ဆံပင်ပါးပြီးဆံပင်ခဏခဏကျွတ်တတ်သူတွေအတွက်ကြက်သွန်နီနဲ့ထိန်းသိမ်းနည်းShampoo ထဲပါဝင်တဲ့ဓာတုပစ္စည်း တွေကကိုယ့်ဆံပင်ကိုထိခိုက်နိုင်ပါတယ်။ဆံပင်ဆိုးတဲ့အချိန်မှာလည်းဆံပင်ကျွတ်လွယ်စေပါတယ်
ဆံပင်ကျွတ်တာက တော်တော်စိတ်ရှုပ်ဖို့ကောင်းတဲ့အရာပါဆံပင်ပါးလွန်းတာကလည်းကျန်းမာတဲ့ဆံသားပုံစံမရဖို့တံတိုင်းကြီးတစ်ခုလိုပါပဲဒီတစ်ခေါက်မှာတော့ဆံပင်ပါးပြီးခဏခဏဆံပင်ကျွတ်တတ်သူတွေအတွက်ကြက်သွန်နီကို
သုံးပြီးထိန်းသိမ်းနည်းကိုဖော်ပြပါရစေဆံပင်အတွက်ကြက်သွန်နီရဲ့ကောင်းကျိုးများကြက်သွန်နီကဆံသားကိုခိုင်မာစေပြီးအားဖြည့်ပေးပါတယ်ဆံပင်အရှည်မြန်စေပြီးဆံပင်ကျွတ်သက်သာစေပါတယ်ပြုလုပ်ပုံကြက်သွန်နီတစ်ဥယူပြီးလှီးပေး
ရပါမယ်လှီးပြီးနောက်ကျိတ်စက်ထဲ ရေထည့်ပြီးကျိတ်ပေးရပါမယ်ရလာတဲ့ကျိတ်ပြီးသားကြက်သွန်နီကိုဇယားနဲ့စစ်ချပြီးအရေရအောင်စစ်ချယူရပါမယ်အသုံးပြုပုံရလာတဲ့ကြက်သွန်နီအရည်ထဲကိုဝါဂွမ်း နှစ်ပေးရပါမယ်ပြီးနောက်ဒီဝါဂွမ်း
နဲ့ဦးရေပြားကိုလိမ်းပေးရပါမယ်ဦးရေပြားနဲ့ဆံသားတစ်ခုလုံးကြက်သွန်နီ အရည်လိမ်းပေးရပါမယ်လိမ်းပြီးနောက်မိနစ်၃၀ထားပေးရပါမယ်မိနစ်၃၀ထားပြီးနောက်ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်ပါပြီ