တန်ဖိုးကြီးရှားပါးပြီးမြင်တွေ့ရခဲတဲ့သင်္ဘောသီးအမြုတေနဲ့အမြုတေ(၉)ပါးအကြောင်းသိကောင်းစရာဒီနေ့ဒကာကြီးတစ်ယောက်သင်္ဘောသီးအမြုတေအမတေရခဲ့တာနဲ့ဆက်စပ်ပြီးအမြုတေအမတေအကြောင်းဗဟုသုတရစေခြင်းငှာ တင်ပေးလိုက်ပါတယ်။
အမြုတေ(၉)ပါး၁။ရဇတမုတ္တာအမြူတေငွေအဆင်းကဲ့သို့ဖြူသောအရောင်ရှိ၏စားကောင်းသောက်ဖွယ်ကျေးဇူးပြု၏၂။သုဝဏ္ဏမုတ္တာအမြုတေရွှေနီအဆင်းကဲ့သို့နီသောအရောင်ရှိ၏၊နှစ်သက်ဖွယ်အဆင်းသဏ္ဌာန်ကျေးဇူးပြု၏။
၃။ဂံသုတ္တာအမြုတေကြေးနီမရမ်းစေ့အဆင်းကဲ့သို့နီသောအရောင်ရှိ၏ကြောက်
လန့်ဖွယ်သောအသံကိုကျေးဇူးပြု၏၄။လောဟိတမုတ္တာအမြုတေအောင်မည်းညို အပွင့်ကဲ့သို့အဆင်းအရောင်ရှိ၏အခြွေအရံကျေးဇူးပြု၏။
၅။နီလမုတ္တာအမြုတေညိုမောင်းသောအဆင်းအရောင်ရှိ၏အဝတ်ပုဆိုးကိုကျေးဇူးပြု၏၆။ပီတမုတ္တာအမြုတေမြသားမြရည်အဆင်းကဲ့သို့စိမ်းသောအရောင်ရှိ၏ဥယျာဉ်သစ်သီးသစ်ပွင့်တို့ကိုကျေးဇူးပြု၏။
၇။ကာဠမုတ္တာအမြုတေမင်သွေးကဲ့သို့မည်းနက်သောအရောင်ရှိ၏ရှိန်းဆာယာကွယ်ကာစေတတ်ခြင်းဖြင့်ကျေးဇူးပြု၏၈။ပဘဿရမုတ္တာအမြုတေအနီအဝါ အပြာအစိမ်းအဖြူအမောင်းခြောက်သွယ်သောအရောင်ရှိ၏အထူးထူးသော
နာနာရုပ်တို့ကိုဖန်ဆင်းနိုင်ခြင်းကွယ်ပျောက်စေခြင်း၊နှစ်သက်ဖွယ်အသံသာယာခြင်း၊ရန်သူကိုအောင်ခြင်း၊ဘီလူးသစ်ကျားမြွေအဆိပ်သင့်သောအောက်များကို ပယ်ရှားခြင်းကျေးဇူးပြု၏၉။ဝယောဇနမုတ္တာအမြုတေ
နဝရတ်ကိုးပါးအဆင်းကဲ့သို့ပြိုးပြိုးပြက်တစ်ခဲနက်ဝင်းဝင်းပြောင်ပြောင်ဆီမီးရောင်ထွန်းပခြင်းရှိ၏ကောင်းကင်ပျံခြင်းမြေလျှိုးခြင်းလူတို့နှစ်သက်ခြင်းရန်သူအပေါင်းကြောက်ရွံ့ခြင်းအထူးထူးသောနာနာရုပ်တို့ကိုဖန်ဆင်းနိုင်ခြင်း
သေနတ်သစ်ချွန်ဓာလှံလက်နက်မစူးရှနိုင်ခြင်းခွန်အားကြီးခြင်းရွှေငွေရတနာတို့နှင့်တကွအသုံးအဆောင်မျိုးဟူသမျှအကျိုးပြုစေတတ်၏အရှင်စန္ဒဇောတိသာသနာနွယ်ဖောင်ဒေးရှင်း