ဆံပင်အရှည်မြန်ချင်သူများအတွက်သိထားရမည့်အချက်များဆံပင်အရှည်မြန်ချင်သူများအတွက်သိထားရမည့်အချက်များဆံပင်ကလူတစ်ယောက်ရဲ့ဒုတိယမျက်နှာလို့လည်းပြောလို့ရပါတယ်အသားအရေကိုဂရုစိုက်သလို ဆံပင်ကိုလည်းဂရုစိုက်သင့်ပါတယ်ဆံပင်ကျွတ်တာပါးလာတာကြမ်းတာပျက်စီးတာတွေဟာသူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး

မိမိရဲ့အမှားတွေကြောင့်ဖြစ်လာရတာပါဒီအမှားတွေကိုလည်းအများစုဟာမသိဘဲပုံမှန်လုပ်ဆောင်နေရင်းဆံပင်ကတဖြေးဖြေးနဲ့ပျက်စီးလာရပါတယ်၁။ခဏခဏခေါင်းဖြီးခြင်းဆံပင်ကို သပ်သပ်ရပ်ရပ်လေးဖြစ်ချင်လို့ခဏခဏခေါင်းဖြီးတာကိုနားလည်ပါတယ်အချို့မိန်းကလေးတွေဆိုရင်ဘာမဆိုင်၊ညာမဆိုင်အားတိုင်းကိုဘီးဖြီးနေတတ်ပါတယ်ဒီလို

ဆံပင်ကိုခဏခဏခေါင်းဖြီးခြင်းကဆံပင်ကို အားနည်းအောင် လုပ်နေသလိုပါပဲ၂။ခေါင်းခဏခဏလျှော်ခြင်းခဏခဏခေါင်းလျှော်တဲ့အခါဆံပင်အတွက် လိုအပ်တဲ့ဆီတွေ မရှိတော့ဘဲ နည်းပါးလာပါတယ်တကယ်လို့ အဲ့လိုလျှော်တတ်တဲ့အကျင့်ကိုမဖျောက်နိုင်ဘူးဆိုရင်တော့

ဗီတာမင်အီးလို ဆီလိမ်းပေးဖို့တော့လိုပါမယ်ကိုယ့်ရဲ့ ဦးရေပြားဆံပင်ပေါ်မူတည်ပြီးတစ်ပါတ်ကို၃ကြိမ်အထိခေါင်းလျှော်လို့ရပါတယ်၃။ဆံပင်စိုနေချိန် ကြမ်းတမ်းစွာသုတ်ခြင်းဖြီးခြင်းခေါင်းလျှော်ပြီး စိုနေတဲ့အချိန်မှာ သဘက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်း ခေါင်းဖြီးခြင်းအပူပြင်းပြင်းဖြင့် ခြောက်သွေ့အောင်လုပ်ခြင်း

တွေကို ရှောင်ပါအနည်းငယ်ခြောက်သွားတော့မှခေါင်းဖြီးခြင်းကိုပြုလုပ်သင့်ပါတယ်ဆံပင်အစိုကြီးကိုသဘက်ဖြင့်ဖုံးအုပ်ထားတာမျိုးတွေမပြုလုပ်သင့်ပါဘူးနော်။၄။ConditionerကိုShampooလိုသုံးခြင်းပျော့ဆေး(conditioner)ကို ခေါင်းလျှော်ရည်လိုအများကြီသုံးစရာလုံးဝမလိုပါဘူးအများကြီးအသုံးပြုခြင်းကကြာလာတဲ့အခါမှ

ာဦးရေပြားကိုအဆီပိုထွက်စေပါတယ်conditionerကိုခေါင်းတစ်ခုလုံးကိုလိမ်းစရာမလိုဘဲဆံပင်အဖျားတွေကိုသာလိမ်းပေးရမှာပါ၅။Conditionerမသုံးခြင်းအပေါ်မှာ ပြောခဲ့သလို အလွန်အကျွံသုံးစွဲခြင်းက မကောင်းသလို လုံးဝမသုံးဘဲလည်း မနေသင့်ပါဘူးဆံပင်ကိုအစိုဓါတ်ဖြည့်ပေးခြင်းနဲ့ပျက်စီးခြင်းတွေမဖြစ်စေဖို့ခေါင်းလှျှော်ပြီး

တိုင်းconditionerသုံးသင့်ပါတယ်၆။ရေပူဖြင့်လျှော်ခြင်းရေပူဖြင့် ခေါင်းလျှော်ခြင်းကဆံပင်မှာရှိတဲ့ အဆီတွေကိုခမ်းခြောက်သွားစေပြီးဆံပင်ပျက်စီးစေနိုင်ပါတယ် ဆံပင်သန်စွမ်းမှုနှင့်အရောင်အသွေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် ရေပူဖြင့်ခေါင်းလျှော်တတ်တဲ့သူတွေ သတိထားသင့်ပါတယ်နေ်၇။သာရေကွင်းဖြင့်စီးခြင်းဆံပင်မခြောက်ခင်အချိန်မှာ

သာရေကွင်းနဲ့ ခေါင်းစီးတာမျိုးလုံးဝမလုပ်ပါနဲ့ဆံပင်ပုံစံကိုပါ ထိခိုက်ပျက်စီးလာနိုင်ပါတယ်လိုအပ်ရင်ကလစ်ကိုသာအသုံးပြုပေးပါ။၈။အပူခံပစ္စည်းများမသုံးခြင်းဆံပင်ဖြောင့်တာကောက်တာdryerခဏခဏမှုတ်တတ်တဲ့သူတွေဆိုရင် အဲ့ဒါတွေအကုန်လုံးမလုပ်ခင်မှာအပူခံစပရေးလိုပစ္စည်းလေးတွေကို

အသုံးပြုသင့်ပါတယ်အပူတွေကဆံပင်ကိုဘယ်လောက်ပျက်စီးစေလဲဆိုတာသိပြီးသား ဖြစ်မှာပါနော်ဆံပင်ပျက်စီးမှုနည်းနိုင်သလောက်နည်းအောင်အပူနဲ့ထိတော့မယ့်အခါအပူခံစပရေးလေးတွေကိုသုံးပေးဖို့တော့လိုပါမယ် credit (ရွှေအင်းလေး)