ပါးပြီးကြည့်ရဆိုးနေတဲ့ဆံသားတွေကိုသဘာဝအတိုင်းပြန်ထူလာစေမယ့်နည်းလမ်းများဆံပင်ကလူတစ်ယောက်ရဲ့ဒုတိယမျက်နှာလို့ပြောရင်လည်းမမှားပါဘူးမျက်နှာလှပဖို့ခန္ဓာကိုယ်လှပဖို့ဂရုစိုက်ကြသလိုဆံပင်တွေကျွတ်ပြီးပါးလာမယ်
ထိပ်တွေကွက်လာနေပြီဆိုရင်တော့အထူးဂရုစိုက်ပေးဖို့လိုပါတယ်ဆံပင်တွေပြန်ပေါက်လာစေဖို့အထိရောက်ဆုံးဖြစ်တဲ့နည်းလေးတွေလည်းရှိပါတယ်ဖော်ပြပါနည်းလေးတွေကိုဂရုတစိုက်နဲ့လုပ်ပေးပါထိပ်ကွက်လာတာတွေပျောက်ပြီး
ဆံပင်တွေပြန်ထူလာမှာပါ(၁)ဆံပင်အာဟာရဓါတ်ဖြည့်စွက်စာများစားပါလွဲမှားနေတဲ့dietလုပ်ခြင်းကြောင့်အာဟာရဓာတ်မမျှတတာတွေကဆံပင်တွေကျွတ်လာတာပါးလာတာတွေရဲ့အဓိကအချက်ပါဆံပင်အတွက်အာဟာရဓါတ်ပြန်လည်
ပြည့်ဝစေမယ့်အစားအစာတွေကတော့ကင်(မ်)ချီ၊ဥအမျိုးမျိုးဟင်းနုနွယ်ရွက်ဆယ်လ်မွန်ငါးထောပတ်သီးအသားများစတာတွေကိုများများစားပေးရင်တော့ဦးရေပြားနဲ့ဆံပင်အတွက်အာဟာရဓါတ်တွေပြန်ပြည့်လာမှာပါ
(၂)ဆီနဲ့နှိပ်နယ်ပေးဦးရေပြားသွေးလှည့်ပတ်မှုကောင်းမှဆံပင်သန်စွမ်းပြီးပြန်ပေါက်လာမှာပါရှားစောင်းလက်ပတ်ဆီ၊သံလွင်ဆီစတာတွေနဲ့ခေါင်းမလျော်ခင် တစ်ရက်အလိုမှာဦးရေပြားကိုစွတ်ပြီးနှိပ်နယ်ပေးပါ(၃)ကြက်သွန်နီရည်
အသုံးပြုပါကြက်သွန်နီရည်ကအနံ့အသက်တော့သိပ်အဆင်မပြေပေမယ့်ဆံပင်ပါးပြီးထိပ်ကွက်လာတာတွေအတွက်အာဟာရဖြည့်ဖို့တော့အကောင်းဆုံးပါပဲဆံသားအရင်းတွေကိုသန်မာစေပြီးဆံပင်အသစ်တွေပါပြန်ပေါက်လာစေပါတယ်
ကြက်သွန်နီကိုအရည်ညှစ်ပြီးသုံးနိုင်သလိုဓားနဲ့နုတ်နုတ်ဆင်းပြီးဦးရေပြားပေါ် ပွတ်ပေးလို့လည်းရပါတယ်။(၄)လက်ဖက်စိမ်းရည်လက်ဖက်စိမ်းရည်မှာဆံပင်သန်ဖို့ပြန်ပေါက်ဖို့အတွက်ဓါတ်တွေပါဝင်နေပါတယ်။းလက်ဖက်စိမ်း
ရည်ကိုရှားစောင်းလက်ပတ်၊သံလွင်ဆီတို့နဲ့လည်းတွဲလိမ်းပေးလို့ရပါတယ်လေ့လာချက်တွေအရ၈၀%အထိဆံပင်တွေပြန်ပေါက်လာစေတယ်လို့ဆိုပတယ်(၅)ဆံပင်စိုနေချိန်မှာခေါင်းမဖြီးပါနဲ့ဆံသားစိုနေချိန်မှာဆံပင်တွေကျွတ်လွယ်
ပြတ်လွယ်ပါတယ်ဒီလိုအချိန်မှာခေါင်းဖြီးတာများရင်တော့ဆံပင်တွေကျွတ်ပြီးပါးလာမှာပါဆံပင်ကိုခြောက်အောင်ထားပြီးမှဘီးအကျဲလေးနဲ့ဖြီးပေးသင့်ပါတယ်(၆)ဗီတာမင်Dလျော့နည်းနေလားစစ်ပါဆံပင်တွေအရမ်းကျွတ်ပြီး
ထိပ်ပြောင်လာပြီဆိုရင်တော့ဗီတာမင်Dဓါတ်ချို့ယွင်းလို့ဖြစ်ပါတယ်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်ဗီတာမင်Dဆေးတွေလည်းဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်သုံးပေးရပါမယ်