အိမ်တိုင်းအိမ်တိုင်းမှာမုရိုးပင်တပင်လောက်တော့စိုက်ထားသင့်တဲ့အကြောင်းအရင်းအရိုးတစ်ချောင်းမှာအရွက်ကတစ်ဖက်တစ်ချက်ထွက်ပြီးအကိုင်းဖျားအထိအရွက်ကအစိမ်းရောင်ရင့်ရင့်၊အမွှေးနုပါတဲ့ဖက်ကအဖြူရောင်ဖက်ကို

နဲနဲယိမ်းပါတယ်အသီးကစိမ်တစ်လုံးသရက်လိုပုံသဏ္ဌာန်ရှိတယ်ဒါပေမဲ့အထဲမှာက လေအပွသီးဝတ်ဆံအနက်နဲ့၊အမွှေးမျှင်မျှင်တွေ လေမှာပျံပြီးမျိုးပွားတယ်ACIDဓါတ်များပါတယ်ကျွဲမရိုးလည်း ခေါ်တယ်တောင်မရိုးပင်လည်းခေါ်တယ်အညာဒေသမှာတော့

မရိုးပင်လို့ ခေါ်ပါတယ်ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်ရခိုင်ဒေသမှာမုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ငဖြူကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ)အပင်လို့ ခေါ်ပါသည်။

ဆေးနည်းများ(၁)ဒူးနာခါးနာဖြစ်ရင်အရွက်ကိုရေနဲ့ သေချာဆေးပါပြီးတော့အရွက်ကိုမီးကင်ပြီး၂ည၃ညပတ်စီးပေးရင်ယူပစ်သလို ပျောက်ပါတယ်(၂)လေးဘက်နာပျောက်တယ်အပင်ရောအမြစ်ပါမကျန်နူတ်ပြီးအိုးထဲမှာထည့်

အပေါ်ကနေ ဆေးရွက်ကြီးအုပ် ရေထည့်ပြုတ်ပါအဲဒီရေကိုချိုးပေးပါ။ နောက်တနည်းကတော့မရိုးအမြစ်နဲ့ဆန်ဆေးရည် သွေးပြီးလိမ်းရင်လည်းအဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်(၃) ခြေထောက်ခေါက်လဲလို့မျက်သွားပြီး

ယောင်ကိုင်းနေရင်မုရိုးစေးကိုအသာလေးပွတ်လိမ်းပေးပြီးအရွက်ကိုမီးကင်လက်လေးနဲ့အသာလေးချေအပြန့်လိုက်ကပ်ပြီးပိတ်စနဲ့စည်းထားလိုက်ပါ(၄)ကြွက်နို့ကိုဖြတ်ပြီးအစေးနဲ့တို့ထားရင်အမြစ်ပါစားပြီးကျင်းခွက်လိုဖြစ်သွားတယ်

ပြီးတော့ ပျောက်သွားတယ်ငါးမျက်စိ ပေါက်နေသူများမုရိုးရွက်ကိုချိုးလိုက်တဲ့အခါ ထွက်လာသောအစေးနဲ့ခဏခဏတို့ပေးပါအလိုလိုထွက်ကျလာမည်(၅)ခြေထောက်မှာဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်ကြက်ဆူးထည့်သွားပြီဆိုရင်

ခဲနင်းမိပါကအမလေးတရတဲ့အနာပါအနာထိပ်ကို ဓားနှင့်လှီးပြီးအစေးကိုသုတ်လိမ်းပေးပါက ပျောက်ပါသည်။(၆)အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင်မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ဝမ်းဗိုက်ကိုမုရိုးစေးနှင့်

ဆနွင်းမှုန့်ဆတူရောစပ် လိမ်းပေးပါကတဖြည်းဖြည်းသေးငယ်ပြီးသက်သာပျောက်ကင်းစေပါတယ်ဓမ္မတာမမှန်တာ သွေးမပေါ်တာဆိုရင်အရည်ညှစ်ပြီး နှစ်ခေါင်းထဲကိုတစ်စက်ဆီထဲ့ပေးပါ။ သွေးချက်ချင်းဆင်းပါတယ်(၇)ပန်းနာ ရင်ကြပ် ရောဂါ ပျောက်ပါတယ်

မရိုးပင်ကို၃လက်မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါမီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီးအနယ်ထိုင်ရင်အရေကြည်ကိုဆားချက်ပါမုရိုးကြီးရုက္ခမူဆားရမယ်အဲဒီဆားတစ်ပဲသားကိုပျားရည်တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

(၈)ဆူးစူးပြီးဆူးကိုထွင်လို့မရတဲ့အခါဒီအပင်ရဲ့အစေးကိုထည့်လိုက်ပါနာရီအနည်းငယ်ကြာတဲ့အခါဆူးကသူ့အလိုလိုအပြင်ကိုထွက်လာပါတယ်ဆူးစူးပြီးအနာဝပိတ်သွားလို့ဆူးကျန်ပြီးအထဲကနာနေလျှင်လည်းအနာဝကိုဖွင့်ပြီးအစေးချ

အရွက်မီးကင်ကပ်လိုက်တာညောင့်ထွက်လာပါတယ်ခြေထောက်မှာဆူးစူးလို့ရှာမရဖြစ်နေရင်အစေးကိုအနာဝပေါ်တို့ပြီးအရွက်ကိုမီးကင်ကပ်ရင်ဆူးထွက်ပါတယ်ပတ်တီးဖွဖွလေးစည်းထားရင်လည်အဆင်ပြေပါတယ်ကန္တာရဆူးစူးပြီး

တော်တော်နာနေတာအပ်နဲ့ကော်ထုတ်လဲမရပါ။အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ကပ်လိုက်တာ နောက်နေ့အနာကိုညှစ်လိုက်တော့ဆူးပါသွားတယ်(၉) ချောင်းဆိုးတီဘီအဆုတ်နာမုရိုးရွက်တစ်ရွက်၊ကွမ်းရွက်တစ်ရွက်

ဆားအနည်းငယ်ထည့်ပြီး ပြာချပါအဲဒီပြာကိုလျှက်ဆားလိုတစ်နေ့အနည်းငယ် လျှက်ပေးပါ ပျောက်ပါတယ်(၁၀)အနာစိမ်းမွှေးကျွတ်နာအနာလုံးများပေါက်ရင်အနာပေါ်မှာအရွက်ကိုမီးလေးပြပြီးကပ်ထားပါကအလျှင်အမြန် ပျောက်ကင်းပါသည်။

(၁၀)ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကိုမရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲထည့်ပေးပြီး၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များထွက်လာကာသက်သာ-ပျောက်ကင်းပါသည်ထိတ်ခတ်နာကိုအရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍မီးရှို့ပြီးရှူပါ။

ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်ထိပ်ကပ်နာနားခေါင်းယားလျှင်အရွက်ကို ချေပြီးရှူပေးပါမရိုးရွက်ကိုအခြောက်လှမ်း ဆေးလိပ်တွင်ထည့်ကာမီးခိုးကိုရှူပါကနှာရည်များကျကာ ပွင့်သွားပါသည်တစ်သက်လုံးမယားတော့ပါ

နှာခေါင်းပိတ်(ထိပ်ကပ်နာ)အသက်ရှူကြပ်ရောဂါရှိသူများမရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ညှစ်ထည့်ပါ။ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှအဝါရောင်အညစ်ကြေးများ ထွက်လာပြီးလုံးဝကောင်းသွားပါမည်။

ဆေးလိပ်အသောက်များသူများမရိုးအရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်းခဏခဏပိတ်ရင်မုရိုးရွက်အခြောက်ကိုမီးခဲပေါ်တင်ရှူပါကသက်သာတယ်။

မုရိုးခေါ်မရွေးတစ်နည်း ဖြူကြီးရွက်၇ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါထပ်ပြီးရင်ကတော့ထိုးပါကတော့ထဲမှာ ဆားထည့်ပြီးမီးဖြင့်ဖုတ်ပါရလာသောဆားမီးဖုတ်ကိုတစ်နေ့သုံးကြိမ် ရွေးစေ့ငယ်ခန့်လျှက်ပေးပါကပန်းနာရင်ကြပ်လုံးဝအမြစ်ပြတ် ပျောက်ပါတယ်တစ်လလောက်သီးခံလျှက်ပေးပါ။

(၁၁)အစာအိမ်ရောဂါ ဖြစ်ပါကမုရိုးရွက်တစ်ရွက်ကိုအရင်းအဖျားစတိပယ်ပါ ရှောက်ရွက်ခုနစ်ရွက်၊အိမ်သုံးဆားခုနစ်ကျပ်သား ရောပြီးအိုးထဲထည့်အလုံပိတ်မီးဖုတ်။ ပြာကျသွားပါကအစာစားပြီးတိုင်းလျှက်ပေးပါ။ ပျောက်ကင်း၏။

(၁၂)သွားကိုက်ရင်သွားအခေါင်းထဲကိုဂွမ်းစလေးနဲ့သူ့အစေးကိုတို့ပြီး သိပ်ထားပါခဏနဲ့ ပျောက်ပါတယ်သွားအခြေကိုအစေးတို့ပြီးငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင်အလွယ်တကူ ကျွတ်ပါတယ်အသံမထွက်တဲ့လူများ

အသံထွက်လာပါလိမ့်မယ်။ ဆေးနည်းကတော့အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကိုမီးကင်ပါ။ ပြာဖြစ်အောင်ကင်ရမှာပါအဲဒီကင်ပြီးသား အရွက်ကိုအမှုန့်ကြိတ်ပြီးပျားရေနဲ့နယ်ကာလက်ဖက်စားဇွန်းနဲ့

တစ်နေ့သုံးကြိမ်နံနက် နေ့ညနေစားပေးပါ၃လကြာရင်အသံထွက်လာပါမယ်(မွေးရာပါစကားမပြောနိုင်တဲ့လူများမပါပါမြင်းစဂုံနီမြစ်မရိုးမြစ်မိုးနံမြစ်တို့ကို သွေးပြီးလိမ်းပါကအနာမျိုးစုံပျောက်ပါသည်သံနဲ့ထိခိုက်မိရင်ချက်ချင်းသူရဲ့အစေးအဖြူရောင်ကိုအနာမှာထည့်ပါ