ဆံကေသာကို(၁၀)ရက်အတွင်းပြန်လည်သန်စွမ်းစေမယ့်နည်းလမ်းလေးတွေဆံကေသာဆိုတာကျွန်မတို့မိန်းကလေးရဲ့ဒုတိမျက်နှာပါပဲအလှအပဆိုရာမှာဆံကေသာ၏ကောင်းခြင်းကိုမေ့ထားလို့ရမယ်မထင်ပါဘူးကျွန်မတို့ရဲ့ဆံသားတွေဟာ

ကိုယ်နေ့စဉ်ထိတွေ့နေရတဲ့ဓာတုပစ္စည်းတွေကြောင့်ကြမ်းတမ်းပျက်စီးနေတာလူတိုင်းအသိပါပဲဆံကေသာကို၁၀ရက်အတွင်းပြန်လည်သန်စွမ်းစေမယ့်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးပါမယ်၁။စားသုံးပေးသင့်တဲ့အစားအစာတွေ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁၀ရက်အတွင်းသံဓာတ်ပရိုတင်းဓာတ်၊သတ္တုဓာတ်၊အိုမီဂါ၃ဖက်တီးအက်ဆစ်စတဲ့အဟာရဓာတ်တွေပါဝင်တဲ့အစားအစာတွေကိုစားသုံးပေးပါအစားအဟာရဟာဆံကေသာကောင်းခြင်းအတွက်အရေးပါပါတယ်၂။ဦးရေပြားကို

နှိပ်ပေးမယ်။ဦးရေပြားကိုခေါင်းမလျှော်ခင်ခပ်ဖွဖွလေးနှိပ်ပေးတာဟာဆံကေသာကိုကျန်းမာသန်စွမ်းစေပါတယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအတိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်အုန်းဆီ(သို့)သံလွင်ဆီလိမ်းပြီးနှိပ်ပေးရင်

လည်းကောင်းမွန်ပါတယ်၃။အဖျားလေးတွေကိုတိပေးမယ်ဆံကေသာအဖျားလေးတွေကိုတိပေးပါဆံကေသာအဖျားလေးတွေခြောက်သွေ့ကြမ်းတမ်းနေရင်ညှပ်ပစ်ဖို့နှမျော်မနေပါနဲ့၄။စိတ်ဖိစီးမှုလျှော့ချမယ်စိတ်ဖိစီးမှုလျှော့ချစေဖို့

အသက်ရှုလေ့ကျင့်ခန်းတွေ၊ကမ္မဌာန်းထိုင်တာတွေမျိုးလုပ်ပေးသင့်ပါတယ်စိတ်ဖိစီးမှုကိုလျှော့ချပေးတာဟာဆံကေသာကိုကျန်းမာသန်စွမ်းစေပါတယ်၅။သဘာဝနည်းလမ်းနဲ့ပေါင်းတင်မယ်ဆံကေသာကျန်းမာသန်စွမ်းစေဖို့ဒိန်ချဉ်၊ကြက်ဥ

ပျားရည်စတဲ့သဘာဝပစ္စည်းလေးတွေနဲ့ပေါင်းတင်ပေးသင့်ပါတယ်ရှောင်ရမယ့်အချက်တွေကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေရှောင်မယ်ဆံပင်ကောက်တာဖြောင့်တာပုံသွင်းတာဆံပင်အခြောက်ခံစက်မှုတ်တာ၊နေရောင်ချည်ပြင်းပြင်းနဲ့တိုက်ရိုက်ထိတွေ့တာရှောင်မယ်ဓာတုပစ္စည်းတွေအသုံးမပြုဘဲသဘာဝခေါင်းလျှော်ရည်သုံးမယ်