ဆံပင်ကိုမည်းနက်စေမယ့်အုန်းဆီသံပုရာသင်ရဲ့ဆံသားတွေဖြူလာလို့ဆေးဆိုးနေရတာမျိုးဒါမှမဟုတ်အခြားဆံပင်မည်းနက်စေမယ့်ဆေးတွေသုံးနေရတာမျိုးတွေရှိပါသလားဒါဆိုရင်တော့သဘာ၀အတိုင်းပြန်မည်းနက်စေမယ့်
နည်းလမ်းတစ်ခုကိုမျှဝေချင်ပါတယ်။သဘာဝနည်းလမ်းတွေဟာလက်တွေ့မှာအသုံးဝင်ပြီးဘေးထွက်ဆိုးကျိုးနည်းစေမယ့်အရာတွေပါစားသုံးရတဲ့အစားအစာတွေထအခြားအသုံးဝင်မယ့်ဆေးဝါးတွေကုထုံးတွေဓာတ်စာတွေအနေနဲ့
အသုံးပြုလို့ရပါတယ်သဘာကပေးတဲ့နည်းလမ်းတွေဟာအမြဲအထောက်အကူဖြစ်စေပါတယ်အုန်းဆီဟာဆံကေသာကောင်းကျိုးကိုများစွာအထောက်အကူဖြစ်စေတာသိကြမှာပါသူ့မှာပါဝင်တဲ့ဓာတ်ပေါင်းစုတွေဟာဆံသားရဲ့
အတွင်းပိုင်းအထိထိရောက်မှုရှိတယ်လို့ဆိုပါတယ်ဆံသားတွေကိုစိုပြည်စေပြီးမည်းနက်ချင်တယ်ဆိုရင်တော့အုန်းဆီဟာမပါမဖြစ်ပါပိုပြီးအထောက်အကူဖြစ်စေမယ့်ဗီတာမင်စီဖော့စရပ်ဗီတာမင်ဘီနဲ့အင်တီအောက်ဆီးဒင့်တွေပေါင်းစပ်
ပေးရင်ပိုကောင်းမွန်တဲ့ဆံပင်ဆေးကိုရရှိစေမှာပါပေါင်းစပ်ရမှာကတော့သံပုရာသီး ဒါမှမဟုတ်သံပုယိုသီးပါ။ပေါင်းစပ်ပြီးပြုလုပ်ရမှာကတော့အုန်းဆီ5mlနဲ့သံပုရာရည်လက်ဖက်ရည်ဇွန်း၃ဇွန်းပါသူတို့နှစ်ခုကိုရောစပ်ပြီးဆံသားထဲကိုအနှံ
သုတ်ပေးပါညင်ညင်သာသာလေးနှိပ်ပေးပြီး၄၅မိနစ်ထားပါပြီးရင်ခေါင်းလျှော်ပါတစ်ပတ်မှာ၂ကြိမ်ပုံမှန်လုပ်ပေးပါဗောက်တွေကိုလည်းသက်သာစေပြီးဆံသားကို ပြန်ပြီးမည်းနက်လာစေပါတယ်။