ဇီးကွက်ဆောင်တိုင်းကောင်းသလားဇီးကွက်ကိုလူတော်တော်များများကလာဘ်ကောင်ဟူ၍ထင်မှတ်ကြ၏ထိုသို့သတ်မှတ်ခြင်းနှင့်အတူတမြတ်တနိုးပင်ဇီးကွက်ရုပ်ဆောင်ကြသည်ကို

လည်းတွေ့ရဖူးပါ၏ဇီးကွက်ဆိုသောသတ္တဝါကိုမြို့၌တွေ့ရခဲသော်လည်းကျေးလက်တောရွာများ၌အလွယ်တကူပင်တွေ့မြင်ရတတ်ပါသည်ထိုသို့တွေ့မြင်ရာ၌ညဘက်၌သာတွေ့မြင်

ရတတ်ပါသည်အကြောင်းမူဇီးကွက်သည်ညဘက်မှထွက်သောအနိဋ္ဌသတ္တဝါဖြစ်ပါ၏ဤ၌ဇီးကွက်ကိုညဘက်အခါ၌တွေ့မြင်ရသောနေရာအပေါ်မူတည်၍အတိတ်နိမိတ်

ကောက်ယူမှုများကိုတင်ပြလိုပါသည်၂ညအခါသစ်ကိုင်းစို၌ဇီးကွက်နားနေသည်ကိုတွေ့မြင်ရပါကစီးပွားဥစ္စာများတိုးတက်ဖြစ်ထွန်းတတ်ပါသည်၂ညအခါသစ်ကိုင်းခြောက်၌

ဇီးကွက်နားနေသည်ကိုတွေ့မြင်ရပါက မိသားစုဝင်တစ်ဦးဦးအိမ်မှထွက်သွားတတ်ပါသည်ညအခါသစ်ခြောက်ပင်၏အခေါင်း၌ဇီးကွက်ရှိနေသည်ကိုတွေ့မြင်ရပါကနေအိမ်

မီးလောင်တတ်ပါသည်၄ညအခါသစ်ပင်အစို၏အခေါင်း၌ဇီးကွက်ရှိနေသည်ကိုတွေ့မြင်ရပါကခိုက်ရန်ဖြစ်ပွားတတ်ပါသည်၅ညအခါချောက်ချားတုန်လှုပ်ဖွယ်နေရာတစ်ခု၌

ဇီးကွက်ရှိနေသည်ကိုတွေ့မြင်ရပါကထိခိုက်ဒဏ်ရာတစ်ခုခုနှင့် တွေ့ကြုံရတတ်ပါသည်၆ညအခါနေရာမရွေးဇီးကွက်ကို တွေ့မြင်ရပါလျှင်ပစ္စည်းအခိုးခံရခြင်း၊ငွေဝင်ခြင်း၊အငြင်းပွား

ရခြင်း၊သောကကြုံရခြင်း၊ဒုက္ခရောက်ရခြင်းတို့ကြုံရတတ်ပါသည်စင်စစ်ဇီးကွက်သည်အကာလညအခါကိုသာမင်းမူရသဖြင့်အချို့ကမကောင်းဆိုးဝါးငှက်ဟုပင်ဆိုကြသတ်မှတ်

ကြပါသည်ဇီးကွက်၏သဘာဝကိုကမျက်လုံးပြူး၊မျက်ဆန်ပြူးဖြစ်လေရကား အဆိုးဘက်မှကြည့်လျှင်မျက်လုံးပြူး၊မျက်ဆန်ပြူးမျက်ကလဲ ဆန်ပျာဘေးဒုက္ခများမည့်နိမိတ်

အပူသောကနိမိတ်ပင်ဖြစ်ပါသည်ဤ၌ရှေးလူကြီးသူမပညာရှင်များကဇီးကွက်ရုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ဆိုမိန့်ခဲ့သည့်ရှေးထုံးများမှာမှတ်သားလိုက်နာဖွယ်ရာကောင်းလှ

ပါသည်ဇီးကွက်ရုပ်ကိုဆောင်တိုင်းကောင်းသည်မဟုတ်ပါတနင်္ဂနွေသားသမီး၊ဗုဒ္ဓဟူးသမီး၊အင်္ဂါသားသမီး၊စနေသားသမီးတို့အနေဖြင့်ဇီးကွက်ရုပ်ကိုလုံးဝမဆောင်သင့်ပါ

ဆောင်ပါကလာဘ်မရွှင်သည့်အပြင်အနှောင့်အယှက်များ၊စိတ်သောကရောက်စရာများနှင့်သာကြုံရတတ်ပါသတဲ့သို့ဆိုပါကမည်သည့်နေ့နံသားတွေနှင့်သာသင့်ပါသနည်းတနင်္လာ

သားသမီး၊ကြာသပတေးသားသမီးသောကြာသားသမီးတို့သာ လျှင်ဆောင်မည်ဆိုကဆောင်ထားနိုင်ပါသည်စင်စစ်လောကီလူ သားများအဖို့လောကီရေးရာကြီးပွားရာကြီးပွား

ကြောင်းအတွက် ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့၏ဂုဏ်ကျေးဇူးကိုဦးထိပ်ထားခြင်း၊လုံ့လဝီရိယရှိခြင်း၊အလုပ်ကြိုးစားခြင်း၊မပျင်းမရိခြင်း၊ အစရှိသည်တို့လိုအပ်လှပါသည်

အဟိတ်တိရစ္ဆာန်ရုပ်ကို ဆောင်ရုံမျှနှင့်တော့အကျိုးပေးကံထူးမလာနိုင်ပါကြောင်းလေ့လာသိရှိထားသမျှကိုတင်ပြလိုက်ရပါသည်Credit:သုတေသီဆရာငြိမ်း