မျက်နှာမဲလို့စိတ်ညစ်နေတဲ့သူတွေအတွက်အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့ပေါင်းတင်နည်းမျာပျက်စီးနေတဲ့အသားအရေကိုပြန်လည်စိုပြေစေမယ့်နည်းလမ်း(၅)ခုကျန်းမာပြီးလှပစိုပြေတဲ့အသားအရေကိုလူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်
ဒါပေမယ့်သင့်အသားအရေကျန်းမာရေးအတွက်ဆိုရင်သင်စားတဲ့အစားအစာတွေကိုဂရုစိုက်သင့်ပါတယ်သကြားပါဝင်မှုများတဲ့အစားအစာအကြော်စာနဲ့အဆီများတဲ့အစားအစာတွေအရက်ဆေးလိပ်နဲ့အသင့်လုပ်ပြီးသားအစားအစာတွေဟာသင့်အသားအရေကို
ထိခိုက်ပျက်စီးစေပါတယ်ဒါ့ကြောင့်ပျက်စီးသွားတဲ့အသားအရေကိုပြန်လည်ပြုပြင်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်၁။ရေများများသောက်ပါတစ်နေ့အနည်းဆုံးရေ၈ခွက်အထိသောက်ပေးပါအရက်၊ဘီယာစတဲ့ရေငတ်
စေပြီးရေဓာတ်ခမ်းခြောက်စေတဲ့အစားအစာတွေရှောင်ပေးပါတကယ်လို့သောက်ပြီးရင်လည်းရေများများသောက်ပါ၂။အသားအရေကိုဂျီးချွတ်မယ်မျက်နှာမှာ ညစ်ပတ်ပေရေနေတဲ့အညစ်အကြေးတွေဆဲလ်သေတွေဟာချွေးပေါက်ပိတ်စေပြီး
အသားအရေကိုထိခိုက်ပျက်စီးစေပါတယ်ဒါ့ကြောင့်တစ်ပတ်ကို၂ကြိမ်လောက် မျက်နှာကိုဂျီးချွတ်ပေးသင့်ပါတယ်။၃။Antioxidantပါတဲ့ကုန်ပစ္စည်းတွေသုံးမယ်သင်သုံးတဲ့အလှကုန်ပစ္စည်းတွေမှာအိုမင်းရင့်ရော်မှုတွေFree
Radicalတွေကိုတိုက်ဖျက်ပေးနိုင်တဲ့Antioxidantပါတဲ့အလှကုန်ပစ္စည်းတွေကိုထည့်သုံးပေးပါ၄။မျက်နှာအသားအရေကိုနှိပ်နယ်ပေးပါပျက်စီးနေတဲ့အသားအရေကိုပြန်လည်စိုပြေအောင်လက်ကိုသေချာဆေးပြီးမျက်နှာပေါ်မှာ
အဆီအုန်းဆီသို့သံလွင်ဆီနည်းနည်းလိမ်းကာမျက်နှာအသာအးရေကိုခပ်ဖွဖွလေးနှိပ်နယ်ပေးပါတဘက်ကိုရေနွေးစွတ်ပြီးရေညစ်ပေးကာမျက်နှာပေါ်အုပ်ပြီးလည်းနှိပ်ပေးနိုင်ပါတယ်
၅။မျက်နှာပေါင်းတင်ပါသဘာဝအတိုင်းမျက်နှာပေါင်းတင်ပေးတာအကောင်းဆုံးပါပဲသဘာဝရွှံ့စေနဲ့ဖြစ်ဖြစ်ဒိန်ချဉ်ပျားရည်စတဲ့သဘာဝပါဝင်ပစ္စည်းတွေနဲ့ကိုယ်တိုင်ပြုလုပ်ပြီးဖြစ်ဖြစ် ပေါင်းတင်ပေးနိုင်ပါတယ်