ဆေးဖက်ဝင်ဂျူးမြစ်ရဲ့အာနိသင်၁။ပန်းသေပန်းညှိုးရောဂါဖြစ်လျှင်ဂျူးမြစ်ကို နွားနို့နှင့်ကျိုချက်၍စားပါ၂။အိမ်မက်သုက်လွှတ်ရောဂါဖြစ်လျှင်ဂျူးမြစ်ကိုအရည်ညှစ်ယူပြီး ဟင်းစားဇွန်တစ်ဇွန်းပျားရည်တစ်ဇွန်၊ နွားနို့တစ်ဖန်ခွက်တွင် ရောစပ်၍ သောက်ပါ

၃။ပန်းညှိုးရောဂါဖြစ်လျှင်ဂျူးမြစ်ကိုနံ့သာဖြူဆီဖြင့်စိမ်ထားပြီးလိမ်းကျံပေးပါ၎။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လျှင်ဂျူးမြစ်ကို ရေနွေးဖြင့် ပြုပ်ပြီးမတ်ခွက်တစ်လုံး နေ့စဉ်သောက်သုံးပါကသက်သာစေနိုင်သည်၅။ နှလုံးကြောင့်ဖြစ်သောအမောရောဂါအတွက်

ဂျူးမြစ်ပြုပ်ရည်တွင်ပျားရည်သင့်ရုံထည့်၍ သောက်သုံး ပေးခြင်းဖြင့်သက်သာစေနိုင်သည်၆။အစာအိမ်အနာပေါက်လျှင်ဂျူးမြစ်ကို ပြုပ်ပြီးသကြားနှင့် ရော၍စားပေးပါ၇။အစာမကြေရောဂါဖြစ်လျှင်ဂျူးမြစ်ကိုအတို့အမြှုပ်ပြုလုပ်၍စားပေးခြင်းဖြင့်အစာကြေစေနိုင်သည်။

၈။ ခြေတုန်လက်တုန်ရောဂါနှင့်သက်ကြီးသူငယ်ပြန်ရောဂါများမှကာကွယ်စေရန်အတွက်ဂျူးမြစ်ကို ဖျော်ရည်ကဲ့သို့ နေ့စဉ် သောက်သုံးပေးနိုင်သည်သုက်လွန်ရောဂါအိမ်မက်သုက်လွှတ်ရောဂါသွေးဖိအားတိုးရောဂါနှလုံးသွေးကြောဆိုင်ရာရောဂါအရိုးပါးရောဂါ

သက်ကြီးသတိမေ့ရောဂါအယ်ဇိုင်းမားအဆုတ်နှင့်အစာအိမ်အူလမ်းကြောင်းအကျိတ်ကင်ဆာရောဂါများကိုကာကွယ်ကုသရန် ဆေးဖက်ဝင်အသုံးပြုသည်အရသာနှင့်အကျိုးသွားမှာပူခါး၍စပ်ဖျဉ်းဖျဉ်းအရသာရှိသည်ပူ၍ဝမ်းမီးတောက်စေသောသတ္တိရှိသည်ဂုဏ်နှင့်စွမ်းရည်မှာစာလောင်မွတ်သိပ်စေသည်

အစာအိမ်ကို နှိုးဆွပေးသောသတ္တိရှိသည်အစာကိုလည်း ကြေစေသည်ဝမ်းကြောတင်းရောင်ခြင်းကို ပျောက်ကင်းစေသည်ပိုးနှင့်အဆိပ်ကိုနိုင်သည်ဆီးဝမ်းကိုရွှင်စေသည်အသဲရောင်ရေဖျဉ်း၊ နှလုံးရောင်၊ နှလုံးကြီး ရောဂါများကို ကောင်းစေနိုင်သည်သုက်ယိုစီးသောရောဂါသုက်လွှတ်ရောဂါများအတွက် ပျောက်ကင်းစေနိုင်သည်