





မုန်တိုင်းထဲမှာလဲအောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာမိန်းကလေးအိနြေ္ဒလေတန်ဘိုးသိတဲ့သူကတန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာရတနာတစ်ပါးဖြစ်ပါစေ







ညီမလေးသို့ (မိန်းကလေးတိုင်းဖတ်ကြည့်စေချင်ပါသည်သတိထားညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာတီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာလိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင်ပုတ်သင်ညို

သာသာဖြစ်တော့မှာပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်းနွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင်အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင်တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲအားငယ်စိတ်မပျက်ပါနဲ့

အမောပြေရေတစ်ခွက်အိမ်ပြေးလေးအတွက်တဲ့အမေနေ့တိုင်းခပ်ထားတယ်ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့သမိုင်းပေးတာဝန်အရိုးဆိုကြည့်ရှောင်ရမယ်လေကိုယ်ကခဏတာဝါးမယ့်သွားမဟုတ်ဘူး

စကားခလုတ်တွေဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကိုမထိခိုက်ဖို့ကပိုအရေးကြီးတယ်တကယ်တော့ဟင်းဂျီးများတ ယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကိုသမုတ်တဲ့အမည်သက်သက်ပါညီမလေးချစ်တာတော့ချစ်ပါပြန်ပြင်လို့မရတဲ့

အခွင့်အရေးတော့မပေးမိပါစေနဲ့ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွ က်စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာအချစ်မဟုတ်ဘူးလေညီမလေးရေ

အချစ်ဦးသူလွဲဖူးသူချစ်တဲ့သူတိုင်းပေါင်းစပ်ခွင့်မရသူတွေဟာအိမ်ရှေကခေရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီးဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေသက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ

မုန်တိုင်းထဲမှာလဲအောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာမိန်းကလေးအိန္ဒြေလေတန်ဘိုးသိတဲ့သူကတန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာရတနာတစ်ပါးဖြစ်ပါစေ

ညီမလေးရေညီမလေးရေယောက်ျားဆိုတာဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်နန်းကျဘုရင်ပဲဖြစ်ဖြစ်မြှောက်စားတာခံချင်ကြတယ်
ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာကြောင်တစ်ကောင်လိုညင်သာတတ်မှဖြစ်မယ်ကမ္ဘာကျော်တဲ့စစ်သူရဲတစ်ယောက်

တောင်အပြောချိုတဲ့အအိုချောကြောင့်ကမ္ဘာတစ်ဝက်ကိုတက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှအမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာချိုသော

စကားပြောတတ်တဲ့နှုတ်ခမ်းတစ်စုံလိုတယ်ညီမလေးညီမလေးရေရင်ဘောင်တန်းတယ်ဆိုတိုင်းခြေရာတော့လိုက်မတို င်းလေနဲ့ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့ဘယ်မှီမလဲအသားစားသတ္တဝါချင်းတူပေမယ့်စကား

အဆိုသာကြောင်ကဆရာဖြစ်တာကျားဆိုတာကြောင်သားလဲစားချင်စားမှာလေသဘာဝဘေးဆိုတာသဘာဝတွေဆန့်ကျင့်လို့ဖြစ်ရတာနစ်နာခြင်းမရှိရအောင်ဘောင်အတွင်းကသာ မိန်းမဆန်ပါညီမလေးရေညီမလေးရေစာများများဖတ်ပြီး

ဝေဖန်ဆုံးဖြတ်နိုင်ပါစေဖတ်ပါမှတ်ပါလေ့လာပါအစွန်းတဖက်တော့မရောက်စေနဲ့စာပေဆိုတာလူဘဝအတွက်အလင်းစက်တစ်ခုပေါ့ညီမလေးရေသစ်ရွက်တွေကြွေရုံနဲ့တော့သစ်ပင်ကြီးမသေပါဘူ

းကြယ်လေးတွေကြွေရုံနဲ့လည်းကောင်းကင်ကြီးမသေပါဘူးပန်းပုတစ်ရုပ်လှဖို့ဆိုတာထွင်းထုတ်လိုက်ရတဲ့အသားတွေရှိတတ်စမြဲပဲလေလဲလို့သာပြန်မထကြရင်လူဆိုတာတွားသွားသတ္တဝါဖြစ်ကုန်မှာပေါ့အားမလျော့ပါနဲ့.

သွားတဲ့သူအတွက်လမ်းရှိပါတယ်အတိတ်ဆိုတာချခင်းထားတဲ့ကော်ဇောတစ်ချပ်သာမို့ခပ်နာနာတစ်ချက်နင်းပြီးအနာဂတ်ကိုစိတ်နဲ့ပစ်ခွင်းလိုက်ပါCredit

LEAVE A REPLY

Please enter your comment!
Please enter your name here