ပါးပြီးကြည့်ရဆိုးနေတဲ့ ဆံသားတွေကိုသဘာဝအတိုင်း ပြန်ထူလာစေမယ့်နည်းလမ်းများဆံပင်ကလူတစ် ယောက်ရဲ့ဒုတိယမျက် နှာလို့ ပြောရင် လည်းမမှားပါဘူးမျက် နှာလှပဖို့ခန္ဓာကိုယ်လှပဖို့ဂရုစိုက်ကြသလိုဆံပင်
တွေကျွတ်ပြီးပါးလာမယ်။ထိပ် တွေကွက်လာ နေပြီဆိုရင် တော့အထူးဂုစိုက် ပေးဖို့လိုအပ်ပါတယ်ဆံပင်တွေ ပြန် ပေါက်လာ စေဖို့အထိ ရောက်ဆုံး ဖြစ်တဲ့နည်း လေး တွေလည်းရှိပါတယ်ဖော်ပြပါနည်းလေးတွေကို
ဂရုတစိုက်နဲ့ ပြုလုပ်ပေးပါထိပ်ကွက်လာတာတွေပျောက်ပြီးဆံပင်တွေပြန်ထူလာမှာပဲ ဖြစ်ပါတယ်နော်၁ဆံပင်အာဟာဓါတ် ဖြည့်စွက်စာများစားပါလွဲမှားနေတဲ့d i e tလုပ်ခြင်းကြောင့်အာဟာရဓာတ်မမျှတတာတွေကဆံပင်တွေ
ကျွတ်လာတာပါးလာတာတွေရဲ့အဓိကအချက်ပါ။ဆံပင်အတွက်အာဟာရဓါတ်ပြန်လည် ပြည့်ဝစေမယ့်အစားအစာတွေကတော့ကင်(မ်)ချီ၊ဥအမျိုးမျိုးဟင်းနုနွယ်ရွက်ဆယ်လ်မွန်ငါး ထောပတ်သီး၊အသားများစတာတွေကို
များများစားပေးရင်တော့ဦးရေပြားနဲ့ဆံပင်အတွက်အာဟာရဓါတ်တွေ ပြန်ပြည့်လညပါလိမ့်မယ်(၂)ဆီနဲ့နှိပ်နယ်ပေးဦးရေပြား သွေးလှည့်ပတ်မှုကောင်းမှ ဆံပင် သန်စွမ်းပြီး ပြန်ပေါက်လာမှာပါ။ရှား စောင်းလက်ပတ်ဆီ
သံလွင်ဆီစတာတွေနဲ့ခေါင်းမလျော်ခင်တစ်ရက်အလိုမှာဦးရေပြားကိုစွတ်ပြီး နှိပ်နယ်ပေးပါ(၃)ကြက်သွန်နီရည် အသုံးပြုပါကြက်သွန်နီရည်ကအနံ့အသက်တော့ သိပ်အဆင်မပြေပေမယ့်ဆံပင်ပါးပြီး ထိပ်ကွက်လာတာတွေ
အတွက်အာဟာရ ဖြည့်ဖို့တော့အ ကောင်းဆုံးပါပဲဆံသားအရင်းတွေကိုသန်မာစေပြီးဆံပင်အသစ်တွေပါ ပြန်ပေါက်လာစေပါတယ်ကြက်သွန်နီကိုအရည်ညှစ်ပြီးသုံးနိုင်သလိုဓားနဲ့ နုတ်နုတ်ဆင်းပြီးဦး ရေပြားပေါ်ပွတ်ပေးလို့လည်း
ရပါတယ်(၄)လက်ဖက်စိမ်းရည် လက် ဖက်စိမ်းရည်မှာဆံပင်သန်ဖို့ ပြန်ပေါက်ဖို့အတွက် ဓါတ်တွေပါဝင်နေပါတယ်လက်ဖက်စိမ်းရည်ကိုရှားစောင်းလက်ပတ်၊သံလွင်ဆီတို့နဲ့လည်းတွဲလိမ်းပေးလို့ရပါတယ်။ လေ့လာချက်တွေအရ
၈၀%အထိဆံပင်တွေ ပြန်ပေါက်လာစေတယ်လို့ဆိုထားပါတယ်(၅)ဆံပင်စိုနေချိန်မှာခေါင်းမဖြီးပါနဲ့ဆံသားစိုနေချိန်မှာဆံပင်တွေကျွတ်လွယ်၊ပြတ်လွယ်ပါတယ်ဒီလိုအချိန်မှာခေါင်းဖြီးတာများရင်တော့ဆံပင်တွေကျွတ်ပြီးပါးလာမှာပါဆံပင်
ကိုခြောက်အောင်ထားပြီးမှဘီးအကျဲလေးနဲ့သာဖြီးပေးပါ(၆)ဗီတာမင် Dလျော့နည်းနေလားစစ်ပါဆံပင်တွေအရမ်းကျွတ်ပြီးထိပ်ပြောင်လာပြီဆိုရင်တော့ဗီတာမင်Dဓါတ်ချို့ယွင်းလို့ဖြစ်ပါတယ်ဆရာဝန်နဲ့ဆွေး နွေးတိုင် ပင်ကြည့်သင့်ပါတယ်ဗီတာမင်D ဆေးတွေလည်းဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးပေးရပါမယ်နော်