






ညစ်ပတ်နေတဲ့ရေခဲသေတ္တာတစ်လုံးကိုအလွယ်ကူဆုံးသန့်ရှင်းနည်းအခုပြောပြမယ့်နည်းလမ်းလေးကိုသုံးလိုက်ရင်တော့အချိန်မကုန်ပဲရေခဲသေတ္တာထဲကမှိုတွေကိုအလွယ်ကူဆုံးရှင်းလင်းနိုင်ပါလိမ့်မယ်

ရေခဲသေတ္တာတွေဆိုတာအမြဲလိုလိုညစ်ပတ်နေလေ့ရှိတဲ့အရာတွေပါအဓိကညစ်ပတ်ရခြင်းအကြောင်းကတော့မှိုစွဲခြင်းကြောင့်ပါပဲ။ရေခဲသေတ္တာဆိုတာဟာအမြဲတမ်းစိုစွတ်နေတဲ့နေရာဖြစ်တဲ့အတွက်

မှိုတွေနဲ့ဘတ်တီးရီးယားတွေပေါက်ပွားရာနေရာတစ်ခုလည်းဖြစ်ပါတယ်ဒီဘတ်တီးရီးယားနဲ့မှိုတွေဟာအထဲမှာထားတဲ့သစ်သီးသစ်ရွက်တွေကိုကူးစက်သွားခဲ့ရင်တော့သင့်အတွက်ပြဿနာရှိလာပါပြီ

မှိုတက်နေတဲ့အစားအသောက်တွေကိုစားသုံးမယ်ဆိုရင်တော့သင့်ကျန်းမာရေးထိခိုက်မှာအမှန်ပါပဲအခုပြောပြမယ့်နည်းလမ်းလေးကိုသုံးလိုက်ရင်တော့အချိန်မကုန်ပဲရေခဲသေတ္တာထဲကမှိုတွေကိုအလွယ်ကူဆုံးရှင်းလင်းနိုင်ပါလိမ့်မယ်။

သင်လိုအပ်မယ့်အရာတစ်ခုကတော့သံပုရာသီးပါပဲသံပုရာသီးကိုထက်ခြမ်းခွဲပြီးခွက်တစ်လုံးထဲအရည်ညှစ်ထည့်ကာရေအနည်းငယ်ရောထည့်ပြီးခွက်ထဲကိုသံပရာခွံအနည်းငယ်ထည့်ပြီးနောက်အပူချိန်700Wမှာ၃မိနစ်လောက်အပူပေးပါ။

ပြီးရင်အပူပေးထားတဲ့ခွက်(ပူနေဆဲ)ကိုရေခဲသေတ္တာထဲနာရီဝက်လောက်ထည့်ထားပေးပါ။နာရီဝက်ကြာတဲ့အခါအဝတ်တစ်ခုနဲ့မှိုတွေကိုသန့်ရှင်းပေးမယ်ဆိုရင်အလွယ်တကူသန့်ရှင်းလို့ရတာကိုတွေ့ရပါလိမ့်မယ်။

ထို့အပြင်သင့်ရဲ့ရေခဲသေတ္တာလေးဟာအသီးအရွက်အနံ့တွေနံမနေတော့ပဲသံပုရာရနံ့လေးသင်းနေပါလိမ့်မယ်။Writer Min Thu (XYZ News )ခရစ်တစ်

LEAVE A REPLY

Please enter your comment!
Please enter your name here