ညအိပ်ယာဝင်လျှင်ခြေထောက်ပူကိုက်ခဲနေသူများအတွက်ကိုယ်တွေ့ဆေးနည်းကျွန်တော့်မှာညအိပ်ယာဝင်ပြီဆိုရင်တော်တော်နဲ့အိပ်မပျော်ပါဘူးအထူးသဖြင့်ကျွန်တော့်

ခြေထောက်ကတရုတ်အမွှေးပွစောင်ဆိုခြုံအိပ်လို့မရဘူးဆောင်းရာသီဖြစ်နေပါစေတရုတ်ကလာတဲ့အမွှေးပွစောင်ခြုံလိုက်တာနဲ့ခြေဖျားတွေပူကိုက်ခဲလာတာနောက်ဆုံးမနေနိုင်

တော့ခြေထောက်ကိုစောင်အပြင်ဘက်ထုတ်ပြီးအိပ်မှရတယ်အပေါ်ပိုင်းဘဲစောင်ခြုံအိပ်ရတယ်တစ်ခါတစ်ရံဆောင်းရာသီတောင်မှခြေဖျားတွေပူနေလို့ရေအေးသွားလောင်းပြီးမှအိပ်လို့

ရတယ်ဒါတောင်ခနလေးနေရင်ခြေထောက်အဖျားပိုင်းကိုစောင်အပြင်ထုတ်အိပ်ရတာဘဲခြေထောက်ဖျားကပူလာရင်အိပ်ကိုမရတော့ဘူးဒီလိုဖြစ်လာတာကြာခဲ့ပါပြီဗျနောက်ဆုံး

တရုတ်အမွှေးပွစောင်မြင်တာနဲ့ခြုံအိပ်ရမှာကိုကြောက်လာပါတယ်မန္တလေးလိုပူတဲ့နေရာကိုခရီးထွက်ရပြီဆိုရင်စောင်မခြုံရပေမဲ့ပူတဲ့ဒါဏ်နဲ့ခြေဖျားတွေပူလာရင်အိပ်ကိုမရတော့ဘူး

ကိုက်ခဲလာတော့တာပါဘဲအခုတော့တရုတ်အမွှေးပွစောင်ခြုံလည်းအိပ်လို့ရလာသလိုကိုက်တာခဲတာတွေလဲလျော့သွားပါပြီဒါဘာကြောင့်လဲဘာဆေးနဲ့ပျောက်တာလဲမေးရင်ဟုတ်ကဲ့

ပြောပြပါ့မယ်ထွေထွေထူးထူးလုပ်စရာမလိုသလို ငွေကုန်လည်းအရမ်းသက်သာတဲ့နည်းပါညအိပ်ယာမဝင်ခင်ရေနွေးပူနဲ့ရေအေးနဲ့မျှတအောင်စပ်ပြီးဇလုံတစ်ခုထဲထည့်ပါခြေဖျား

မြှပ်အောင်တော့ရေထည့်ပါအဲဒီရေထဲမှာအိမ်သုံးရိုးရိုးဆားလက်တစ်ဆုပ်စာထည့်ပြီးခြေဖျားတွေကိုနာရီဝက်ကြာအောင်စိမ်ပေးပါညစဉ်ညတိုင်းလုပ်ပေးပါ၄/၅ရက်ဆားရည်စိပ်ပြီး

တာနဲ့ကိုသိသိသာသာသက်သာလာပါလိမ့်မယ်အခုဆိုတရုတ်အနွေးစောင်နဲ့အိပ်လို့ရသလိုခါတိုင်းလိုခြေထောက်ကိုစောင်အပြင်ဘက်ထုတ်အိပ်စရာမလိုတော့ပါဘူးကိုက်တာခဲတာ

တွေလည်းသိသိသာသာသက်သာလာပါပြီအဲဒီအတွက်ဆေးနည်းသိပြီးလုပ်ပေးခဲ့တဲ့ကျွန်တော့်ဇနီးကိုလည်းကျေးဇူးတင်ပါတယ်ညညခြေဖျားတွေပူကိုက်ခဲလို့အိပ်မရဘူးဆိုတဲ့သူတွေ

လုပ်ကြည့်လိုက်ပါတစ်ခြားလူများသိအောင်လည်း ဝေမျှပေးနိုင်ပါတယ်မင်္ဂလာထွန်း(ကျောက်မဲမေတ္တာဖြင့်Kyaw Yimon( HTD)အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့အခု

နည်းကဆိုးကျိုးနည်းလို့ အပူအောင်းတာမျိုးကြောင့်ဖြစ်တာဆိုရင်သက်သာနိုင်မယ်လို့ယူဆမိပါတယ်သူငယ်ချင်းတယောက်နှစ်နဲ့ချီပြီးပေါင်တန်းခါးနာခြေသလုံးကိုက်ခဲဖြစ်နေလို့ညွှန်းပေးလိုက်တာအခုသက်သာသွားပါတယ်တဲ့အနာနဲ့ဆေးတည့်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာခရက်ဒစ်