ဓာတုဆေးသုံးပြီးအပူပေးပြီးဆံပင်ဖြောင့်ခြင်းကပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင်ဆံသားကိုပြောင်းသွားစေတာမျိုး၊ဆံပင်တွေအရမ်းကျွတ်ပြီးပါးသွားတာမျိုး

တွေဖြစ်စေတာကြောင့်ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော်ဒီတော့ဓာတုဆေးမသုံး၊ဖြောင့်စက်မလိုဘဲသဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင်လုပ်နိုင်မယ့်နည်း

လမ်းကောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်၁ကြက်ဥအကာနဲ့ဒိန်ချဉ်ကြက်ဥအကာတစ်လုံး၊ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီးဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါနာရီဝက်

ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီးခေါင်းပြန်လျှော်ပေးလိုက်ကာသဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါခြောက်သွားတဲ့အခါဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့သဘာဝအတိုင်း

ဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်၂ငှက်ပျောသီးနဲ့ပျားရည်ငှက်ပျောသီးမှည့်တစ်လုံးပျားရည်တစ်ဇွန်းတို့ကိုသမအောင်မွှေလိုက်ပြီးဆံပင်အနှံ့လိမ်းပေးပါမိနစ်နှစ်ဆယ်

လောက်ထားပြီးရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါသဘာဝအတိုင်းအခြောက်ခံပြီးဘီးလေးနဲ့ဖြီးပေးလိုက်ရင်ဆံပင်လေးတွေဖြောင့်စင်းသွားပြီးအစိုဓာတ်လည်းပြည့်ဝလာပါလိမ့်

မယ်၃အုန်းဆီနဲ့ပျားရညအုန်းဆီနှစ်ဇွန်းနဲ့ပျားရည်နှစ်ဇွန်းဆတူရောပြီးဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီးရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီး

သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါဆံပင်သားလေးတွေ သိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်။၄အုန်းနို့နဲ့လိမ္မော်ရည်အုန်းနို့အနည်းငယ်ကိုခွက်ထဲထည့်

ကာလိမ္မော်သီးတစ်လုံးကိုအရည်ညှစ်ထည့်လိုက်ပါရလာတဲ့အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး၁၅မိနစ်လောက်ထားကာရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါဆံပင်

လေးတွေဖြောင့်စင်းသွားပြီးလိမ္မော်ရည်မှာပါဝင်တဲ့ဗီတာမင်စီအစွမ်းကြောင့်ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်Credit