ခြောက်သွေ့ပျက်ဆီးသောဆံသားများအတွက်အိမ်တွင်း ဆေးမြီးတိုနည်းလေးများအောက်ဖော်ပြပါငွေကုန်ကြေးကျသက်သာသည့်နည်းလမ်းလေးများသည်ကြွပ်ဆတ်ခြောက်သွေ့သောဆံသားများကိုပြုပြင်ပြောင်းလဲပေးပြီးထူးကဲ
ကောင်းမွန်ကာကျန်းမာစိုပြေတဲ့ဆံသားများကိုပိုင်ဆိုင်စေမည် ဖြစ်ပါသည်ထောပတ်သီးဖြင့်ပျက်ဆီးနေသောဆံသားများကိုပြန်လည်ပြုပြင်ပါရင့်မှည့်သောထောပတ်သီးတစ်လုံးကိုကြက်ဥတစ်လုံးဖြင့်ရောမွှေကြိတ်နယ်ပြီးစိုစွတ်သော
ဆံသားများအပေါ်တွင် သုတ်လိမ်းပေးပါထောပတ်သီးသည်ဗီတာမင်နှင့်မရှိမဖြစ်လိုအပ်သောFatty acids များကြွယ်ဝစွာပါဝင်ကာဆံသားလေးများကိုစိုလက်တောက်ပြောင်စေသောသတ္တုဓာတ်များလည်းပါဝင်ပါသည်ဆံသား
များတွင်မိနစ်၂ဝခန့်ကြာအောင်သုတ်လိမ်းထားပြီးရေပြောင်စင်အောင်ဆေးချပါပျက်ဆီးနေသောဆံသားများအတွက်တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးနိုင်ပြီးပျက်ဆီးမှုမရှိသောဆံသားများ၏ကျန်းမာရေးအတွက် တစ်လတစ်ကြိမ်ပြုလုပ်ပေး
နိုင်ပါတယ်ထောပတ်အသုံးပြုပါခြောက်သွေ့ ကြွပ်ဆတ်သောဆံသားများအတွက်တောက်ပစိုပြေစေဖို့ထောပတ်အနည်းငယ်ကိုအသုံးပြုပေးနိုင်ပါတယ်ခြောက်သွေ့သောဆံသားများအတွင်းသုတ်လိမ်းနှိပ်နယ်ပေးပြီးနာရီဝက်ခန့်ကြာအောင်
ရေချိုးခန်းသုံးခေါင်းစွပ်ဖြင့်အုပ်ထားပေးပါပြီးလျှင်ခေါင်းလျှော်ပစ်ပြီးထောပတ်များပြောင်စင်သွားအောင်ဆေးကြောပေးပါသံလွင်ဆီဖြင့်ဖန်တီးပြုပြင်ပါခြောက်သွေ့သောဆံသားများကိုရေဓာတ်ပြန်လည်ရရှိစေရန်သံလွင်ဆီခပ်နွေးနွေး
ခွက်တစ်ဝက်ခန့်ဆံသားများအတွင်းသုတ်လိမ်းပေးပါပလပ်စတစ်အိတ်တစ်လုံးဖြင့်စွပ်ထားပြီးမျက်နှာသုတ်ပဝါဖြင့်ထုပ်ထားပေးပါ၄၅မိနစ်ကြာအောင်ထားထားပေးပြီးခေါင်းလျှော်ပေးကာ ပြောင်စင်အောင် လောင်းချပေးခြင်းဖြင့်ဆံသား
များ၏ရေဓာတ်ကိုပြန်လည်ရရှိစေမည်ဖြစ်ပါသည်လက်ဖက်ရည်ဖြင့်ဆေးကြောပါလက်ဖက်ရည်သည်လည်ချောင်းနာခြင်းကိုသက်သာစေနိုင်ရုံသာမကဘဲဆံသားများအတွက်သဘာဝအတိုင်းတောက်ပြောင်စိုပြေမှုကိုလည်းပေးစွမ်းနိုင်ပါ
တယ်အချိုမပါဝင်သည့်လတ်ဆတ်စွာကျိုချက်ထားသောလက်ဖက်ရည်သို့မဟုတ်instant teaနွေးနွေးလေးကိုပုံမှန်အတိုင်းခေါင်းလျှော်ပြီးလျှင်ရေနှင့်ပြောင်စင်အောင်ဆေးကြောပေးလိုက်ပါလက်ဖက်ရည်သည်ဆံသားအရောင်
ကိုအားကောင်းစေပြီး Black tea သည်ဆံသားများကိုပိုမိုနက်မှောင်စေပါသည်ကြက်ဥခေါင်းလျှော်ရည်အသုံးပြုပါခေါင်းလျှော်ရည်အနည်းငယ်နှင့်ကြက်ဥကို ရောမွှေကာပျက်ဆီးနေသောဆံသားများတွင်ငါးမိနစ်ခန့်သုတ်လိမ်းပေးပြီး
ရေစင်အောင်ဆေးချပါဒီလိုtreatmentပြုလုပ်ပေးခြင်းဟာဆံသားကိုပရိုတင်းဓာတ်တိုးမြင့်ပေးပါတယ်Botanical oils များဖြင့်ထိန်းသိမ်းပါကျန်းမာရေးဆိုင်ရာအစားအသောက်စတိုးဆိုင်များမှာဝယ်ယူရရှိနိုင်တဲ့
သံလွင်ဆီ၊Jojoba oilနှင့်မက်မွန်သီးအဆီတို့ဟာပျက်ဆီးနေတဲ့ဆံသားများအတွက်အကောင်းဆုံးသက်စောင့်ဆေးများ ဖြစ်ကြပါတယ်ဆံသားများကရေစိုပေးပြီးbotanical oilအနည်းငယ်ဖြင့်ဆံသားများတွင်နှံ့စပ်အောင်သုတ်လိမ်း
ပေးပါပြီးလျှင် ရေချိုးခန်းသုံးအစွပ်ဖြင့်စွပ်ထားပြီးမိနစ်၃၀ကြာအောင်တဘက်ဖြင့်ပတ်ထားပါထို့နောက် ရေစင်အောင် ဆေးချကာ ခေါင်းလျှော်ပေးလိုက်ပါစိုစွတ်သောဆံသားများကိုပေါင်းထုပ်၍အခြောက်ခံပါခေါင်းလျှော်ပြီးသည့်
အခါဆံသားများကိုသုတ်မပစ်ဘဲပျက်ဆီးနေသော ဆံသားများကိုချည်သားတဘက်တစ်ထည်ပေါင်းထုပ်ထားကာချည်သားအားရေဓာတ်ကိုမိနစ်အနည်းငယ်ကြာအောင်စုပ်ယူစေပါထိုကဲ့သို့ပြုလုပ်ပေးခြင်းဖြင့်ဆံသားအဖျားများကွဲ၍နှစ်ခွ
ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ပါသည်ဆံသားများကိုဖြန့်ချထားပါဆံသားလေးများကိုနာရီအနည်းငယ်လောက် ဖြန့်ချထားပေးပါဆံပင်ကိုအရမ်းတင်းတင်းကျပ်ကျပ်ကြီးစည်းနှောင်ထားခြင်းမျိုးကိုရှောင်ရှားပါအိပ်စက်တဲ့အခါစည်းနှောင်ပြီး
တော့မအိပ်စက်ပါနဲ့omega-3sစားသုံးပါBorage oilprimrose oil နှင့်flaxseed oilပါဝင်တဲ့ဆေးတောင့်လေးတွေကိုတစ်နေ့တစ်လုံးမှသုံးလုံးအထိသောက်သုံးပေးပါgamma linolenic acidကဲ့သို့သောOmega3fatty acids များကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံသားများကိုရေဓာတ်ဖြည့်တင်းကာစိုပြေလှပစေပါတယ်။