တခါတေလကိုယ္သိတိုင္း ျမင္တိုင္းလဲထုတ္မေၿပာအပ္ဘူးငါ့ရွင္တုိ႔လြယ္လြယ္မယုံတတ္သူၿပင္သစ္ေတာ္လွန္ေရးကာလ လူေတြတေယာက္နဲ႔ တေယာက္စြပ္စြဲၿပီး ေခါင္းၿဖတ္ေနတဲ႔ ေခတ္ကတရက္မွာဂ်ဴးဘုန္းႀကီးတပါး၊ခရစ္ယန္ဘုန္းႀကီးတပါးနဲ႔
ဘာသာမဲ႔ တေယာက္ကို သတ္ဖို႔အလွည့္က်သတဲဂ်ဴးဘုန္းေတာ္ႀကီးကရဲဝင့္စြာနဲ႔ ေခါင္းၿဖတ္စက္ ေရွ႕ကို ေလွ်ာက္သြားတယ္၊ ေနာက္ဆုံး ေၿပာခ်င္တာ ေၿပာပါဆိုေတာ့က်ဳပ္ဟာ တပါးတည္းသာရွိေသာဘုရားသခင္ကို
ကိုးကြယ္တဲ႔သူ ၿဖစ္တယ္က်ဳပ္ကိုဘုရားသခင္ကယ္လိမ့္မယ္လို႔ယုံႀကည္တယ္လို႔ ေၿပာၿပိး လည္စင္းေပးတယ္။ခလုပ္ကိုလည္း ဆြဲခ်လုိက္ေရာ ဓါးႀကီးက ဝုန္းကနဲ က်လာၿပီးလည္ပင္းနဲ႔ ထိဖို႔ ေလးလက္မ ေလာက္အလုိမွာဒုန္းကနဲရပ္သြားတယ္။
ဘုန္းေတာ္ႀကီးကမင္းတို႔ကို ငါမေၿပာဘူးလားလို႔ ေတာင္ ေၿပာလိုက္တယ္လူေတြကလည္းဘုရားသခင္တန္ခိုးၿပၿပီ၊ဘုရားသခင္ တန္ခိုးၿပၿပီလို႔ဝိုင္းေအာ္ႀကတယ္၊ ပါးကြက္အာဏာသားလည္း ဟုတ္တယ္ဆိုၿပိးဘုန္းႀကီးကို
လႊတ္ေပးလိုက္ရတယ္ေနာက္အလွည့္က်တဲ႔ ခရစ္ယန္ ဘုန္းေတာ္ႀကိးကလည္း “ငါသည္ ေယရႈ ခရစ္ေတာ္ကို ယုံႀကည္တဲ႔ အတြက္၊ သားေတာ္၊ဖခင္ နဲ႔ သန္႔ရွင္းေသာ ဝိညာဥ္ ေတာ္တို႔ ကြ်ႏ္ုပ္အား ကယ္ေတာ္မူပါ” လို႔ ဆုေတာင္း ၿပိး
ေခါင္းၿဖတ္ခံတယ္။ ဒီတခါလည္း ဒါးက လည္ကုပ္ နား မေရာက္ခင္ ကေလးကပ္ရပ္သြားၿပန္သတဲ႔လူေတြက“ေနာက္တခါ ၿပၿပန္ၿပီ ေနာက္တခါ ၿပၿပန္ၿပီလို႔ဝိုင္းေအာ္ ႀကတာနဲ႔ ခရစ္ယန္ ဘုန္းေတာ္ႀကိးကိုလည္း အသက္ခ်မ္းသာ
ေပးလိုက္ႀကၿပန္ သတဲ႔။ဒါနဲ႔ သူ႔အလွည့္က်လာတဲ႔ ဘာသာမဲ႔ ကိုလည္း “ေနာက္ဆုံးစကား ဘာေၿပာခ်င္လဲ ေမးရၿပန္တာေပါ့ဘာသာမဲ႔က ေတာ္ေတာ္နဲ႔ ၿပန္မေၿဖဘူး၊ စိုက္ႀကည့္ေနတယ္။
ေနာက္မွ ဝမ္းသာအားရ ေၿပာသတဲ႔၊ ေဟ႔ ေကာင္ေတြဘာဘုရားမွမတာမဟုတ္ဘူး၊ ဟုိမွာ ေသခ်ာႀကည့္၊ ဂီယာညပ္ေနတာ ေတြ႔လားတဲ႔။ခရစ္တစ္ကို Thet Khine
တခါတလေကိုယ်သိတိုင်း မြင်တိုင်းလဲထုတ်မပြောအပ်ဘူးငါ့ရှင်တို့လွယ်လွယ်မယုံတတ်သူပြင်သစ်တော်လှန်ရေးကာလ လူတွေတယောက်နဲ့ တယောက်စွပ်စွဲပြီး ခေါင်းဖြတ်နေတဲ့ ခေတ်ကတရက်မှာဂျူးဘုန်းကြီးတပါး၊ခရစ်ယန်ဘုန်းကြီးတပါးနဲ့
ဘာသာမဲ့ တယောက်ကို သတ်ဖို့အလှည့်ကျသတဲဂျူးဘုန်းတော်ကြီးကရဲဝင့်စွာနဲ့ ခေါင်းဖြတ်စက် ရှေ့ကို လျှောက်သွားတယ်၊ နောက်ဆုံး ပြောချင်တာ ပြောပါဆိုတော့ကျုပ်ဟာ တပါးတည်းသာရှိသောဘုရားသခင်ကို
ကိုးကွယ်တဲ့သူ ဖြစ်တယ်ကျုပ်ကိုဘုရားသခင်ကယ်လိမ့်မယ်လို့ယုံကြည်တယ်လို့ ပြောပြိး လည်စင်းပေးတယ်။ခလုပ်ကိုလည်း ဆွဲချလိုက်ရော ဓါးကြီးက ဝုန်းကနဲ ကျလာပြီးလည်ပင်းနဲ့ ထိဖို့ လေးလက်မ လောက်အလိုမှာဒုန်းကနဲရပ်သွားတယ်။
ဘုန်းတော်ကြီးကမင်းတို့ကို ငါမပြောဘူးလားလို့ တောင် ပြောလိုက်တယ်လူတွေကလည်းဘုရားသခင်တန်ခိုးပြပြီ၊ဘုရားသခင် တန်ခိုးပြပြီလို့ဝိုင်းအော်ကြတယ်၊ ပါးကွက်အာဏာသားလည်း ဟုတ်တယ်ဆိုပြိးဘုန်းကြီးကို
လွှတ်ပေးလိုက်ရတယ်နောက်အလှည့်ကျတဲ့ ခရစ်ယန် ဘုန်းတော်ကြိးကလည်း ငါသည်ယေရှုခရစ်တော်ကို ယုံကြည်တဲ့ အတွက်၊ သားတော်၊ဖခင် နဲ့ သန့်ရှင်းသော ဝိညာဉ် တော်တို့ ကျွန်ုပ်အား ကယ်တော်မူပါလို့ ဆုတောင်း ပြိး
ခေါင်းဖြတ်ခံတယ်။ ဒီတခါလည်း ဒါးက လည်ကုပ် နား မရောက်ခင် ကလေးကပ်ရပ်သွားပြန်သတဲ့လူတွေက“နောက်တခါ ပြပြန်ပြီ နောက်တခါ ပြပြန်ပြီလို့ဝိုင်းအော် ကြတာနဲ့ ခရစ်ယန် ဘုန်းတော်ကြိးကိုလည်း အသက်ချမ်းသာ
ပေးလိုက်ကြပြန် သတဲ့။ဒါနဲ့ သူ့အလှည့်ကျလာတဲ့ ဘာသာမဲ့ ကိုလည်း “နောက်ဆုံးစကား ဘာပြောချင်လဲ မေးရပြန်တာပေါ့ဘာသာမဲ့က တော်တော်နဲ့ ပြန်မဖြေဘူး၊ စိုက်ကြည့်နေတယ်။
နောက်မှ ဝမ်းသာအားရ ပြောသတဲ့၊ ဟေ့ ကောင်တွေဘာဘုရားမှမတာမဟုတ်ဘူး၊ ဟိုမှာ သေချာကြည့်၊ ဂီယာညပ်နေတာ တွေ့လားတဲ့။ခရစ်တစ်ကို Thet Khine