ဆံပင်ပေါင်းတင်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကို ဒါလေးတွေရောစပ်ထားလိုက်ပါဆံပင် နှစ်ခွဖြစ်ခြင်းဆံသားပျက်စီးခြင်းနဲ့ ဆံပင်အရောင် မွဲခြောက်ခြောက်ဖြစ်ခြင်းစတာတွေကမကြာခဏဆံပင်ပုံစံ
ပြောင်းလဲသူတွေကြုံတွေ့ရတဲ့ပြသနာရပ်တွေပါဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်၊အရောင်ဆိုးလိုက်နဲ့အမျိုးမျိုး ပြုလုပ်နေတာကြောင့်ဆံသားများ ပျက် စီးရတာပဲဖြစ်ပါတယ်ဆံပင်ပေါင်းတင်ဖို့အတွက်အချိန်သီးသန့်ပေးပြီး
အလုပ်ရှုပ်ခံစရာမလိုဘဲ ခေါင်းလျှော်လိုက်ရုံနဲ့အကျိုးထူးရရှိနိုင်မယ့်နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကိုဆံသားကျန်းမာလှပစေတဲ့ သဘာဝပစ္စည်းများကို ရောစပ်အသုံးပြုလိုက်ရုံနဲ့
ဆံပင်ပျက်စီးခြင်းကိုကုသမယ့်နည်းလမ်း ကောင်းလေးပါပဲနော်။၁-ပျားရည်ဦးရေပြားခြောက်သေ့ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ဗောက်ပြဿနာကိုရှင်းထုတ်ပစ်ချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်ထဲကိုပျားရည်ရောစပ်ပြီးအသုံးပြု
ပေးပါနော်။ပျားရည်မှာပါဝင်တဲ့ဓာတ်များကဦးရေပြားဆဲလ်များကိုကျန်းမာစေတဲ့အပြင် ဗောက်ဖြစ်ပေါ်စေတဲ့ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး ဦးရေပြားအတွက်လိုအပ်တဲ့အစိုဓာတ်ကိုထိန်းညှိပေးနိုင်တာကြောင့်
ကောင်းကျိုးများစွာပြုတဲ့သဘာဝနည်းလမ်းကောင်းလေးပါပဲ။၂ရှားစောင်းလက်ပတ်အနှစ်ရည်ရှားစောင်းလက်ပတ်ကလည်းအလှအပရေးရာမှာ တကယ့်ကိုအသုံးဝင်တာကို တွေ့ရပါတယ်။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ သဘာဝဓာတ်
ပစ္စည်းများကဦးရေပြားကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ် ဒါ့ကြောင့် ဆံပင်အရှည်မြန်ချင်တယ်ဆိုရင်တော့ သင်အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကို ရှားစောင်းလက်ပတ်အနှစ်ရည်ကို ပေါင်းစပ်ပြီး အသုံးပြု
ပေးဖို့မမေ့ပါနဲ့နော်၃-သံပရိုရည်သံပရိုရည်ကိုလည်း ခေါင်းလျှော်ရည်ထဲထည့်ပြီးအသုံးပြုလို့ရပါတယ်နော်သံပရိုရည်မှာပါဝင်တဲ့သဘာဝဓာတ်များကဆံသားမွဲခြောက်ခြောက်ဖြစ်ခြင်းအတွက်အလျင်မြန်ဆုံးကုသပေး
နိုင်တာကို တွေ့ရမှာပါဆံသားအရောင်မွဲခြောက်ခြောက်ဖြစ်နေလို့သံပရိုရည်ရောစပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုအသုံးပြုမယ်ဆိုရင်ဆံပင်နက်မှောင်လှပလာတာကိုခဏအတွင်းတွေ့မြင်ရမှာပါတကယ့်ကိုကောင်းမွန်တဲ့နည်းလမ်း
ကောင်းလေးဖြစ်တာကြောင့်စမ်းလုပ်ကြည့်လိုက်ပါနော်။၎-Rose waterနှင်းဆီရေမွှေးလို့ခေါ်တဲ့ Rose Waterကိုနီးစပ်ရာစူပါမားကတ်ဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်နော်အိမ်မှာလည်းအလွယ်တကူပြုလုပ်လို့
ရပါတယ် ရေနွေးလေးထဲကို နှင်းဆီနီပွင့်ဖတ်ကလေးတွေကိုစိမ်ထားပြီးအအေးခံထားလိုက်ပါ၃နာရီခန့်စိမ်ထားပြီးရင် Rose waterကိုရရှိပါပြီဒီrose waterကို သင်အသုံးပြုနေကျ ခေါင်းလျှော်ရည်ဘူးထဲကို ရောထည့်ပြီး
အသုံးပြုနိုင်ပါတယ်Rose waterက မှိုရောဂါကြောင့် ဦးရေပြားယားယံခြင်း၊ ဆံသားခြောက်သွေ့ကြမ်းတမ်းခြင်းကို ကုသပေးနိုင်တဲ့အကောင်းဆုံးဆေးတစ်လက်ပါပဲမူရင်းရေးသားသူcrd