီးခ်ိဳေဝဒနာသည္မ်ားသည္ လိုင္ခ်ီးသီးစားလၽွင္ ဆီးခ်ိဳမတက္သည့္အျပင္ အက်ိဳးေက်းဇူးမ်ားစြာရရွိေၾကာင္း ေတြ႕ရပါသည္။ ယင္းတို့မွာ-
♦️ ေသြးတြင္းဂလူးကို့စ္ဓာတ္ က်ဆင္းေအာင္ကူညီေပးျခင္း
လိုင္ခ်ီးသီးတြင္ပါဝင္ေသာ ဖိေနာလစ္ျဒပ္ေပါင္းမ်ားေၾကာင့္ ျဖစ္ပါသည္။ ထို့အျပင္ ဟိုက္ပိုဂလိုက္စင္-ေအေၾကာင့္ အသည္းမွ ဂလူးကို့စ္မ်ားထပ္မထြက္လာေအာင္ ျပဳလုပ္ေပးပါသည္။
♦️ ႂကြက္သားမ်ားထဲသို့ ဂလူးကို့စ္မ်ားဝင္ေရာက္နိုင္ရန္အားေပးျခင္း
လိုင္ခ်ီးသီးတြင္ပါဝင္ေသာ ေအာ္လီဂိုနယ္မ်ားေၾကာင့္ အင္ဆူလင္၏ လုပ္ငန္းေဆာင္တာမ်ားကို ေကာင္းေစၿပီး ႂကြက္သားမ်ားတြင္ လွုံ႔ေဆာ္ေသာေၾကာင့္ ဂလူးကို့စ္မ်ားသည္ ႂကြက္သားထဲဝင္ၿပီး အသုံးျပဳနိုင္ပါသည္။ ထို့ေၾကာင့္ ဆီးခ်ိဳေၾကာင့္ ႂကြက္သားမ်ား အာဟာရျပတ္ၿပီး သိမ္သြားျခင္းမွကာကြယ္ေပးပါသည္။
♦️ ဆီးခ်ိဳေၾကာင့္ျဖစ္ေသာ ေက်ာက္ကပ္ပ်က္စီးျခင္း (Diabetic nephropathy) ကို ကာကြယ္ေပးျခင္း
ေအာ္လီဂိုနယ္မ်ားသည္ ေက်ာက္ကပ္ဆဲလ္မ်ားမပ်က္စီးေအာင္ ကာကြယ္ေပးပါသည္။
♦️ ဆီးခ်ိဳေၾကာင့္ မ်က္စိတိမ္စြဲေရာဂါ (Diabetic cataract) ကို ကာကြယ္ေပးျခင္း
လိုင္ခ်ီးသီးတြင္ပါဝင္ေသာ Beta-galactopyranoside မ်ားသည္ အဲလ္ဒို့စ္ ရီဒက္ေဒ့စ္ (Aldose reductase) အင္ဇိုင္းမ်ားကို ဟန႔္တားေပးျခင္းျဖင့္ မ်က္စိတိမ္စြဲေရာဂါကို ကာကြယ္ေပးပါသည္။

လိုင်ချီးသီးနှင့် ဆီးချိုသွေးချိုရောဂါ
လိုင်ချီးသီးသည် သကြားဓာတ် ၁၅ ရာခိုင်နှုန်းကျော်ပါသည့် သစ်သီးဖြစ်ပြီး ချိုပြီးမွှေးသောအရသာရှိသောကြောင့် ယခင်ကတည်းက ဆီးချိုသွေးချို လူနာများကို မကျွေးခိုင်းပါ။ သို့သော် ၂၀၁၅ နောက်ပိုင်းထွက်ပေါ်လာသည့် သုတေသနစာတမ်းများအရ ဆီးချိုဝေဒနာသည်များသည် လိုင်ချီးသီးစားလျှင် ဆီးချိုမတက်သည့်အပြင် အကျိုးကျေးဇူးများစွာရရှိကြောင်း တွေ့ရပါသည်။ ယင်းတို့မှာ-
♦️ သွေးတွင်းဂလူးကို့စ်ဓာတ် ကျဆင်းအောင်ကူညီပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော ဖိနောလစ်ဒြပ်ပေါင်းများကြောင့် ဖြစ်ပါသည်။ ထို့အပြင် ဟိုက်ပိုဂလိုက်စင်-အေကြောင့် အသည်းမှ ဂလူးကို့စ်များထပ်မထွက်လာအောင် ပြုလုပ်ပေးပါသည်။
♦️ ကြွက်သားများထဲသို့ ဂလူးကို့စ်များဝင်ရောက်နိုင်ရန်အားပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော အော်လီဂိုနယ်များကြောင့် အင်ဆူလင်၏ လုပ်ငန်းဆောင်တာများကို ကောင်းစေပြီး ကြွက်သားများတွင် လှုံ့ဆော်သောကြောင့် ဂလူးကို့စ်များသည် ကြွက်သားထဲဝင်ပြီး အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဆီးချိုကြောင့် ကြွက်သားများ အာဟာရပြတ်ပြီး သိမ်သွားခြင်းမှကာကွယ်ပေးပါသည်။

♦️ ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်စီးခြင်း (Diabetic nephropathy) ကို ကာကွယ်ပေးခြင်း
အော်လီဂိုနယ်များသည် ကျောက်ကပ်ဆဲလ်များမပျက်စီးအောင် ကာကွယ်ပေးပါသည်။
♦️ ဆီးချိုကြောင့် မျက်စိတိမ်စွဲရောဂါ (Diabetic cataract) ကို ကာကွယ်ပေးခြင်း
လိုင်ချီးသီးတွင်ပါဝင်သော Beta-galactopyranoside များသည် အဲလ်ဒို့စ် ရီဒက်ဒေ့စ် (Aldose reductase) အင်ဇိုင်းများကို ဟန့်တားပေးခြင်းဖြင့် မျက်စိတိမ်စွဲရောဂါကို ကာကွယ်ပေးပါသည်။