ဆံသားပါးတဲ့မိန်းကလေးတိုင်းရဲ့အိပ်မက်ကဆံသားကောင်းပြီးအုံထူနေဖို့ ဖြစ်ပါတယ်ကြမ်းတမ်းပျက်ဆီးနေတဲ့ဆံပင်မျိုးကိုဘယ်သူမှမလိုချင်ကြပါဘူးဆံသားကောင်းပြီးအုံထူနေဖို့ဆိုရင် နေ့တိုင်းဆံသားကိုဂရုစိုက်ပေးနေရမှာဖြစ်ပါတယ်
ဆံပင်ပါးရတဲ့အကြောင်းရင်းတွေကတော့စိတ်ဖိစီးမှုများတာကြောင့်ဟော်မုန်းအတတ်အကျဖြစ်တာကြောင့်အာဟာရနည်းတာကြောင့်လေထုညစ်ညမ်းတာကြောင့်နဲ့မျိုးရိုးကြောင့်ဖြစ်ပါတယ်။(၁)ဦးရေပြားကို နှိပ်နယ်ပေးပါအုန်းဆီကိုဇလုံထဲထည့်ပေးပြီးနွေးသွားအောင်အပူပေးပါ
နွေးနေတဲ့အုန်းဆီနဲ့ဦးရေပြားကိုနှိပ်နယ်ပေးပါမိနစ်အနည်းငယ်လောက်နှိပ်နယ်ပေးဖို့လိုပါတယ်ညလုံးပေါက်တဲ့အထိလိမ်းအိပ်ပေးပြီးမနက်ထရင် ခေါင်းလျှော်ပေးပါဒီနည်းကတော့ဦးရေပြားရဲ့ သွေးလည်ပတ်မှုကိုလှုံဆော်ပေးပြီး
ဆံပင်သန်လာစေပါတယ်စနစ်ကျကျ ခေါင်းလျှော်ပေးပါခေါင်းလျှော်တဲ့အခါစနစ်ကျကျနဲ့ ခေါင်းလျှော်ပေးဖို့လိုပါတယ်စနစ်ကျကျ ခေါင်းလျှော်ပေးလိုက်တာနဲ့သိသာတဲ့ရလဒ်ကိုရလာမှာပါပထမအချက်ကနေ့တိုင်းခေါင်းလျှော်ရည်နဲ့
ခေါင်း လျှော်တာမလုပ်ပါနဲ့ဒီလိုလုပ်တာကဆံပင်ကိုစိုပြေစေမယ့်ဦးရေပြားကနေရလာတဲ့သဘာဝအဆီဓာတ် တွေကိုခြောက်သွေ့သွားစေနိုင်လို့ပါ နောက်တစ်ချက်ကတော့ ရေပူနဲ့ ခေါင်းလျှော်တာတွေမလုပ်ပါနဲ့၊ဒီလိုလုပ်တာက
ဆံသားကို ခြောက်သွေ့စေပြီးကြမ်းသွားစေနိုင်လို့ ဖြစ်နိုင်ရင် ရေအေးနဲ့ ခေါင်းလျှော်ပေးပါ(၃)သဘာဝအတိုင်း ခေါင်းအခြောက်ခံပေးပါ ခေါင်းလျှော်ပြီးတိုင်းသဘာဝအတိုင်း ခေါင်းခြောက်ခံတာအ ကောင်းဆုံးပါသဘာဝအတိုင်းဆိုတာ
မျက်နှာသုတ်ပဝါနဲ့ ခေါင်းသုတ်ပေးပါသဘာဝအတိုင်း ခေါင်းခြောက် ပေးတာကဆံသားအတွက်ကောင်းစေနိုင်သလိုဆံပင်သန်လာစေပါတယ်(၄)ညင်သာစွာ ခေါင်းဖီးပေးပါခေါင်းဘီးရွေးတဲ့အခါမှာပလက်စတစ်ခေါင်းဘီး
သံနဲ့လုပ်ထားတဲ့ ခေါင်းဘီးတွေကိုရှောင်ပေးပါ နောက်ပြီး ရေစိုနေတဲ့အချိန်မှာ ခေါင်းမဖီးပါနဲ့ဘီးကျဲကိုသုံးပြီးဆံပင်ကိုညင်သာစွာခေါင်းဖီးပေးပါတစ်ချိန်လုံး ခေါင်းမဖီးပေးပါနဲ့တစ်နေ့ကို(၂)ကြိမ် လောက်ပဲခေါင်းဖီးပေးပါ(၅)စားသောက်ပုံမှန်ပါစေဆံသားဖွံဖြိုးမှုက
သင့်စားနေတဲ့အစားအသောက်ပေါ်မူတည်ပါတယ်ဆံပင်သန်ဖို့ရာအတွက်အာဟာရရှိတဲ့ အစားအစာတွေကိုစားရမှာဖြစ်ပါတယ်ပရိုတင်းဗီတာမင်A,E,C၊သံဓာတ်ကယ်ဆီယမ်omega-3fatty acids၊biotinနဲ့magnesium စတဲ့ ဓာတ်တွေပါတဲ့အစားအစာမျိုးကိုစားပေးသင့်ပါတယ်