ညှို့သောပင်လယ်၊ဆွဲငင်သောလမင်းဇာတ်ဝင်တေးအဆိုရှင်Rဇာနည်ကိုအနားထားပြီးတခြားသူဆိုထားတာလို့ပြောနေတဲ့အပေါ်စိတ်မကောင်းဖြစ်နေတဲ့ကြည်ဖြူသျှင်ပရိသတ်ကြီးရေလတ်တလောမှာလူစိတ်ဝင်းစားမှုမြှင့်တက်နေတဲ့The Voice Myanmarသီချင်းဆိုပြိုင်ပွဲကိုတော့အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင်ကြည့်ရှု့နေကြမယ်ထင်ပါတယ်။
ပျော်ရွှင်မှုတွေရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုပေးပြီးတစ်ပတ်နဲတစ်ပတ်မှာမထူတဲ့ပြိုင်ပွဲဝင်တွေရဲ့ဂီတပါရမီအရည်အချင်းပေါင်းစုံကိုမြင်နေရတဲ့ ပြိုင်ပွဲဖြစ်ကာ ဂီတလောကရဲ့နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့Rဇာနည်၊ နီနီခင်ဇော်၊ရန်ရန်ချမ်းနဲ့ကျားပေါက်တို့က ဒိုင်လူကြီးတွေအဖြစ်နဲ့ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်နော်။
ပျော်ပျော်ပါးပါးနဲ့အပတ်တိုင်းမှာအံ့သြဖွယ်လေးတွေပးစွမ်းနိုင်တဲ့The VoiceMyanmarသီချင်းဆိုပြိုင်ပွဲကတော့ဒီတစ်ပတ်ရဲ့ပွဲစဉ်ညမှာဒိုင်လူကြီးတွေကြားမှာမှားယွင်းတဲ့လွဲမှားမှုတစ်ခုကြောင့်အနုပညာရှင်တွေနဲ့ပရိသတ်တွေကြားမှာဂယက်လေးတစ်ခုဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲဝင်တစ်ဦးသီဆိုတဲ့ညှို့သောပင်လယ်၊ ဆွဲငင်သောလမင်းသီချင်းရဲ့မူရင်းအဆိုတော်နဲ့ပတ်သက်ပြီးမှားယွင်းပြောမှုလေးတွေကြောင့်ပရိသတ်တွေကြားဂယက်ထခဲ့ပြီး ဒီနေ့စက်တင်ဘာလ(၇)ရက်နေ့မှာတော့ ကြည်ဖြူသျှင်ကသူမရဲ့ ရိုက်ကူးခဲ့တဲ့ “ညှို့သော ပင်လယ်၊ ဆွဲငင်သော လမင်း” ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်ကာ
မူရင်းအဆိုတော် Rဇာနည် ဖြစ်တဲ့အကြောင်းလေးကို ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်းရုပ်ရှင်ဇာတ်ဝင်သီချင်းသီဆိုသူ မူရင်း အဆိုရှင်ကR ဇာနည် ပါ။ ကျွန်မတို့မိသားစုပိုင်မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေး၊ဝတ္တု လွန်းထားထား(ဆေးတက္ကသိုလ်)ဒါရိုက်တာက ကျွန်မ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ” ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်း” ရုပ်ရှင် အတွက်
အသစ်ရေးတဲ့သီချင်းပါ။မင်းသား ဒွေး မင်းသမီး ထွန်းအိန္ဒြာဗိုပါပြီးတော့လမင်းသို့အမည်နဲ့ Rဇာနည်၊ မီးမီးခဲ စုံတွဲသီချင်းခွေထုတ်ခဲ့ပါသေးတယ်။ထုတ်လုပ်သူက ကျွန်မညီမနုရွှေရည်ပါ။ ဒီသီချင်းကို ဇာတ်ဝင်သီချင်းအဖြစ် တေးရေး-စောခူဆဲ က ရေးပြီး ၊ “Rဇာနည် နဲ့ မီးမီးခဲ” စုံတွဲဆိုခဲ့တာပါ။
မူရင်းအဆိုရှင်Rဇာနည်ကိုအနားထားပြီးခုလိုတွေပြောနေကြတာမင်တော့၊ စိတ်မကောင်းဖြစ်မိလို့ပါကည်ဖြူသျှင်(၇၊၉၊၂၀ ၂၀ ) ဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ကြည်ဖြူသျှင်ကတော့ မူရင်းအဆိုတော်နဲ့ပတ်သက်ပြီး မှားယွင်းမှတ်မိနေကြတဲ့အဖြစ်ကို စိတ်မကောင်းဖြစ်မိလို့ ဖွင့်ချလာခဲ့တာပဲဖြစ်ပါတယ်နော်
ပရိသတ်ကြီးဖတ်ရှု့ပေးခဲ့ကြတဲ့ပရိသတ်ကြီးလည် ပျော်ရွှင်သာယာတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါယ်.Source: Lay Kyi Phyu’s facebook