ဆံပင်အရှည်မြန်ချင်တဲ့သူတိုင်းလုပ်ကြည့်သင့်တဲ့အထိရောက်ဆုံးနည်းလမ်းများဆံပင်အရှည်မြန်ချင်တဲ့သူတိုင်းလုပ်ကြည့်သင့်တဲ့အထိရောက်ဆုံးနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်ဆံပင်အရှည်နှေးလို့ပဲဖြစ်ဖြစ်၊ဆံပင်ညှပ်
လိုက်တာတိုသွားလို့အမြန်ပြန်ရှည်ချင်ရင်ပဲဖြစ်ဖြစ်၊ဆံပင်သန်ချင်ရင်ပဲဖြစ်ဖြစ်ဒီနည်းလမ်းတွေကိုသာပုံမှန်စိတ်ရှည်ရှည်နဲ့လုပ်သွားပေးပါလပိုင်းအတွင်းမှာတင် သိသာတဲ့ရလဒ်ကိုရရှိလာမှာပါဆံပင်အရှည်မြန်ချင်တဲ့သူတိုင်း
လုပ်ကြည့်သင့်တဲ့အထိရောက်ဆုံးနည်းလမ်းများဆံပင်နှစ်ခွတွေကိုညှပ်ထုတ်ပေးပါ၊ဆံပင်နှစ်ခွတွေကိုပုံမှန်ညှပ်ပေးမှအရှည်မြန်မှာပါဆံပင်အဖျားမှာ နှစ်ခွတွေ၊ပျက်စီးနေတာတွေများရင်လည်းဆံပင်အရှည်နှေးပါတယ်ဆိုင်မှာ
သွားညှပ်ရင်တော့အဖျားညှပ်ထုတ်လည်းတိုသွားပါလိမ့်မယ်ဒါကြောင့်အိမ်မှာပဲအဖျားလေးတွေကိုကိုယ်တိုင်ညှပ်ပါခေါင်းမလျှော်ခင်ညမှာ hair oil တွေ၊သံလွင်ဆီကြက်ဆူဆီစတာတွေကိုလိမ်းပြီးနှပ်ထားပြီးအိပ်ပါဒီလိုလုပ်ပေးခြင်း
ကဆံသားပျက်စီးတာတွေပြန်ကောင်းလာစေတယ်ဆံပင်ကျွတ်တာသက်သာပြီး ဆံသားကျန်းမာလို့အရှည်မြန်စေပါတယ်သဘာဝနည်းလမ်းနဲ့ဆံပင်ပေါင်းတင်ပါ။ခေါင်းလျှော်ခါနီးတစ်နာရီလောက်အလိုမှာသဘာဝနည်းလမ်းတွေနဲ့ဆံပင်
ပေါင်းတင်ပေးပါရှားစောင်းလက်ပတ်ကြက်သွန်နီစတာတွေနဲ့ ပေါင်းတင်ပေးရင်ဆံပင်အရှည်မြန်ပြီးအုံထူလာစေပါတယ်ခေါင်းခဏခဏမလျှော်ပါနဲ့ခေါင်းခဏခဏလျှော်ရင်ဆံပင်ပိုကျွတ်စေပါတယ်။ဆံသားအဆီဓာတ်ဆုံးရှုံးစေလို့ဆံပင်
အရှည်နှေးစေပါတယ်ဒါပေမယ့်မလျှော်ပဲထားတာကြာရင်လည်းဆံသားအတွက်မကောင်းပါဘူးဒါကြောင့် ၄ရက်တစ်ခါ၊၅ရက်တစ်ခါတော့ပုံမှန်လျှော်ပေးပါ။ဆံပင်သန်စေတဲ့ခေါင်းလျှော်ရည်ဆံပင်အရှည်မြန်ချင်ရင်တော့
chemical နည်းတဲ့ ခေါင်းလျှော်ရည်တွေဆံပင်သန်စေတဲ့၊အရှည်မြန်စေ ဖို့ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေကို ရွေးသုံးပေးပါHair serum,hair oil ပုံမှန်လိမ်းပေးပါခေါင်းလျှော်ပြီးဆံပင်မခြောက်တစ်ခြောက်အချိန်မှာ
hair serum (သို့) hair oil ကို လိမ်းပေးပါနောက်ရက်တွေမှာလည်း နေ့တိုင်းလိမ်းပေးပါဆံသားသန်စွမ်းကျန်းမာပြီး ဆံပင်အရှည်မြန်လာပါလိမ့်မယ်အပူချောင်းတွေမသုံးပါနဲ့ဆံသားကျန်းမာမှဆံပင်အရှည်မြန်မှာပါဒါကြောင့်ဖြောင့်စက်
ကောက်စက်စတဲ့အပူချောင်းတွေကို မသုံးပါနဲ့ခေါင်းလျှော်ပြီးရင်လည်း တတ်နိုင်သလောက် dryer မသုံးပဲသဘာဝအတိုင်းအခြောက်ခံပါ။ဆံပင်ချွတ်ဆေးတွေမသုံးပါနဲ့ဆံပင်ချွတ်ဆေးတွေ သုံးပြီးဆံပင်ကာလာတွေ အမျိုးမျိုးပြောင်း
နေရင်တော့ ဆံသားပျက်စီးပြီး ပြတ်ထွက်ကုန်တာ၊ကျွတ်တာတွေဖြစ်မှာပါ။ဒီလိုတွေဖြစ်ရင်ဆံပင်အရှည်မြန်မှာလည်းမဟုတ်တော့ပါဘူး။Hair growth vitamins သောက်ပေးပါဆံပင်ကိုပုံမှန်ထက်ပိုပြီးအရှည်မြန်ချင်တယ်ဆိုရင်
တော့ hair growth vitamins တွေ သောက်ပေးနိုင်ပါတယ်။သောက်တဲ့အခါမှာလည်းတကယ်ထိရောက်ပြီးကောင်းတာမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်မူရင်းရေးသားသူ နှင့်ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။