ဆံသားနက်၊အကျွတ်သက်သာ၊ဆံသားမငြိအရှည်မြန်တဲ့ရှာစောင်းလပတ် နှင့် အုန်းဆီကြိုတဲ့နည်းလေးကိုယ်လုပ်နေကျHair maskရှာစောင်းလပတ်နဲ့အုန်းဆီကြိုတဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်နော်လုပ်နည်းမေးထားတဲ့သူတွေ

အတွက်ဒီpostမှာအသေးစိတ်လေး ရေးပေးထားပါတယ်နော်ခေါင်းမလျော်ခင်ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီကိုဦးရေပြားရောဆံသားမှာပါ နှံ့နေအောင်လိမ်းပါ3/4နာရီနဲ့အထက်ထားပြီးShower cap နဲ့ ပေါင်းပြီးမှ

လျှော်ပါကြာကြာမှတခါလုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်းလုပ်ပေးရင် ပိုကောင်းပါတယ်ပိုသိသာပါတယ်ဆံသားနက်ပြီးအကျွတ်သက်သာသလိုဆံသားမငြိတော့ဘူးအရှည်မြန်တယ်ရှားစောင်းလပတ်နဲ့အုန်းဆီကြိုတဲ့နည်းကိုပုံထဲမှာ

ရေးပေးထားပါတယ်နော်အမြဲတမ်းသုံးလို့ရအောင်တခါတည်းကြိုထားလို့ရပါတယ်နော်ရှားစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီအပြင် လျှော်ခါနီးဒါလေးတွေထပ်ရင်ပိုကောင်းပါတယ်မအားတဲ့အခါတွေဆိုမထည့်လည်းရပါတယ်အပေါ်က

ရှားစောင်းလပတ်ဆီနဲ့တင်ကိုတော်တော်လေးဆံပင်ကိုကောင်စေပါတယ်သံလွင်ဆီဆံသားကိုပျော့စေတယ်ကြက်သွန်နီ ထောင်းထားတဲ့ အရည်ဆံသားကိုနက်မှောင်သန်စွမ်းစေတယ်၊ ကျွတ်တာသက်သက်စေတယ်၊အရှည်မြန်စေတယ်

အနံ့မခံနိုင်ရင်လျှော်ပြီးလည်းအနံမပြောင်ဘဲအနံ့ဆွဲနေတယ်လို့ထင်ရင်မထည့်ချင်လည်းရပါတယ်အနံ့မကျန်အောင် ရေနိုင်နိုင်ဆေးဖို့လိုသလိုအနံ့ကမဆိုစလောက်လေးကျန်နေရင်လည်းအနံ့ခံနိုင်မှထည့်ပါနော်အနံ့ဆူးပေမယ့်ကြက်သွန်နီ

အာနိသင်ကအံ့မခန်းပါလက်ဖက်ခြောက်သို့အချိုခြောက်မှုန့်ကြိုထားတဲ့အရည်ဆံသားနက်မှောင်စေပြီးအရှည်မြန်တယ်ပျားရည်ဆံသားကိုတောက်ပြောင်စေတယ်အမြဲမဟုတ်တောင်တပတ်ခြားတခါလောက်လုပ်ပေးမယ်ဆိုရင်ဆံပင်

အကျွတ်သက်သာမယ်ဆံပင်တိုတိုရှည်ရှည်မိန်းကလေးတွေအဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာဆံပင်ငြိတာသက်သာမယ်။ဆံပင်အရှည်မြန်တယ်။ဆံသားမခြောက်တော့ဘူးဆံသားပျော့ပျောင်းတယ်။ဆံသားတောက်တယ်

Stay Homeလုပ်နေရတုန်းမှာလုပ်ကြည့်ကြည့်ပါနော်ဆံပင်အကျွတ်သက်သာပြီးကျန်းမာလှပတဲ့ဆံနွယ်တွေပိုင်ဆိုင်ကြပါစေဆံပင်မတိုအရှည်သုံးမယ်လူဦးရေပေါ်လိုက်ပြီးရှားစောင်းလပတ်အပင်ရယ်အုန်းဆီရယ်ကိုအတိုးအလျော့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လုပ်လို့ရပါတယ်မိုးကဆံပင်ရှည်တာရယ် နောက်ထပ်ဆံပင်အရှည်၂ယောက်စာရယ်လုပ်တာမို့ ရှားစောင်းလပတ်၃ပင် Parachute အုန်ဆီးသုံးရင်ဘူးကြီး270 ml တဘူးဆို တပင်နှုန်းနဲ့ကြိုလို့ရပါတယ်ခုက 270 mlဘူးမရှိလို့

180mlဘူးနဲ့ကြိုထားတာပါဈေးထဲကအုန်းဆီစစ်စစ်နဲ့လည်းရပါတယ်နော်ပြီးရင်ခုံးတဲ့ဘက်ကိုအခွံခွာမယ်။အခွံမခွာဘဲအတုံလေးတွေအပြားပါးပါးလေးတွေလုပ်ချင်လည်းရပါတယ်ဒါပေမယ့်အသိုရောင်သန်းလို့ရလာတဲ့အခါကျရင်

အဲ့ဒီအတွင်းထဲကဂျယ်လီထဲဆီတွေအများကြီးဝင်နေတတ်လို့ဆီတွေညစ်ချတဲ့အခါကျအပြင်ခွံကလက်ကိုဆူးတတ်လို့ပါခွာထားတဲ့နေရာကဂျယ်လီကိုဇွန်းနဲ့ခြစ်မယ်ရှာစောင်းလပတ်ကိုဒီတိုင်းထည့်လို့မရဘူးလားလို့ မေးနေကြလို့အခွံ

မခွာဘဲထည့်လည်းရပါတယ်အညိုရောင်သန်းလို့ရသွားတဲ့အခါကျအခွံကြားက ဂျယ်လီထဲမှာ ဆီတွေဝင်နေတတ်လို့ ဆီစစ်ပြီးတဲ့အခါ ပြန်ညစ်ရတာက အခွံမပါတာနဲ့ကပိုပြေပါတယ်ရှားစောင်းလပတ်ကနည်းနည်းကြွပ်သွားရင်

ညစ်တဲ့အခါလက်ဆူးမှာစိုးလို့ပါပြီးရင်ရှားစောင်းလပတ်ဂျယ်လီတွေနဲ့အုန်းဆီကို ရောထည့်မယ်အပူပေးမယ်မီးမနည်းလွန်းမများလွန်းအနေတော်နဲ့ကြိုမယ်ကြာကြာတခါမွှေပေးလို့လိုပါတယ်မမမွှေရင်အကျက်မညီလို့ပရှားစောင်းလပတ်

ညိုတဲ့အထိကြာကြာတည်ပေးရပါမည်ဒါကအိုအခံကမည်းနေတာရယ် မကြည့်လိုက်မိတာအတည်လွန်ပြီးနည်းနည်းလေးအရောင်ရင့်သွားပါတယ်တကယ်ကအညိုရောင်ကိုသန်းရင် ရပြီနော်ဆီထဲက ရှားစောင်းလပတ်အဖတ်တွေကို

စစ်ပြီးဆီကိုဘဲသိမ်းထားလိုက်ရုံပါဘဲဒါကမနှစ်ကမေလမှာကြိုတဲ့ဆီတခါလောက်အလုပ်ရှုပ်ခံပြီးကြိုထားရင်အများကြီးရပြီးအကြာကြီးအသုံးခံပါတယ်နော်ဒါကရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီရယ်၊ကြက်သွန်နီအရည်လက်ဖက်ရည်၊ပျားရည်၊သံလွင်ဆီ ရောထားပြီးဆံပင်နဲ့ဦးရေမှာထည့်ပါတယ်တခြားအကျိုးရလဒ်ထက် ဆံပင်အကျွတ်သက်သာတာကအသက်ပါဘဲ