တစ်လအတွင်းဆံပင်ကျန်းမာသန်စွမ်းပြီးကြီးထွားမြန်စေမယ့်လျို့ဝှက်ချက်ဆံသားကျန်းမာသန်စွမ်းဖို့အတွက်ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ပျိုမေတွေကိုအကြံပေးချင်ပါတယ်တစ်ယောက်တစ်မျိုးညွှန်းနေကြတဲ့အလှကုန်တွေကြား

ဗျာမများရအောင်နည်းလမ်းကောင်းလေးတွေပေးချင်ပါတယ်(၁)ဆံကေသာအတွက်curry leavesပျဉ်တော်သိမ်ရွက်ကိုကျိုရမယ့်အပိုင်းပါပျဉ်တော်သိမ်ရွက်အနည်းငယ်ကို ရေနဲ့ပွတ်ပွတ်ဆူအောင်ပြုတ်သံပုရာတစ်လုံးကိုအရည်ညှစ်ယူ

ပြီးသကြားအနည်းငယ်ထည့်ပေးပါပျဉ်တော်သိမ်ရွက်ကအစာခြေစနစ်အတွက် အထူးကောင်းမွန်ပြီးဆံကေသာပြသနာ အတော်များများကိုကူညီ ဖြေရှင်းပေးပါတယ်ဒါကိုသောက်ပေးရမှာဖြစ်ပါတယ်၊(၂)ဆံပင်ကျွတ်ခြင်းမှကာကွယ်ဖို့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

Hair maskတစ်ခုခုပြုလုပ်ရပါမယ်ပျဉ်တော်သိမ်အနည်းငယ်ယူပြီးပျစ်ပျစ်လေးဖြစ်အောင်ကျိုလိုက်ပါအဲဒါကိုဒိန်ချဉ်နဲ့ရောစပ်ပြီးဆံပင်ကိုလိမ်းပြီးအဲဒီအတိုင်းဦးရေပြားပေါ် ၂၅မိနစ်ခန့်ထားပြီးဆံပင်ကိုခေါင်းလျှော်ရည်ပျော့ပျော့နဲ့

လျှော်ပေးပါအဲဒီအတိုင်းတစ်ပတ်၁ကြိမ်လုပ်ပေးပါကအချိန်တိုအတွင်းဆံပင်တွေရှည်ထွက်လာတာတွေ့ရပါလိမ့်မယ်ဆံကေသာကိုနက်မှောင်လင်းလက်တောက်ပြောင်စေပြီးသန်စွမ်းကျန်းမာစေမှာဖြစ်ပါတယ်၃ဆံပင်ကျွတ်ခြင်း

ကင်းဖို့ဆံပင်သန်ဆေးပြုလုပ်ရပါမယ်ပျဉ်တော်သိမ်အနည်းငယ်နဲ့အုန်းဆီကို ဇလုံတစ်ခုထဲ ပေါင်းထည့်ပါအဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါ ဆံပင်ပိုကြီးထွားမြန်စေပါတယ်ဒီနှစ်ခုကိုအနက်ရောင်အနယ်ထိုင်သွားတဲ့အထိပွက်ပွက်ဆူအောင်တည်

လိုက်ပါအနယ်ကျသွားပြီးလို့အေးလာတဲ့အခါဦးရေဖျားတစ်ခုလုံးလိမ်းပေးပါ၁နာရီကြာအောင်ထားပြီးခေါင်းလျှော်ရည်ပျော့ပျော့နဲ့ဆေးချရပါမယ်ဒီဆံပင်သန်ဆေးကိုတစ်ပတ်၂ကြိမ်စလိမ်းပြီးလို့၁၅ရက်အတွင်းအကျိုးရလဒ်ကိုမြင်

တွေ့ရမှာဖြစ်ပါတယ်ဒီအဆီကဆံပင်ကြီးထွားစေရုံမဟုတ်ဘဲဆံပင်မဖြူအောင်လည်းကာကွယ်ပေးပါတယ်ဒီနည်းလမ်းဟာဆံပင်သန်စွမ်းခြင်းနဲ့ကြီးထွားဖို့အတွက်အကောင်ဆုံးနည်းဖြစ်ပါတယ်