ဆီးအောင့်၊ဆီးကျောက်တည်ခြင်းများတွက်ခရုခွံနှင့်သံပုရာသီးခရီးကပန်းလမ်းကကြမ်းရသည့်ထဲသွားရသည်ကခြေလျင်ခရီးတကယ်မနီးလှပါ။လမ်းဖောက်လုပ်ရေးတာဝန်ဖြင့်ကေလးဝမွမော်လိုက်မရောက်ခင်ပလူဇဝရွာအထိဖြစ်သည်။
နေကလည်းပူသည်မို့ထင်သလောက်ခရီးမတွင်ပေ။ခက်သည်ကအလုပ်သမားခေါင်းဆောင်ကွမ်းစားမောင်ဦးဆီးသြားမရ အောင့်လှသည်ဟုဆို၍ထမ်းစင်ဖြင့်ပါအောင်ခေါ်ရပြန်သည်။သို့ဖြင့်ညေန(၃)နာရီကျော်မှနတ်မော်ကယ်ရွာသို့ရောက်ရကာ
ဘုန်းတော်ကြီးကျောင်းတွင်နားကြသည်ဆရာတော်ကဆီး အောင့်၍အော်ဟစ်ညည်းညူနေသောမောင်ဦးကိုတွေ့၍ဆီးလအောင့်ပြီးဆီးသွားမရကြောင်းသိရေသာအခါဒါများဒကာရယ်ဘုန်းကြီးကုပေးပါမယ်ဆို၍စေတီပုံခရုခွံ(၃/၄)ခုအား
ချင်းတွင်းမြစ်နံဘေးသောင်စပ်တွင်သွားရောက်ရှာဖွေစေပြီးမီးဖုတ်စေပါသည်။ထို့နောက်သန့်စင်သောဆုံတွင်အမှုန့်ဖြစ်အောင်ထောင်းပြီးစေတီခရုမှုန့်လက်ဖက်စားဇွန်း(၁)ဇွန်းစားကိုရေထည့်ထားသောကြွေရေနွေးပန်းကန်လုံးလေးထဲသို့
ထည့်ပြီးသံပုရာသီးတစ်စိတ်ကိုညှစ်၍အနည်ထိုင်စေရန်၁၀မိနစ်မျှစောင့်ဆိုင်းစေကာအပေါ်ရေကြည်ကိုမောင်ဦးအားတိုက်၏။ထိုပြင်စေတီခရုမှုန့်နှင့်သံပုရာရည်ကိုကျောက်ပျဉ်တွင်သွေးစေ၍မောင်ဦး၏ဆီးစပ်ကိုလိမ်းလူးစေပါသည်။
အံ့သြဖွယ်ကောင်းသည်ကနံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် သောက်ခြင်းလိမ်းခြင်းပြုပေးလိုက်ရာနောက်တစ်နေ့နံနက်တွင်မောင်ဦးဆီးများအားပါးတရသွားကာဆီးအတွင်းကျောက်မှုန့်ကျောက်စများပါသွားခြင်းဖြစ်တော့သည်
လမ်းအလုပ်သမားအဖွဲ့များလည်းအလုပ်သမားခေါင်းဆောင် မောင်ဦးကျန်းမာရေးကောင်းမွန်သွားပြီဖြစ်၍နတ်မော်ကယ်ရွာလေးမှပလူဇဝဆီသို့ခရီးဆက်နိုင်ကြပါတော့သည်နတ်မော်ကယ်ရွာဆရာတော်ပေးသောဆီးသွားကျောက်ကြေစေသော
စေတီပုံခရုခွံအကြောင်းလက်လှမ်းမီသမျှမိတ်ဆွေများကိုလက်ဆင့်ကမ်းမျှဝေပေးရာဆီးအောင့်ကျောက်တည်သောဝေဒနာရှင်များသက်သာပျောက်ကင်းသည်ဆိုပါ၍လိုသူတို့သုံးနိုင်ပါရန်တင်ပြရေးသားလိုက်ပါသည်။ဆေးနည်း(၁)စေတီခရုခွံ
လေးများကိုကိုမီးဖုတ်ပြီးထောင်းရန်(အမှုန့်ညက်ညက်လေးရရှိအောင်အဝတ်စဖြင့်စစ်နိုင်ပါကပိုကောင်းပါသည်ထိုခရုခွံအားနေရာဒေသအလိုက်အမျိုးမျိုးခေါ်ဝေါ်မှုရှိပါသည်။(၂)သံပုရာသီးအထက်တင်ပြပါအတိုင်းခရုခွံမှုန့်နှင့်သံပုရာ
ရောစပ်သောက်ခြင်း၊ခရုခွံမှုန့်နှင့်သံပုရာရည်ရောစပ်၍ဆီးစပ်တွင်လူးပေးခြင်းဖြစ်ပါသည်။တောနေပြည်သူတို့ဆီးအောင့်ကျောက်တည်ဝေဒနာခံစားရပြီးဆေးရုံဆေးခန်းပြသရန်ခက် ခဲသူတို့အတွက်ရည်စူးမိပါ၏။ဆေးနည်းပေးသောနတ်မော်ကယ်ဆရာတော်ကြီးအားဦးခိုက်လျက်