ခေါင်းဖြီးလိုက်လို့ဆံပင်တွေကျွတ်လာရင်စိတ်မညစ်ရအောင်ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊ ဆိုင်မှာခေါင်းသွားလျှော်ရင်လည်း အစ်မဆံပင်တေကျွတ်တယ်နော် ပြောရင် စိတ်ပိုညစ်ရပါတယ်အမှတ်မထင်လိုင်း
ပေါ်မှာ တွေ့တဲ့ဆေးနည်းလေးနဲ့စမ်းလုပ်ကြည့်တာအဆင်ပြေလို့ ကိုယ့်လိုစိတ်ညစ်နေတဲ့သူတွေအတွက်မျှဝေပေးလိုက်ပါတယ်။ကြက်သွန်နီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါကြက်သွန်
စိမ်းနံ့ပျောက်ဖို့ တော်တော်ခေါင်းလျှော်ယူရတာကျွန်မအတွက်သိပ်အဆင်မပြေဖြစ်ရပါတယ်။ဒီနည်းလေးကတော့ တော်တော်အဆင် ပြေပါတယ်။လုပ်နည်းအဆင့်ဆင့်ဆန်ကိုပန်ကန်လုံးလေးနဲ့တစ်ခွက်ယူပါ။ ဆန်ကိုထမင်းချက်သလိုပဲ
နှစ်ကြိမ်လောက်ဖွဖွလေးဆေးပါဆေးထားတဲ့ဆန်ကို နှစ်နာရီလောက်စိမ်ထားလိုက်ပါ ရေနည်းနည်းနဲ့ပဲစိမ်ပါ.ကြက်သွန်နီကိုအခွံခွာပါ ကြက်သွန်နီကိုရှစ်စိပ်စိပ်လိုက်ပါကျွန်မကတော့ဆန်ပန်းကန်လုံး တစ်ခွက်ဆို ကြက်သွန်နီနှစ်လုံးသုံးပါတယ်
ဆန်နဲ့ကြက်သွန်စိပ်ထားတာရောလိုက်ပါ ရေနည်းနည်းထပ်ထည့်ပေးပါမီးဖိုပေါ်မှာပွက်ပွက်ဆူအောင် မွှေပေးပါ ဆန်နည်းနည်းကျေတဲ့အထိထားပါဆန်ပြုတ်အဆင့်မရောက်ပါအဲ့လောက်ဆိုရေစစ်ထဲကိုထည့်ပြီး အရည်ညစ်ယူပါ
ရေကုန်သွားအောင်ညှစ်ပါရေခဲသေတ္တာထဲထည့်သိမ်းပြီးတစ်ပတ်လောက်ထားသုံးလို့ရပါပြီဆန်မှာပါဝင်သောအာဟာရဓာတ်များနှင့်ကြက်သွန်နီမှာပါဝင်သောဓာတ်များကြောင့်ဆံပင်အတွက်အကျိုးပြုပါတယ်။ပြုတ်ထားတာဖြစ်တဲ့
အတွက်ကြက်သွန်နံ့လဲမနံ့ပါဘူးဘာတွေထူးခြားလာလဲဆိုတော့ဆံပင်ကျွတ်တာလုံရပ်သွားပြီးအမြဲဦးရေပြားပူနေတတ်တဲ့ကျွန်မဦးခေါင်းအရေပြားလဲသိသိသာသာအပူလျော့ကျလာပါတယ်ဆံပင်ကိုသိသိသာသာအားပေးစေပါတယ်
ဘောက်ရှိတဲ့သူမို့ သံပရာ(သို့) သံပရိုသီးအရည်ထည့်ပါတယ်။ဘောက်လဲတက်တာလျှော့ကျသွားပါတယ်ဘယ်လိုအသုံးပြုရလဲခေါင်း မလျှော်ခင် ဆေးရည်ကိုယူပြီးဦးရေပြားအထိလိမ်းပါတယ်ဆံပင်ပျော့ချင်ရင်တရော်ကင်ပွန်းထည့်ပါ
ဘောက်ပျောက်ရင်ချင်ရင်သံပရာသီးအရည်ညှစ်ထည့်ပါဆံပင်အရောင်တောက်ချင်ရင်သံလွင်ဆီ၊အုန်းဆီတစ်ခုခုကိုထည့်ပါ(15)မိနစ်လောက်ဦးရေပြားကော၊ဆံပင်ထိပ်ဖျားတွေအထိပါလိမ်းပေးပြီးခဏနှိပ်ပေးရပါတယ်ကျွန်မကတော့
Hair Capနဲ့ဆယ်မိနစ်လောက်အုပ်ပြီးခဏထားလိုက်ပါတယ်ပြီးမှရှန်ပူအပျော့စားနဲ့ခေါင်းလျှော်ပါတယ်။ ဘေးဥပဒ်မရှိပဲသဘာဝနည်းဖြစ်တာကြောင့်မည်သူမဆိုအသုံးတည့်မယ်ယူဆပါတယ်May Soe