မိုးရာသီမှာမောင်းနှင်သွားလာကြမယ့်ယာဉ်မောင်းသူများသတိပြုရန်အချက်များမိုးရာသီရောက်လာပြီဖြစ်တဲ့အတွက်ယာဉ်မောင်းသူများသွားရလာရတာခက်ခဲစေပြီးအထူးသဖြင့်ညအချိန်ခရီးဝေးသွားရလို့လမ်းမှာမိုးရွာရင်ပိုအန္တရာယ်ရှိပတယ်

ဒါကြောင့်မိုးရာသီမှာမောင်းနှင်သွားလာကြမယ့်ယာဉ်မောင်းသူတွေအတွက်သတိပြုဖွယ်အချက်လေးတွေကိုမျှဝေလိုက်ရပါတယ်။(၁)လက်နှစ်ဖက်ဖြင့်စီယာရင်ကိုကိုင်ပါ။ရာသီဥတုသာယာနေတဲ့အချိန်မှာဆိုစတိုင်ကျကျစတီယာရင်ကိုလက်

လေးတစ်ဖက်တည်းနဲ့မောင်းနိုင်ပေမယ့်မိုးတွင်းမှာဆိုရင်တော့လက်နှစ်ဖက်နဲ့သေချာကိုင်ပြီးမောင်းဖို့လိုအပ်ပါတယ်၂စိတ်ပျံလွင့်စေမယ့်အရာတွေခဏဖယ်ထားပါမိုးတွင်းမှာကာမောင်တဲ့အခါဖုန်းသုံးတာဟာတကယ်ကိုအန္တရာယ်များပါတယ်

သာမာန်ရာသီဥတုမှာတောင်ကားမောင်းရင်းဖုန်းသုံးတကြောင့်မလိုလားအပ်တာတွေဖြစ်တတ်သေးတာရာသီဥတုဆိုးရွားတဲ့အချိန်ဆိုပိုဆိုးပါတယ်လျှပ်စီးကူးမှုအပါအ၀င်မဖြစ်သင့်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မိုးတွင်းမှာကားမောင်းမယ်

ဆိုရင်ဖုန်းကိုခပ်ဝေးဝေးမှာသာထားပါဖြစ်နိုင်ရင်ရေဒီယိုတောင်မဖွင့်သင့်ပါဘူး၃)ဘေးဘယ်ညာကိုမျက်ခြေမပြတ်ပါစေနဲ့ကားမောင်းရင်းနဲ့ရှေ့ကိုသာမကနောက်ကြည့်မှန်ကနေရောဘေးမှန်တွေကပါပါတ်ဝန်းကျင်ကိုအကဲခတ်နေပါ

ဒါမှသာကိုယ်သွားနေတဲ့လမ်းပေါ်မှာချိုင့်တွေ၊သစ်ပင်လဲနေတာတွေ၊ဓါတ်ကြိုးပြတ်ကြတာတွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်(၄)ရှေ့မီးကြီးကိုသုံးပါမိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊မိုးအတော်အသင့်ရွာနေတဲ့အချိန်ပဲဖြစ်ဖြစ်ရှေ့မီးကြီး

ကိုဖွင့်ထားပါ။ဒါမှသာကိုယ်တိုင်လည်းရှေ့ကိုသဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ရှေ့ကလာနေတဲ့ကားကလည်းကိုယ့်ကိုမြင်နိုင်မှာပါ(၅)ကပ်မလိုက်ပါနဲ့ရှေ့ကားကိုအရမ်းကြီးကပ်လိုက်တာဟာအန္တရာယ်ရှိနိုင်ပါတယ်။လမ်းကြောင့်ဖြစ်စေ၊အခြား

အကြောင်းတစ်ခုခုကြောင့်ဖြစ်စေမတော်တဆရှေ့ကကာတစ်ခုခုဖြစ်ပါကကိုယ့်ကိုလဲလာရောက်ထိခိုက်နိုင်တာကြောင့်ခပ်ခွာခွာသာလိုက်ပါ(၆)အရှိန်မြှင့်မမောင်းပါနဲ့မိုးရွာထဲမှာကားကိုအရှိန်မြင့်မောင်းနှင်တာဟာကိုယ့်အန္တရာယ်ကိုယ်ဖိတ်ခေါ်

နေတာပါ။လမ်းကချော်နေတာကြောင့်ရော၊မိုးတွင်းဆိုရင်ဘရိတ်တွေရဲ့စွမ်းရည်တွေကကျနေတတ်တာကြောင့်ရောရုတ်တရတ်ဘရိတ်အုပ်လိုက်ရင်အရှိန်မထိန်းနိုင်ဘဲမလိုလားအပ်တဲ့အန္တရာယ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။(၇)ရေလျှံနေတဲ့

လမ်းတွေကိုရှောင်ပါကိုယ်သွားချင်တဲ့နေရာကိုတခြားလမ်းကသွားရင်ရောက်နိုင်ရ ေသားနဲ့ဖြတ်လမ်းလိုက်ပြီးတော့ရေကြီရေလျှံနေတဲ့လမ်းတွေကိုတတ်နိုင်သမျှမမောင်းပါနဲ့။ကားအင်ဂျင်ထဲရေ၀င်တာ၊ရေကြီးနေတဲ့အောက်ကအချွန်အတက်

တွေကြောင့်ကားဘော်ဒီ၊တာယာတစ်ခုခုဖြစ်နိုင်တာ၊မြေကျွံတာ တွေအပြင်ပါဝါစတီယာရင်ဂန်းနဲ့မော်တာကိုကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့အချို့မော်ဒယ်မြင့်ကားတွေဥပမာ-Crown,MarkX)ဆို မော်တာထဲကိုရေ၀င်ပြီးမလိုအပ်ဘဲ

ငွေကုန်ကြေးကျများနိုင်ပါတယ်။(၈)လေကာမှန်တွေကိုရေ ငွေ့မရိုက်ပါစေနဲ့ကားတွင်းအပူချိန်ကြောင့်လေကာမှန်တွေမှာရေငွေ့တွေရိုက်နေပြီဆိုရင်အဲကွန်းကလေထုတ်လမ်းကြောင်းကိုလေကာမှန်ရှိရာသို့ပြောင်းပေးပြီးရေငွေ့ကိုပိုမြန်မြန်

ဖယ်ရှားနိုင်ပါတယ်အဲကွန်းမနိုင်တဲ့ကားတွေဆိုရေငွေ့သုတ်ဖို့ကားထဲမှာသဘက်လိုအ၀တ်တစ်ခုဆောင်ထားသင့်ပါတယ်(၉)မိုးရေမတင်နိုင်တဲ့ဆေးရည်ကိုမှန်မှာဖြန်းထားပေပါRain Repellentလို့ခေါ်တဲ့ကားမှန်ပေါ်ကိုရေမတင်အောင်

ကာကွယ်နိုင်တဲ့ဆေးရည်လေးကိုမှန်ပေါ်မှာ ဖြန်ထားမယ်ဆိုရေစက်တွေအရမ်းတင်လို့အပြင်ကိုမမြင်ရတဲ့ပြသနာကိုအထိုက်အလျှောက်ပြေလည်စေပါလိမ့်မယ်။ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာRain Repellent

ဆေးရည်ကိုဝယ်ယူလို့ရပါတယ်၁၀ကြိုတင်ပြင်ဆင်ထားပါမိုးရာသီမှာညဘက်အနီးအနားဖြစ်စေ၊ခရီးဝေးဖြစ်စေမလွှဲမရှောင်သာသွားရတော့မယ်ဆိုကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါမိုးကာအကျီ၊လက်နှိပ်ဓါတ်မီးအပိုဘီးဂျိုက်၊ဂွစတာတွေအစုံအလင်ကားထဲမှာထားထားပါ။ခရီးဝေးသွားရမယ်ဆို

လမ်းခုလတ်မှာမိမိဘာသာမပြုပြင်နိုင်တဲ့စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေအကူအညီတောင်းလို့ရအောင်မိမိရဲ့လက်ကိုင်ဖုန်းကိုအားပြည့်အောင်သွင်းထားပါ။ခရီးသွားသူအားလုံး ဘေးအန္တရာယ်ကင်းစွာလိုရာခရီးကိုရောက်နိုင်ကြပါစေ။