ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်ရဲ့အုပ်ဂူလေးပေါ်မှာ ကိုရင်လေးတစ်ယောက်ရှိနေတယ်မနေ့ည ၈နာရီကျော်ကျော်လောက်က ကျနော်လက်ဖက်ရည်သောက်ဖို့ သောက်နေကျ ဆိုင်ထဲကို ဝင်လိုက်တယ်ထိုင်ခုံက မရှိတော့

ကိုရင်လေးထိုငိနေတဲ့စားပွဲမှာပဲဝင်ထိုင်လိုက်တယ်စားပွဲထိုးကောင်မလေးကကျနော့်အတွက်လက်ဖက်ရည်ခွက်ချပေးနေတုန်းကိုရင်လေးကမေးလိုက်တယ်ဒကာမလေးးကိုရင်မှာထားတာကြာပီလေမရသေးဘူး

ကျနော်လည်းးမနေနိုင်မထိုင်နိုင်မေးလိုက်မိတယ်ကိုရင်ကဘာမှာထားတာလဲလို့ချိုစိမ့်နဲ့ပဲနံပြားမှာထားတာအဲဒါနဲ့ ကျနော်လည်းးပြန်မေးလိုက်တယ်ကိုရင်က ဒီအချိန်စားလို့မရဘူးလေ ဆိုတော့မဟုတ်ဘူးးအမေ့

အတွက်တဲ့အခုထိမရသေးဘူးအမေကမျှော်နေတော့မှာပဲသူကပြန်ဖြေတော့ကျနော်သောက်တဲလက်ဖက်ရည်ဖိုးရယ် ကိုရင် ဟာရယ် ပေါင်းရှင်းလိုက်တယ်ပြီးတော့ တပည့်တော် ကိုရင့်အမေဆီကို လိုက်ပို့ပေးပါ့မယ်

တပည့်တော်မှာ ဆိုင်ကယ်ပါ ပါတယ်ဘုရားလို့ပြောပီးးလိုက်ပို့ပေးလိုက်တယ်ကိုရင်က သူ့အမေရှိတဲ့ နေရာမြို့ရှောင်လမ်းဘက်ကို မောင်းခိုင်းပါတော့တယ်မြို့ရှောင်လမ်းထဲ ရောက်တော့ ဘယ်ဘက်ကို ချိုးဝင်ခိုင်းတယ်

ပြီးတော့ သင်္ချိုင်းကုန်းထဲ ဝင်ခိုင်းတယ်ဗျာကျနော် တော်တော်လန့်သွားတယ်ညက ၈နာရီ ကျော်ပီလေသင်္ချီုင်းကုန်းဆိုတာ တိတ်ဆိတ်နေတာ ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်ဒါပေမယ့် ကျနော် ကြောက်စိတ်ကို

ဖယ်ပြီးတော့ သင်္ကန်းခြုံထားတဲ့ ကိုရင်လည်း ပါတယ်ဆိုပီး အားတင်းဝင်လိုက်တယ်အဲဒီမှာ ကိုရင်ကဆင်းပီး ဓါတ်မီးလေးနဲ့ ဟိုကြည့် ဒီကြည့် ကြည့်ပြီး အုပ်ဂူလေးးတစ်လုံးပေါ် တက်ထိုင်ပြီးအမေ အမေကြိုက်တဲ့ ချိုစိမ့်

ရယ် ပဲနံပြားရယ် သားလာပို့တာပါ သားကို ခွင့်လွှတ်ပါ အမေရယ်တဲ့အမေ မသေခင်တုန်းကမပြုစုခဲ့ရတာတွေသားအခုမှ ယူကြုံးမရ ဖြစ်နေပြီ အမေရယ် တဲ့အဲလိုတွေ ပြောပြီးတော့ ကိုရင့်က အဲ့ဒါ ကိုရင့် အမေရဲ့အုပ်ဂူ

လေးပဲ တဲ့မသေခင်တုန်းက လုပ်မကျွေးနိုင်ခဲ့လို့ အခုလာပို့တာပါလို့ သူပြောတဲ့ စကားနားထောင်းရင်ကျနော် သူ့ကျောင်းထိ ပြန်လိုက်ပို့ပေးလိုက်ပါတယ်ကျနော် သံဝေဂ တစ်ခု ရလိုက်တယ်သူတောင် သေသွားတဲ့ မိခင်ကို

သင်္ချီုင်းကုန်ထိ လိုက်ကျွေးနေသေးတာငါတို့က အခုအသက်ရှိနေတဲ့ မိခင်ကို ပိုတောင် ဂရုတစိုက် ကျွေးသင့်တယ်ဆိုတဲ့ အသိတရား ရလိုက်ပီလေကိုယ့်ကို မွေးပေးတဲ့ မိခင်ဆိုတာ တစ်သက်လုံး တစ်ယောက်ပဲ ရှိတာမို့

အစားထိုးးမရတဲ့ အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်ကိုအသက်ရှင်နေတုန်းလုပ်ကျွေးသမှုပြုကြရင်းနဲ့ကျေးဇူးးဆပ်ကြရအောင် သူငယ်ချင်းတို့ရေအခုတော့ကျနော်ရယ် ကိုရင်ရယ် သင်္ချိုင်းက ငြိမ်သက်နေတဲ့ အုပ်ဂူလေးးရယ်တောင်ပံနီ လူလေးcredit