မာလကာသီးမှာဗီတာမင်Cနဲ့ဗီတာမင်Aဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်မာလကာသီးတစ်လုံးမှာပါတဲ့ဗီတာမင်Cဟာလိမ္မော်သီးတစ်လုံးမှာပါတဲ့ဗီတာမင်Cထက်၄ဆပိုများပြီး

ဗီတာမင်Aဓါတ်ကသံပုရာသီးတစ်လုံးမှာပါတာထက်၁၀ဆပိုများပါတယ်ဒါ့အပြင်ဗီတာမင်B2၊E၊Kအမျှင်ဓါတ်၊သံဓါတ်နဲ့ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်မာလကာရွက်ကလည်း

အသားအရေဆံပင်နဲ့ကျန်းမာရေးအတွက်များစွာအထောက်အကူပြုစေပါတယ်မာလကာရွက်ရဲ့အကျိုးကျေးဇူးတွေကိုမျှဝေလိုက်ပါတယ်၁။မာလကာရွက်ဟာဆံပင်ကျွတ်တာကို

သက်သာပျောက်ကင်းစေပါတယ်မာလကာရွက်တစ်ချို့ကိုရေနွေးနဲ့ကျိုပြီးအအေးခံထားပါပြီးရင်အဲဒီအရည်ကိုဦးရေပြားပေါ်ညင်သာစွာလိမ်းပေးပြီးနာရီဝက်လောက်ထားကာ

ခေါင်းလျှော်ချပါ၂။အထူးသဖြင့်အမျိုးသားတွေကလေးမရတဲ့ပြဿနာတွေကိုကုသပေးနိုင်ပါတယ်၃။မာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီးသောက်ပေးတာဟာဝမ်းလျှောဝမ်းပျက်ခြင်း

ကိုကုသပေးနိုင်ပါတယ်၄။ချောင်းဆိုးရင်ကြပ်တာကိုလည်းပျောက်ကင်းစေပါတယ်၅။မာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီးသောက်တာဟာအစာအိမ်အဆင့်သင့်တာတွေကိုသက်သာ

စေပါတယ်၆။ဆီးချိုသမားတွေဟာမာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီးသောက်ပေးသင့်ပါတယ်အဲဒီလိုသောက်ပေးတာဟာသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးပါတယ်၇။မာလကာ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရွက်ကိုရေနွေးနဲ့ကျိုပြီးသောက်ပေးတာဟာသွေးတွင်းမကောင်းတဲ့ကိုလက်စထရောပါဝင်မှုကိုလျှော့ကျပေးနိုင်ပါတယ်၈။မာလာကာရွက်ကိုဝါးပေးတာဟာသွားကိုက်တာသွား

ဖုံးရောင်တာနဲ့ခံတွင်းမှာအနာပေါက်တာတွေကိုလည်းသက်သာစေပါတယ်၉။မာလကာရွက်၉ရွက်လောက်ကိုရေ၅ခွက်နဲ့ရောပြီးကျိုပေးပါအိုးတစ်ဝက်လောက်ရေခမ်းသွားတဲ့ထိထား

ပါအဲဒီအရည်ကိုသောက်ပေးတာဟာသွေးလွန်တုပ်ကွေးကို သက်သာစေပါတယ်၁၀။ဓါတ်မတည့်တာကြောင့်ဖြစ်တဲ့ယားယံမှုတွေကိုသက်သာစေပြီးမာလာကာရွက်ကိုထောင်းပြီးယား

တဲ့နေရာမှာလိမ်းပေးထားပါ၁၁။ပိုးမွှားတွေကိုက်ခံရရင်လည်းအဲဒီလိုလိမ်းပေးပါ၁၂။မာလကာရွက်မှာဗီတာမင်Cကြွယ်ဝစွာပါဝင်တာကြောင့်ဝက်ခြံကိုသက်သာစေပါတယ်

၁၃။မတော်တဆထိခိုက်ရှနာတာတွေအတွက်မာလာကာရွက်ကို ကြိတ်ပြီးလိမ်းပေးပါ၁၄။ဆားဝက်ခြံတွေပျောက်ကင်းဖို့အတွက်ဆိုရင်တော့မာလကာရွက်အနည်းငယ်ကိုထောင်းပြီးရေအနည်းငယ်နဲ့ရောကာဆားဝက်ဆံရှိတဲ့နေရာမှာ သေချာပွတ်လိမ်းပေးပြီးမျက်နှာသစ်ပေးပါ