ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက်တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင်ဒီလိုလုပ်ပါဆံပင်က ဒုတိယမျက်နှာဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ဆံပင်ပုံစံကကိုယ်နဲ့မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိပါပဲ။
ဆံပင်အရှည်ထားချင်ပေမယ့် စိတ်မရှည်တဲ့ သူတွေအနေနဲ့ တစ်လအတွင်း ဆံပင်ရှည်လွယ်ပြီး တောက်ပြောင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်
(၁)မကြာခဏအဖျားတိပေးပါဆံပင်အဖျားလေးတွေကို မကြာခဏတိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့အစိတ်အပိုင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆံပင်ကိုကျန်းမာတောက်ပြောင်တဲ့ အသွင်မျိုးကို ဖြစ်စေပါတယ်
(၂) သဘာဝအသီးအနှံတွေနဲ့ ပေါင်းတင်ပါ”ဆံပင်ရှည်လွယ်ချင်သူတွေအနေနဲ့ သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်တဲ့နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။
ကြက်သွန်နီတစ်လုံးကို အတုံးလေးတွေဖြစ်အောင် ကြိတ်ပြီး အရည်ညှစ်ပါရလာတဲ့အရည်ကို သံလွင်ဆီအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။
ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာ ရှည်လာတာကို တွေ့ရပါလိမ့်မယ်(၃) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေးတာက ဆံသားခြောက်သွေ့တာ၊
ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင်ကာကွယ်ပေးပြီး ဆံပင်ပိုရှည်အောင် အားပေးပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်း ဆံပင်ပေါင်းဆေးကို မဖြစ်မနေ အသုံးပြုပေးပါ(၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ
ဆံပင်ရှည်လွယ်ချင်သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက်အပူမထိအောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစင်အောင်သုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက အကောင်းဆုံးပါပဲ
အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို သေသေချာချာလိုက်နာပြီး လုပ်ပေးမယ်ဆိုရင် တစ်လအတွင်း ဆံပင်အရှည် မြန်လာတာကို တွေ့ရပါလိမ့်မယ်နော်လေးစားစွာဖြင့်ခရက်ဒစ်