ချင်းဂျင်းဆိုတာဟာကျန်းမာရေးအတွက်သဘာဝဆေးဝါးတစ်မျိုးလို့ ပြောလို့ရပါတယ်ဂျင်းမှာဗီတာမင်minerals,
antioxidants,essential oilsနဲ့amino acids တို့ပါဝင်ပါတယ်ရှေးလွန်ခဲ့တဲ့နှစ်ပေါင်း

များစွာတည်းကဂျင်းကိုသဘာဝဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် သုံးလာခဲ့တာဟာယနေ့အထိပါအစာမကြေအအေးမိ၊ဖျားနာတာ၊နှာစေးချောင်းဆိုးအစရှိတဲ့ရောဂါတွေကိုသက်သာပျောက်ကင်းစေပါတယ်ဒါပေမယ့်ဂျင်းကိုဆံကေသာ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အလှအပအတွက်အသုံးပြုလို့ရတာကိုတော့လူတိုင်းသိချင်မှသိမှာပါဆံပင်အရှည်မြန်ချင်သူတွေဆံကေသာ တောက်ပသူတွေအတွက်ဂျင်းရဲ့အသုံးဝင်ပုံကို ပြောပြပေးချင်ပါတယ်ဂျင်းမှာ ဆံပင်ကိုအရှည်မြန်စေ၊ကျန်းမာတောက်ပစေတဲ့

အစွမ်းရှိပါတယ်ဒါ့အပြင်ဗောက်ပြဿနာကိုပါ ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်ဂျင်းhair treatment ပြုလုပ်ပုံအဆင့်ဆင့်ကိုပြောပြချင်ပါတယ်ပါဝင်ပစ္စည်းတွေကတော့ဂျင်းတစ်တက်၊ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သံလွင်

ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းပါဂျင်းကိုအရင်ခြစ်လိုက်ပါပြီးရင်တော့ပျားရည်၊သံလွင်ဆီတို့နဲ့ရောပါရောပြီးနောက်သေချာနှံ့အောင်မွှေပြီး(၃)မိနစ်(၄)မိနစ်လောက်ခဏနှပ်ထားပေးပါပြီးရင်တော့ဆံပင်ကိုရေစွတ်ပါ။စိုနေတဲ့ဆံပင်မှာလိမ်းပေးပါ

ခေါင်းစွပ်နဲ့စွပ်ပြီးနာရီဝက်လောက်ကြာအောင်ထားပေးပါပြီးရင်တော့ဆံပင်ကိုပုံမှန်အတိုင်းပဲခေါင်းလျှော်ပစ်လိုက်ပါဒီနည်းကိုတစ်ပတ်မှာတစ်ကြိမ်လောက်ပြုလုပ်ပေးခြင်းအားဖြင့်သန်စွမ်းတောက်ပတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်