တနင်္ဂနွေသားသမီးများအတွက်ယခုရက်ပိုင်းအတွင်းအစစအရာရာသတိကြိးစွာထားဖို့လိုအပ်ပါသည်။ရန်ပတ်လည်ဝိုင်းနေတတ်ပါသည်။ပြဿနာအကြီးတစ်ခုဖြေရှင်းရတတ်သည်ကိုယ့်ကိစ္စမဟုတ်လည်းသူတပါးကိစ္စဝင်ပါရတတ်သည်။ကျန်းမာရေးနှင်ပတ်လို့ဆီး၊မျက်စိ၊နား၊နှာခေါင်း၊ဒုက္ခပေးတတ်သည်။ခရီးကံတော့အလွန်ကောင်းတဲ့အချိန်ဖြစ်ပါသည်ရပ်ဝေးကလည်းအကူညီကောင်းတွေရရှိပါလိမ့်မည်အိမ်ကိစ္စ၊အဖိုးတန်ပစ္စည်းအရောင်းဝယ်ကိစ္စတွေအောင်မြင်မည်အိမ်ဆောက်ပစ္စည်း၊အုတ်၊သွပ်၊သံသစ်လုပ်ငန်းတွေအထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။

ခရီးသွားလုပ်ငန်းတွေလည်းအကျိုးပေးပါလိမ့်မည်။မြေ၊အမွေ၊ပညာရေးကိစ္စများကတော့ဆုံဖြတ်ရခက်နေတတ်သည်အိမ်ထောင်ရှင်များအိမ်ထောင်ဖက်ရဲ့တင်းကောင်းကြာရတတ်ပါသည်အချစ်ရေးကတော့ဝေးကွာနေတတ်ပါသည်သင့်အတွက်ကံကောင်စေသောအရောင်မှာအနီရောင်ဖစ်ပါသည်။သင်ထီထိုးမယ်ဆိုရင် ကံကောင်စေမည့်ဂဏန်း၆၁အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်းဖ်ာပြပေးလိုက်ပါသည်အိမ်ဘုရားတွင်အုန်း(၆) ညွန့်လှူပြီး မိမိလိုရာဆုတောင်းပါ။သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုယုံကြည်သည်။ခုနစ်ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည်စုံပါစေကြောင်းဆုတောင်းပေးလိုက်ပါသည်။

တနင်္လာသား/သမီးများအတွက်ဒီရက်ပိုင်းအတွင်း အိမ်၊စက်၊အသုံးအဆောင်အသစ်တွေတစ်ခုပြီးတစ်ခုဝင်လာမယ်တစ်ခုရှိတာကသင့်ဆီမှာရှိသောပစ္စည်းများထွက်တာတွေပျက်တာတွေများနေတတ်သည်။ငွေများများတော့မကိုင်ထားသင့်ပါ။အဲ့ဒီငွေကလူလိမ်ခံရတတ်တယ်။ဆန်ဆီဆေးဆားစက်စပ်တူရှယ်ယာလုပ်ငန်းတွေအကျိုးပေးမည်းအချိန်ဖြစ်ပါသည်ခရီးသွားလာရေးကိစ္စတွေအလွဲလွဲချော်ချော်တွေဖြစ်နေတတ်သည်။နိုင်ငံခြားခရီးနှငိ့ပတ်သတ်သက်လို့မထင်မှတ်ပဲအခွင့်လမ်းကောင်းတွေတော့ရရှိတတ်ပါသည်။မိတ်ဆွေအရင်းဆရာအရင်းတွေကြောင့်စိတ်ရှုပ်ခေါင်းစားရတတ်သည်။

ဘာမဆိုမတင်မကျမရေမရာဖြစ်နေတာကိုတော့သတိထားစေချင်ပါသည်အိမ်ထောင်ရှင်များအထစ်အငေါ့တွေပြေလည်သွားပါလိမ့်မည်အချစ်ရေးကတော့ကံနိမ့်နေတဲ့အချိန်ပိုင်းဖြစ်နေတတ်သည်။သင့်အတွက်ကံကောင်းစေသော အရောင်မှာ နီညိုရောင် ဖြစ်ပါသည်သင်ထီထိုးမယ်ဆိုလျှင်ကံကောင်းစေမည့် ဂဏန်း ၃၁အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။သင့်အတွက်ကံကောင်းစေရန် ယတြာကိုလည် ဖော်ပြပေးလိုက်ပါသည်။အိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ(၁)ပွဲခုလှူပြီးလိုရာဆုတောင်းပါ။သင်၏အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုယုံကြည်သည်။ခုနစ်ရက် သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

အင်္ဂါသား/သမီးများအတွက်ယခုရက်ပိုင်းအတွင်းအဖက်ဖက်ကအခွင့်လမ်းကောင်းတွေပေါ်လာပါလိမ့်မည်။အလုပ်တွေတိုးချဲ့အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲကံတရားကကိုယ့်ကိုမျက်နှာသာပေးသောအချိန်ဖြစ်ပါသည်။ငွေဝင်မည်ရွှေကံကောင်းမည်။အနုပညာအလုပ်၊အလှကုန်၊ကား၊ကျောက်အလုပ်တွေမှာအကျိုးမြတ်များနိုင်မည်။စပ်တူကိစ္စ၊စာချုပ်ရမည့်ကိစ္စတွေတော့သတိထားပါ။ကိုယ်တိုးတက်အောင်မြင်တဲ့အပေါ်မနာလိုအပြိုင်အဆိုင်တွေလည်းပေါ်လာမည်သင့်တမင်ရန်လာစတာတွေတောင်ဖြစ်တတ်ပါသည်သတိထားပါ။ပြည်တင်းပြည်ပခရီးများမရေမရာဖြစ်နေတတ်ပါသည်။အောက်လက်ငယ်သားအကျိုးပေးပါလိမ့်မည်။အိမ်ထောင်ရှင်များ စိတ်ဝမ်းကွဲရတတ်သည်။

အချစ်ရေးသတင်ကောင်းကြာရတတ်သသည်။ခရီးကောင်းကြုံမယ်ကျန်မာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်တတ်သည်သတိထားပါသင့်အတွက် ကံကောင်းစေသော အရောင်မှာ အဖြူရောင်ဖြစ်ပါသည်။သင်ထီထိုးမယ်ဆိုလျှင် ကံကောင်စေမည့်ဂဏန်း ၄၂ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။အိမ်ဘုရားတွင် လက်ဖက်ရည်နှင့်ကိတ်မုန့်လှူပြီး လိုရာဆုတောင်းပါ။သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

ဗုဒ္ဓဟူးသား/သမီးများအတွက်ယခုရက်အတွင်း စပ်တူလုပ်ငန်း၊စက်ပစ္စည်းနှင့်ပတ်သက်သောအလုပ်တွေအောင်မြင်ပါလိမ့်မည်။မိတ်ဆွေအပေါင်းသင်းကောင်းတွမှလည်းအကူညီတွေပေးပါလိမ့်မည်။ဘုရာပုံတော်တွေဝင်လာပြီးသင့်အတွက်နိမိတ်ကောင်းတွေဝင်လာတတ်ပါသည်။သင့်အနေဖြင်ဒီအချိန်မှာအသုဘပိုခြင်သချိုင်္းမြေနင်းခြင်းကိုရှောင်သင့်ပါသည်။ပညာရေး၊မြေ၊အမွေကိစ္စတွေအထူးအကျိုးပေးအောင်မြင်ပါမည်။အောက်လက်ငယ်သားကြောင့်စိတ်ညစ်ရတတ်ပါသည်။ခရီးကံအလွန်ကောင်းပါသည်။ထီးဖိနပ်အထည်လိပ်လုပ်ငန်းတွေလုပ်ဝမလုပ်ပါနှင့်အကျိုးမပေးတတ်ပါကျန်းမာရေးရေချိုးမှားပြီးကျန်းမာရေညံ့တတ်သည်။ဘာသာရေးလုပ်ငန်ဘုရားဖူးလုပ်ငန်းတွေလည်းအောင်းမြင်ပါလိမ့်မည်။

အိမ်ထောင်ရှင်များအဆင်မပြေမှုတွေဖြစ်ပြီးမှပြေလည်သွားလိမ့်မည်။အချစ်ရေးအဆင်ပြေချောမွေမှုများဖြစ်ပေါ်မည်။သင့်အတွက်ကံကောင်းစေသောအရောင်မှာအဝါရောင်ဖြစ်ပါသည်သင်ထီထိုးမယ်ဆိုရင်ကံကောင်စေမည့်ဂဏန်း၅၃အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။အိမ်ဘုရားတွင် မေမြို့ပန်း(၅)ပွင့် လှူဒါန်းပြီး မိမိလိုရာဆုတောင်းပါ။သင်၏အခက်အခဲအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည်စုံပါစေကြောင်းဆုတောင်းပေးလိုက်ပါသည်။

ကြာသပတေးသားသမီးများအတွက်ယခုရက်ပိုင်းအတွင်းအရမ်းကံကောင်းသောအချိန်ဖြစ်တတ်ပါသည်။လုပ်ငန်စီးပွားရေအရှိန်တိုးတက်ပါလိမ့်မည်။နေရာသစ်အစပြုခြင်းတွေလည်းကောင်းပါသည်နိုင်ငံခြားခရီးကောင်းတွေကြုံတွေရတတိသည်။ရပ်ဝေးကစာငွေအဆက်သွယ်ကောင်းအကူညီကောင်းတွေရရှိမည်မိတ်ဆွေအရင်ဆရာအရင်းတွေရဲ့အထင်လွဲမှာခြင်းတွေကြုံတွေ့ရတတ်သည်မအမွေကိစ္စတွေအထစ်အငေါ့များတတ်ပါသည်သွပ်သံသစ်နှင့်ရေထွက်ကုန်ပစ္စည်းအရောင်ဝယ်အကျိုးပေးပါလိမ့်မည်။စပ်တူလုပ်ငန်းများမတင်မကျဆုံးဖြတ်ရခတ်တတ်ပါသည်ကျန်းမာရေးဝမ်းဗိုက်ဥပါဒ်ပေးတတ်ပါသည်။အိမ်ထောင်ရှင်များ နားလည်မှုလွဲမှာသောကာလဖြစ်သည်။

ငယ်ရွယ်သူများ အချစ်ရေး သတင်းကောင်း ကြားရတတ်သည်။သင့်အတွက် ကံကောင်းစေသော အရောင်မှာ အစိမ်းရောင် ဖြစ်ပါသည်။သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့် ဂဏန်း ၆၄အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။မိမိအိမ်ဘုရားတွင် ရှောက်သီး(၁)လုံးဆွမ်းတော်ကပ်ပါ လှူဒါန်းပြီး မိမိလိုရာ ဆုတောင်းပါ။သင်၏ အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

သောကြာသားသမီးများအတွက်ယခုရက်ပိုင်းအတွင်း အလုပ်တွင်နံမည်ဂုဏ်သတင်းတက်စရာများကြုံတွေ့ရတတ်သည်။ရာထူးနေရာအခွင်ကရေးကောင်းတွေလည်းကြုံတွေရတတ်သည်နိုင်ငံခြာလူမျိုးခြားကိစ္စတွေလည်းအကျိုးထူးရရှိမည်ခရီးကောင်းတွေလည်းသွားရတတ်ပါသည်အလှူမင်္ဂလာအစီအစဉ်တွေလည်းပေါ်ပေါက်တတ်သည်ကောင်းပါသည်ကားကျောက်ကုန်ခြောက်လုပ်ငန်းတွေအကျိုးပေးအောင်မြင်ပါလိမ့်မည်အိမ်အဆောက်ဦးကိစ္စတွေကတော့စိတ်ညစ်စရာတွေကြုံတွေ့ရတတ်သည်အောက်လက်ငယ်သားသားသမီးကိစ္စတွေတော့စိတ်ညစ်ရတတ်သည်ငွေကိစ္စအောင်မြင်မယ်လာဘ်လာဘများပေါးများလိမ့်မည်။အိမ်ထောင်ရှင်များ တကျက်ကျက်စကားများရတတ်သည်။

ငယ်ရွယ်သူများအချစ်ရေးတွင် ကြည်နူးဖွယ်ရာများကြုံတွေရတတ်သည်ကျန်းမာရေးအနေဖြင့်လထိုးလအောင့် ဖြစ်တတ်သည်။သင့်အတွက်ကံကောင်းစေသောအရောင်မှာအနက်ရောင် ဖြစ်ပါသည်။ထီထိုးမယ်ဆိုလျှင် ကံကောင်းစေမည့် ဂဏန်း ၇၂ အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်သင့်အတွက်ကံကောင်းစေရန်ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်ဘုရား၏တနလာင်္ဒေါင့်တွင်ငွေထီး(၉)လက်လှူဒါန်းပြီး မိမိလိုရာဆုတောင်ပါ။သင်၏အခက်အခဲအားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ယုံကြည်သည်။ခုနစ်ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

စနေသား/သများအတွက်ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊စိတ်နှစ်ခွဖြစ်စရာတွေကြုံတွေ့ရတတ်သည်။
တစ်ဇွတ်ထိုးလုပ်ပြီးအမှာတွေလည်းကြုံတွေ့ရတတ်ပါသည်။တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့အချိန်ပါပဲ။သူတပါးကိုကူညီရတဲ့အလုပ်တွေနဲ့မနားရအောင်ဖြစ်နေတတ်ပါသည်။အလုပ်တွေအများကြီးလုပ်ရပြီးငွေကြပ်နေတတ်ပါသည်။နာမည်ကြီးထမင်းငတ်ဆိုတာဒီကိန်မျိုးပါပဲမိတ်ဆွေဒီအချိန်မှာဘာလုပ်ငန်းကိုမှကြီးကြီးမားမားမချဲ့သင့်ပါနေရာကိစ္စအဆောက်ဦးကိစ္စတွေမှတို့လို့တန်းလန်းဖြစ်နေတတ်သည်။စာချုပ်ရမည့်ကိစ္စတွေခေါင်ရှုပ်ရတတ်သည်။

မိတ်ဆွေရဲကျန်းနာရေးကခြေထောက်ခါးနာခြင်းဖြစ်တတ်သည်။အိမ်ထောင်ရှင်များ ခွဲခွါနေထိုင်ရတတ်သည်။ငယ်ရွယ်သူများ အချစ်ရေး ချစ်သူနှင့်စကားများရတတ်သည်။သင့်အတွက်ကံကောင်းစေသောအရောင်မှာဆင်စွယ်ရောင် ဖြစ်ပါသည်။ထီထိုးမယ်ဆိုလျှင်ကံကောင်းစေမည့်ဂဏန်း၇၅အတွဲဟာသင့်အတွက်ကံကောင်းစေပါသည်။သင့်အတွက် ကံကောင်းစေရန် ယတြာကိုလည်း ဖော်ပြပေးလိုက်ပါသည်။အိမ်ဘုရားတွင်နှင့်ဆီ(၇)ပွင့်လှုပြီးလိုရာဆုတောင်းပါ။သင်၏အခက်အခဲအား လုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုယုံကြည်သည်။ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။ခရစ်တစ်ဗေဒင်ရွာ

LEAVE A REPLY

Please enter your comment!
Please enter your name here