စစ်ကိုင်း၊စဉ့်ကိုင်၊စဉ့်ကူမြို့များတွင်ပေါက်သောဇောက်ခြမ်းသားကိုဇီးကွက်ပေါ် ဇော်ဂျီဆေးကြိတ်ထိုင်နေပုံကိုထုပါ

ထိုအရုပ်လေးကိုဆန်ကောတစ်ချပ်တွင် စက္ကူခင်းဆန်ကွဲကြဲပြီးအရုပ်လေးကိုတင်ပါ။ထိုအရုပ်လေးရှေ့တွင်စံပယ်ကိုးပွင့်

(သို့)စိန်ပန်း(သို့)ဇွန်ပန်းစသည့်အင်္ဂါနံစပြီးကြာသပတေးနံဆုံးသည့်ပန်းတစ်မျိုးနှင့်မတ်စေ့ကိုးစေ့တင်ပြီးကိုးကွယ်ထားပါ

ထိုဆန်ကောအောက်တွင်ဆန်ခါခုံးတစ်ခု ခံပါထိုဆန်ခါခုံးထဲသို့ပေါက်ပေါက်ပွင့်ထည့်ပါအားလုံးပြည့်စုံလျှင်အိမ်(သို့)

ဈေးဆိုင်တွင်ထား၍အောက်ပါသုံးဂါထာကိုပုတီးစိပ်ပါ။အင်္ဂါနေ့တွင်အဓိဋ္ဌာန်လုပ်ပါ။

သုဂတောငါးချက်ဂါထာ-သုဂတော သုဂတဌာနံ၊သုဂတော-သုန္ဒရံ-ပိစ၊သုဂတော  နိဗ္ဗာနံ-ယာတိ၊သုဂတော-တေနမော-နမာ။

ပဋ္ဌမံဂါထာ-ပဋ္ဌမံသကလက္ခဏ-မေကပဒံ၊ဒုတိယာဒိ-ပဒဿ-နိဒဿ-နတော၊သမနိ-ဒုနိမာ-သမဒူ-သနိဒူ၊ကမတော-ဝိဘဇေ ပဌမေန-ဝိနာ။

ဇိ(၁၀)ချက်ဂါထာ-ဇိန-ပါပံ-သေဋ္ဌော-ဇိနပါပံ-ဇိနံ-ဓမ္မော-ဇိန-ပါပံ-ဇိနံ-သံဃော-ဇိနောရသံ-ဇိနံဂုရု-ဇိနံဘိဇံ-ဇိနံနမေ

မှတ်ချက်သုဂတောငါးချက်ဂါထာကိုတစ်ဂါထာတစ်လုံးချတစ်ပတ်နှုန်းပဋ္ဌမံဂါထာကို တစ်ဂါထာတစ်လုံးချသုံးပတ်

ဇိ(၁၀)ချက်ဂါထာကို တစ်ဂါထာတစ်လုံးချတစ်ပတ်၊အားလုံးပေါင်းငါးပတ်ကိုမနက်ငါးပတ်၊ညငါးပတ်စိပ်ပါအထူးမှာ

ပုတီးစိပ်တိုင်းသစ်သီးအလင်းတိုင်ပန်းအမွှေးတိုင်ရေတော်ကပ်လှူပါပိုထက်ချင်ရင်တစ်ဂါထာကိုဖယောင်းတိုင်တစ်တိုင်စီ

ပူဇော်ပါဂါထာကိုဖယောင်းတိုင်အခြေမှအထက်သို့ရေးပါဆုတောင်းကိုဖယောင်းတိုင်ကျောဘက်ခေါင်းမှအခြေ

သို့ရေးပါဤနည်းကိုပြုလုပ်ပါလျှင်အန္တရာယ်အမျိုးမျိုးအနှောင့်အယှက်အမျိုးမျိုးကင်းမည်ဈေးရောင်းကောင်းမည်လာဘ်ရွှင်မည်

ကျက်သရေမင်္ဂလာရှိမည်။မိမိအလိုဆန္ဒ အားလုံးပြည့်စုံမည်။သိန်းသန်းချီ၍လုပ်သောလုပ်ငန်းများအောင်မြင်ပါလိမ့်မည်

ဖယောင်းတိုင်တွင်ရေးလျှင်တစ်တိုင်တည်းတွင်သာ အပြီးရေးရပါမည်ဤနည်းမှာဇော်ဂျီဇီးကွက်စီးပွားတက်သော

နည်းဖြစ်သည်။အစွမ်းထက်သော ဂါထာမန္တန်ကျမ်းတွင်အောင်ဇော်မင်းဟူ၍သာ သုံးနှုန်းဖော်ပြပါသည်credit :Manawmaya Journal