ဆံပင်ကျွတ်သူဆံပင်နက်ချင်သူများအတွက်အလွယ်ကူဆုံးအိမ်တွင်းကုထုံး၎ခေါက်လောက် အသုံးပြုရုံနဲ့ဆံပင်၉၅%အကျွတ်သက်သာမဲနက်သန်စွမ်းစေပါတယ်ယုမွန်အရင်ကအစာအိမ်ရောဂါအခြေနေဆိုးလို့၂နှစ်လောက်နနွင်းနေ့စဉ်၁၀လုံးသောက်ရပါတယ်အဲ့ကထဲကရှိသမျှဆံပင်တွေ
ကျွတ်တာထိပ်ပါပြောင်တဲ့အထိပါဆေးနည်းပေါင်းစုံကုခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူးထိပ်ပါပြောင်ပြီး ဆံပင်တအားကျွတ်လို့အစခံရတဲ့အထိပါခုဒီနည်းလေးကိုစမ်းသပ်တာ၎ခါမြောက်မှာတင် ခေါင်းလျှော်ရင်ဆံပင်၁၀၀ကျော်ကျွတ်တဲ့သူက
၅ပင်လောက်ပဲကျွတ်တော့ပါတယ်အစက တော်တော်ကိုအဲ့ဩခဲ့တာပါအဲ့လိုရလဒ်ရလာလိမ့်မယ်လို့တောင်ထင်မထားပါဘူးပြီးတော့မျက်ခုံးကိုပါလိမ်းတာမျက်ခုံးမွှေးတွေပါ ပေါက်လာပြီးထူထဲလာပါတယ်ရေရှည်စွဲလုပ်ရင်ဆံပင်ပေါက်လာနိုင်ပါတယ်
ယုမွန်ကတော့ဆံပင်အသစ်လေးတွေ ပြန်ပေါက်လာပါပြီ။နည်းလေးကတော့ လွယ်ကူပါတယ်ပစ္စည်း၂မျိုးသာလိုအပ်ပါတယ်၁.ထောလပတ်ရွက်။၂သံလွင်ဆီရယ်ပါသဘာဝနည်းပြုလုပ်ပုံကတော့ထောလပတ်ရွက်အရွက်၂၀(သို့)
အရွက်၃၀ခန့်ကို ရေဆေးပြီးအနံ့မပါတဲ့Tissueနဲ့ ရေစင်ကြယ်အောင် သုတ်ပေးပါပြီးရင်ဇကာ(သို့)ဗန်းအလွတ်တစ်ခုထဲကိုတစ်ခုနဲ့တစ်ခုအရွက်တွေထပ်မနေအောင် တစ်ရွက်ချင်းဆီ ဖြန့်ချထားပေးပါလေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်နဲ့မထိတွေ့တဲ့နေရာမှာ
အရွက်တွေခြောက်အောင် လှမ်းပေးပါ(PS နေပူထဲ လုံးဝမလှန်းရပါနေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ရင်အရွက်ရဲ့အာနိသင်ပျက်ပြယ်တတ်ပါသည်လေဝင်လေထွက်မကောင်းတဲ့နေရာလှန်းလျှင်လည်းအရွက်မှိုတတ်တက်ပါသည်
ဒါ့ကြောင့် လေဝင်လေထွက်ကောင်းပြီး နေမပူသောနေရာတွင်လှန်းရပါမည်အရွက်တွေကို၇ရကျ(သို့)၁၀ရက် ချေလို့ရပြီး ကြွတ်ဆတ်နေသည်အထိလှမ်းရပါမည်မှိုတတ်နေလျှင်လုံးဝမသုံးပါနှင့်အထူးသတိထားပါ)ခြောက်သွားပြီး
ချေလို့ရသည့်အနေရောက်ရင်ဖန်ပုလင်းအလွတ်တစ်ခုထဲသို့အရွက်တွေကိုမွသွားအောင် ချေပြီးထည့်ပါပလက်စတစ်ဗူးအသုံးမပြုရပါပြီးရင်ယုမွန်ပုံမှာ ပြထားတဲ့သံလွင်ဆီကို အရွက်တွေ မြုပ်ရုံသာမကအရွက်အပေါ်လက်သုံးလူံးလောက်ထိ မြုပ်အောင်ထည့်ပေးပါ
ပြီးရင် အဖုံးကိုပိတ်ပြီး ရောနှောသွားစေရန်၂မိနစ်ခန့်လှုပ်ရမ်းပေးပါအာနိသင်ထိရောက်စေရန်၁ပါတ်ခန့်စိမ်ထားပြီးမှအသုံးပြုပေးပါအသုံးပြုပြီးတိုင်းပုလင်းအဖုံးကို သေချာလေလုံအောင်ပိတ်ပါတစ်ခါ ပြုလုပ်ထားလျှင်၇လအသုံးပြုနိုင်ပါသည်
သံလွင်ဆီကုန်လျှင်ထပ်ထည့်ပြီးအသုံးပြုနိုင်ပါတယ်ခေါင်းမလျှော်ခင်ယုမွန်တို့လုပ်ထားတဲ့ အရည်လေးကိုဦးရေအနှံ့သေချာလိမ်းပြီး၁နာရီလောက်ထားပြီးမှ ခေါင်းလျှော်ချပါခေါင်းလျှော်ပြီဆံပင်ပေါင်းဆေးသုံးမယ်ဆိုရင်လည်း
ပေါင်းဆေးကိုဦးရေမထိရပါဆံပင်အဖျားနားကိုဘဲ ပေါင်းပေးရပါမယ်ပေါင်းဆေးကဦးရေထိရင် ဆံပင်ကျွတ်ပါတယ်၁ပါတ်၂ကြိမ်အသုံးပြုပေးပါ၎ကြိမ်မြောက်မှာ
သိသာတဲ့ရလဒ်ကိုတွေ့ရမှာပါဆံပင်အတွက်သာမကမျက်ခုံးကိုလည်းညအိပ်ယာဝင်တိုင်းလိမ်းပေးပါ မျက်ခုံးမွှေးများ ထူထဲနက်မှောင်ပြီး ပေါက်လာပါလိမ့်မယ်ကျားမမရွေးအသုံးပြုလို့ရပါတယ်ရှင်