ဆံပင်အတွက်ဆေးတလက်စာရေးသူဟာငယ်ရွယ်သူဖြစ်တဲ့အတွက်ဆံပင်ကိုအမျိုးမျိုးပြုပြင်ပြီးနေပါတယ်ဆံပင်မဖြူဘဲနဲ့လဲ အနက်ဆေးဆိုးပါတယ်။တခါသူများတွေနီပြန်တော့

လိုက်နီလိုက်ပါတယ်အဝါပေါ်ပြန်တော့ထပ်ဝါလိုက်ပါသေးတယ်ဆံပင်ကိုလဲတပတ်တခါခေါင်းလျှော်ပြီးတိုင်းဖြောင့်စက်နဲ့ဖြောင့်ပါတယ်တနှစ်ကျော်ကြာလာတဲ့အခါမှာတော့စာရေး

သူရဲ့ဆံပင်တွေဟာ နီကြောင်ကြောင်နဲ့ပါးပါးလေးဖြစ်လာပါတယ်။ဒါကြောင့်ဆံပင်ကိုဘာမှမလုပ်ဘဲဒီအတိုင်းထားလိုက်ပါတယ်အခုတော့စာရေးသူရဲ့ဆံပင်ဟာအရင်လိုသန်စွမ်းနက်မှောင်လာပါပြီဘာကြောင့်လဲဆိုတာကိုအခုတင်ပြပါ့မယ်

တနေ့မှာစာရေးသူရဲ့အဘွာေးလးတော်သူအမေတင်ဟာရန်ကုန်မြို့မှစာရေးသူတို့ထံအလည်ရှောက်ရှိလာပါတယ်နောက်တနေ့နေ့လယ်မှာစာရေးသူနဲ့ အမေတင်စကားပြောရင်းအမေတင့်ခေါင်းကဆံပင်ကို သတိထားမိလိုက်ပါတယ်

အမေတင်ဆံပင်တွေမဖြူတော့ပါလား၊ဆေးဆိုးထားတာလားဟုမေးလိုက်ပါတယ်အမယ်လေးအေအသက်ကြီးမှတော့ဆေးမဆိုးပါဘူးဒါဖြင့်ဘာလို့နက်နေတာလဲအရင်တုန်းကဖြူနေတဲ့ဟာကို၊ဒါကတော့ကိုယ့်နည်းနဲ့ကိုယ်ပေါ့၊နည်းကောင်းရှိရင်

ပြောပြပါဦးသမီးဆံပင်တွေလဲပျက်စီးနေလို့ညည်းတို့ကခေတ်ပေါ်နည်းတွေလျှောက်လုပ်တာကိုးပျက်မှာပေါ့။ဒါပေမယ့်မပူပါနဲ့၊အခုအဘွားပြောပြတဲ့နည်းကို၆လလောက်လုပ်ကြည့်ပါအရင်လိုပြန်ဖြစ်လာပါလိမ့်မယ်

ဆေးနည်းကလွယ်ပါတယ်ဘာမှမခက်ပါဘူးအရင်ဆုံးအိမ်သုံးလက်ဖက်ခြောက်အဖန်ခြောက်ကိုဒယ်အိုးထဲထည့်ပြီးတူးခြစ်သွားအောင်လှော်ပါပြီးရင်ညက်မှုန့်နေအောင်ထောင်းပါပြီးရင်ပန်းကန်ထဲထည့်ပြီးအုန်းဆီနဲ့ဖျော်ပါပြီးရင်ဒန်အိုးထဲရေထည့်

ပါအလယ်ကောင်မှာအုန်းဆီနဲ့လက်ဖက်ခြောက်မှုန့်ဖျော်ထားတဲ့ပန်းကန်ထည့်ပြီးဆီပွက်လာတဲ့အထိပေါင်းပါဆီပွက်ရင်မီးဖိုမှချပြီး အအေးခံကာလေလုံသောပုလင်းထဲသို့ထည့်ပြီး

နေ့စဉ်မှန်မှန်လိမ်းပေးပါကဆံပင်များနက်မှောင်သန်စွမ်းလာပါလိမ့်မယ်ဖြူသောဆံပင်လဲနက်လာပါလိမ့်မယ်ဆေးဆိုးစရာမလိုပါဆေးဆိုး၍ ဆံပင်များနီကြောင်ကြောင်ဖြစ်နေပါကဤနည်းကိုယုံကြည်စွာလုပ်ကြည့်ပါ။နဂိုအတိုင်းပြန်လည်ကောင်းမွန်လာပါလိမ့်မယ်creditမေသက်ပိုင်ထွန်း-မိတ္ထီ