ဆံပင်တွေပါးပြီးကျွတ်နေတဲ့ပြဿနာတွေကိုတစ်ပတ်အတွင်းဖြေရှင်းမယ်ဆံပင်ပါးနေလို့ဆံပင်တွေခဏခဏကျွတ်နေလို့စိတ်ညစ်နေလားဒါဆိုရင်တော့သဘာဝနည်းလမ်းလေး၃သွယ်ကိုမျှဝေပေးမယ်နော်။ကြက်ဥကဆံပင်အတွက်ဘာတွေ
ကောင်းတယ်ဆိုတာအရင်ပြောပြပေးမယ်နော်ဆံပင်ပြန်လည်ရှင်သန်စေဖို့နဲ့ ဆံနွယ်တွေကိုတောက်ပြောင်စေတဲ့ပရိုတင်းနဲ့ဗီတာမင်ဓါတ်တွေအများအပြားပါဝင်ပါတယ်။ဒါ့ကြောင့်ဆံပင်ကျွတ်တာကိုအထိရောက်ဆုံးကုသပေးနိုင်ပါတယ်
ဒါ့အပြင်အိုင်အိုဒင်း၊ဖော့စဖော့ရပ်၊ဆီလီနီယမ်၊သံဓါတ်တွေပါဝင်လို့ကျွတ်သွားတဲ့ဆံပင်တွေကိုပြန်လည်ရှင်သန်စေပါတယ်UVဒဏ်ကနေကာကွယ်ပေးတဲ့ဗီတာမင်Eကြွယ်ဝစွာပါဝင်လို့ဆံသားပျက်ဆီးခြင်းကိုကာကွယ်ပေးမှာပါဆံပင်ရဲ့
အမြစ်လေးတွေကိုအားဖြည့်ပေးတဲ့ဗီတာမင်B7ပါဝင်ပြီး ဆံကေသာကိုသန်စွမ်းစေပါတယ်ဦးရေပြားယားယံတာဆံသားခြောက်သွေ့တာတွေကိုလည်းသက်သာစေပါတယ်။ပြုလုပ်နည်း၃မျိုးကိုဆက်ပြီးမျှဝေပေးမယ်နော်၁။ကြက်ဥနဲ့သံလွင်ဆီ
ဆံပင်ကျွတ်တာကိုထိန်းချုပ်နိုင်ဖို့ကြက်ဥနဲ့သံလွင်ဆီကိုသုံးပေးပါကြက်ဥ၁လုံးနဲ့သံလွင်ဆီလက်ဖက်ရည်ဇွန်း၁ဇွန်းကိုရောပြီးသေချာမွှေပေးပါ။အရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါပြီးရင် ဦးရေပြားပေါ်လိမ်းပေးပြီးမိနစ်၂၀က
နေနာရီဝက်ထိထားပါ။ပြီးရင်ခေါင်းလျှော်ရည်နဲ့လျှော်ချပါ၂။ကြက်ဥအနှစ်နဲ့ သံပုရာရည်ဆံပင်ကျွတ်တာကိုသက်သာစေပြီးဆံသားတွေကိုပြန်လည်ထူလာစေဖို့ကြက်ဥအနှစ်၂လုံးနဲ့သံပုရည်ရည်လက်ဖက်ရည်ဇွန်း၂ဇွန်းကိုသေချာမွှေပါ
အရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါ။ပြီးရင်ဆံပင်အမြစ်ကနေအဖြားထိလိမ်းပေးပါအဲဒီနောက်မိနစ်၃၀လောက်ထားပြီးခေါင်းလျှော်ရည်နဲ့လျှော်ချပါ။တစ်ပတ်ကို၃ကြိမ်လုပ်ပေးပါ။၃။ကြက်ဥအနှစ်၊သံလွင်ဆီနဲ့ပျားရည်ဆံသားပျက်ဆီး
ခြင်းကိုပြန်လည်ရှင်သန်စေပြီးဆံသားခြောက်သွေ့တာတွေကိုသက်သာစေဖို့အတွက်ကြက်ဥအနှစ်၂လုံး၊သံလွင်ဆီစားပွဲတင်ဇွန်း၃ဇွန်း၊ပျားရည်စားပွဲတင်ဇွန်း၃ဇွန်းကိုသေချာမွှေပါအရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါအဲဒီနောက်
ဦးရေပြားနဲ့ဆံပင်အမြစ်ကနေအဖြားထိလိမ်းပေးပြီးမိနစ်၃၀လောက်ထားပါ။ပြီးရင်ရေခပ်နွေးနွခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပါ။တစ်ပတ်ကို၃ကြိမ်ဖြစ်ပြီး ၁လတိတိဆိုရင်ဆံသားတွေတောက်ပြောင်သန်စွမ်းလာမှာပါ။ခရစ်တစ်