အာလူးချက်ဖို့အခွံနွှာထားရင်လွင့်မပစ်လိုက်ပါနဲ့။ဆံပင်ဖြူတာတွေအတွက်အသုံးပြုလို့ရပါတယ်အသက်အရွယ်ရလာလို့ဆံပင်ဖြူတာဓမ္မတာသဘာဝဖြစ်ပေမယ့်ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူတာတွေတွေ့ဖူးကြမှာဖြစ်သလို
တစ်ချို့အသက်ကြီးပေမယ့်ဆံပင်မဖြူတာတွေလည်းတွေ့ဖူးကြမှာပါအာလူးခွံ၅ခုကနေ၆ခုကိုယူပါပြီးရင်ရေသေချာဆေးပြီးအိုးထဲထည့်ကာရေ၂ခွက်ဖြည့်ပါပြီးရင်ရေကိုဆူအောင်သည်ပါဆူလာပြီဆိုရင်မီးဖိုပေါ်ကချပြီးအအေးခံပါ
ပြီးရင်ရေဆစ်ချပါရလာတဲ့အရည်ကိုလေလုံတဲ့ဘူးထဲထည့်ထားပါအနံ့မွှေးချင်တယ်ဆိုရင်အနံ့မွှေးတဲ့ဆီတစ်မျိုးထည့်ပေးပါပြီးရင်ဆံပင်ကိုခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့အရင်လျှော်လိုက်ပါ။ဆံပင်ဖြူတယ်ဆိုရင်ရေဓါတ်
များများလိုပါတယ်ပြီးရင်စောစောကပြုတ်ထားတဲ့အာလူးပြုတ်ရည်ကိုဆံပင်နဲ့ ဦးရေပြားပေါ်သေချာလိမ်းပေးပါခေါင်းမလျှော်ပါနဲ့။ဆံပင်ကိုအခြောက်ခံလိုက်ပါဒီနည်းလမ်းအတိုင်းတစ်ပတ်ကို၂ကြိမ်၃ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်
တစ်ပတ်၂ပတ်လောက်နဲ့သိသာဦးမှာမဟုတ်ပါဘူးစိတ်ရှည်ပါတချို့ကသွေးမသန့်ရင်ဆံပင်ဖြူတတ်လို့ဆရာဝန်နဲ့တိုင်ပင်ပြီးသွေးသန့်ဆေးသောက်ပေးနိုင်ပါတယ်။