ယေန႔ ( 20 .5.2020 ), Fb လူမွု့ကြန္ယက္၌ပ်ံ႕ႏွံ့ေနေသာ ေအာင္ပန္းၿမိဳ့ မဂ္လာရပ္ကြက္တြင္ေနထိုင္လၽွက္ရွိသည့္ အၿငိမ္းစားေက်ာင္းအုပ္ဆရာမႀကီးအား ညီမအရင္းျဖစ္သူမွ ႏွိပ္စက္ညႇင္းပမ္းျခင္း ေခါင္းစဥ္ျဖင့္ , သတင္းမ်ားေၾကာင့္ က်မတို့ ေအာင္ပန္းၿမိဳ့ အသင္းခြဲမွ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း ႏွင့္ အမ်ီုးသမီးေရးရာအဖြဲ႕တို့မွ သြားေရာက္ေတြ႕ဆုံ ေဆြးေႏြးေမးျမန္းခဲ့ၾကပါသည္ / ယခုအခါတြင္ ဆရာမႀကီးသည္ အသက္ ( ၈၂ ) ႏွစ္ ရွိၿပီျဖစ္ၿပီး/ က်န္းမာေရးေကာင္းမြန္သည္ / သတိေကာင္းစြာရွိသည္/ မွတ္ဥာဏ္မ်ားမခ်ိဳ့ယြင္းေသးပါ / စာကိုေကာင္းစြာဖတ္နိုင္၍ အျမင္မွုန္ဝါးျခင္းမရွိ / လမ္းေလၽွာက္ရာတြင္ လူတြဲေဖးကူ မစရာမလို/ က်င္ႀကီးက်င္ငယ္ အား ကိုယ္တိုင္စြန္႔နိုင္သူျဖစ္ေနေသးေၾကာင္းဝမ္းေျမာက္စြာသိရွိေတြ႕ ျမင္ခဲ့ရပါသည္/

ဆရာမႀကီး၏ က်န္ရွိေနသည့္လက္က်န္အခ်ိန္အတြက္ အေကာင္းဆုံးႏွင့္အဆင္ေျပဆုံး ျဖစ္ေစရန္ ကူညီေထာက္ပံ့ေပးရန္ရည္ရြယ္ပါေၾကာင္း/ လက္ရွိ အုပ္ထိန္းေနသည့္ညီမျဖစ္သူကို မိမိတို့၏ သေဘာဆႏၵအား ပြင့္ပြင့္လင္းလင္းေျပာေစလိုေၾကာင္း ေျပာၾကားရာတြင္ အိမ္ရွင္ညီမျဖစ္သူက မိမိသည္က်န္းမာေရးမေကာင္းပါေၾကာင္း မိသားစုစားဝတ္ေနေရးအတြက္လဲ တဖက္မွ႐ုန္းကန္ေနရပါ၍ ေရရွည္အတြက္ဆိုလၽွင္ အဆင္ေျပမည္မဟုတ္ပါေၾကာင္း က်မတို့အဖြဲ႕ မွကူညီေပးမည့္ ဘိုးဘြားရိပ္သာ သက္ႀကီးရြယ္အိုေစာင့္ေရွာက္ေရး ဌာနသို့ ပို့ ေဆာင္ခ်င္ပါသည္ဟု ေျပာၾကားလာပါသည္ / ဆက္လက္၍အၿငိမ္းစားေက်ာင္းအုပ္ဆရာမႀကီးအား က်မတို့အဖြဲ႕ မွ က်န္းမာေရး/ စားဝတ္ေနေရး /က်န္ရွိေနသည့္ ဘဝေနေရးတြင္ တရားဘာဝနာ မ်ားက်င့္ႀကံ ပြားမ်ား အားထုတ္နိုင္ေစေရးအတြက္ ရည္ရြယ္၍ ဘိုးဘြားရိပ္သာသို့ ပို့ေဆာင္ေပးမည္ဟုေျပာၾကားရာ/ ဆရာမႀကီးမွမိသားစုႏွင့္တိုင္ပင္ၿပီးလၽွင္အေၾကာင္းျပန္မည္ျဖစ္ေၾကာင္း သိရွိခဲ့ရပါသည္/ ဆရာမႀကီးမွသြားမည္ဟု အေျဖသိရသည္ႏွင့္ က်မတို့ေအာင္ပန္းၿမိဳ့မွ ရပ္မိရပ္ဖမ်ား /ၿမိဳ့ဖြံ့ၿဖိဳးတိုးတက္ေရးအဖြဲ႕ / ၿမိဳ့အုပ္ခ်ဳပ္ေရးမွူး / မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းႏွင့္ အမ်ိဳးသမီးေရးရာ အဖြဲ႕ တို့မွဦးေဆာင္လၽွက္ ပရဟိတလူမွု့ ကူညီမွု့ အသင္းအဖြဲ႕ မ်ား တို့ ႏွင့္ စုေပါင္းတိုင္ပင္ ၍အေကာင္းဆုံး စီစဥ္ေဆာင္ရြက္ၾကပါမည္ရွင့္ (ေတြ႕ဆုံမွု့ မွတ္တမ္းဓါတ္ပုံမ်ားႏွင့္အတူတင္ျပအပ္ပါသည္)

ယနေ့ ( 20 .5.2020 ), Fb လူမှု့ကွန်ယက်၌ပျံ့နှံ့နေသောအောင်ပန်းမြို့ မဂ်လာရပ်ကွက်တွင်နေထိုင်လျှက်ရှိသည့် အငြိမ်းစားကျောင်းအုပ်ဆရာမကြီးအား ညီမအရင်းဖြစ်သူမှ နှိပ်စက်ညှင်းပမ်းခြင်းခေါင်းစဉ်ဖြင့် , သတင်းများကြောင့် ကျမတို့အောင်ပန်းမြို့ အသင်းခွဲမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် အမျီုးသမီးရေးရာအဖွဲ့တို့မှ သွားရောက်တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ကြပါသည် / ယခုအခါတွင် ဆရာမကြီးသည် အသက် ( ၈၂ ) နှစ် ရှိပြီဖြစ်ပြီး/ ကျန်းမာရေးကောင်းမွန်သည် / သတိကောင်းစွာရှိသည်/ မှတ်ဥာဏ်များမချို့ယွင်းသေးပါ / စာကိုကောင်းစွာဖတ်နိုင်၍ အမြင်မှုန်ဝါးခြင်းမရှိ / လမ်းလျှောက်ရာတွင် လူတွဲဖေးကူ မစရာမလို/ ကျင်ကြီးကျင်ငယ် အား ကိုယ်တိုင်စွန့်နိုင်သူဖြစ်နေသေးကြောင်းဝမ်းမြောက်စွာသိရှိတွေ့ မြင်ခဲ့ရပါသည်/ ဆရာမကြီး၏ ကျန်ရှိနေသည့်လက်ကျန်အချိန်အတွက် အကောင်းဆုံးနှင့်အဆင်ပြေဆုံး ဖြစ်စေရန် ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ပါကြောင်း/ လက်ရှိ အုပ်ထိန်းနေသည့်ညီမဖြစ်သူကို မိမိတို့၏ သဘောဆန္ဒအား ပွင့်ပွင့်လင်းလင်းပြောစေလိုကြောင်းပြောကြားရာတွင် အိမ်ရှင်ညီမဖြစ်သူက မိမိသည်ကျန်းမာရေးမကောင်းပါကြောင်း မိသားစုစားဝတ်နေရေးအတွက်လဲ တဖက်မှရုန်းကန်နေရပါ၍ရေရှည်အတွက်ဆိုလျှင် အဆင်ပြေမည်မဟုတ်ပါကြောင်း ကျမတို့အဖွဲ့ မှကူညီပေးမည့် ဘိုးဘွားရိပ်သာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဌာနသို့ ပို့ဆောင်ချင်ပါသည်ဟုပြောကြားလာပါသည် / ဆက်လက်၍အငြိမ်းစားကျောင်းအုပ်ဆရာမကြီးအား ကျမတို့အဖွဲ့ မှ ကျန်းမာရေး/စားဝတ်နေရေး /ကျန်ရှိနေသည့် ဘဝနေရေးတွင် တရားဘာဝနာ များကျင့်ကြံ ပွားများ အားထုတ်နိုင်စေရေးအတွက် ရည်ရွယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးမည်ဟုပြောကြားရာ/ ဆရာမကြီးမှမိသားစုနှင့်တိုင်ပင်ပြီးလျှင်အကြောင်းပြန်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်/ ဆရာမကြီးမှသွားမည်ဟု အဖြေသိရသည်နှင့် ကျမတို့အောင်ပန်းမြို့မှ ရပ်မိရပ်ဖများ /မြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ / မြို့အုပ်ချုပ်ရေးမှူး / မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ တို့မှဦးဆောင်လျှက် ပရဟိတလူမှု့ ကူညီမှု့ အသင်းအဖွဲ့ များ တို့ နှင့် စုပေါင်းတိုင်ပင် ၍အကောင်းဆုံး စီစဉ်ဆောင်ရွက်ကြပါမည်ရှင့်(တွေ့ဆုံမှု့ မှတ်တမ်းဓါတ်ပုံများနှင့်အတူတင်ပြအပ်ပါသည်)