တစ္သက္တစ္ကၽြန္းက်ေနတဲ့ သားျဖစ္သူကို လွိုဏ္ေခါင္းတူး ေထာင္ေဖါက္ၿပီး ကယ္ထုတ္ဖို့ႀကိဳးစားခဲ့တဲ့မိခင္ယူကရိန္းနိုင္ငံကမိခင္တစ္ေယာက္ဟာတစ္ေယာက္ထဲလွိုင္ေခါင္းတူးၿပီးယူကရိန္းနိုင္ငံအက်ဥ္းေထာင္မွာတစ္သက္တစ္ကၽြန္းက်ေနတဲ့ သားျဖစ္သူကို ေထာင္ကေနကယ္ထုတ္ဖို့ႀကိဳးစားခဲ့တာေၾကာင့္ ေထာင္က်မဲ့အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

အဆိုပါ အသက္ ၅၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မိခင္ဟာယူကရိန္းနိုင္ငံ အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ Zaporizhia ၿမိဳ့က အက်ဥ္းေထာင္နားမွာ အိမ္တစ္လုံးငွားခဲ့ၿပီး သူမရဲ့ ေထာင္ေဖာက္ဖို့ အစီအစဥ္ကိုစတင္ခဲ့တာပါထိုအမ်ိဳးသမီးဟာညအခ်ိန္မွာသာ သံတူရြင္းနဲ႔ေပါက္တူးကို အသုံးျပဳၿပီးလွိုဏ္ေခါင္းတူးခဲ့တာေၾကာင့္ဘယ္သူမွမသိရွိခဲ့ပါဘူး။

သူမဟာေထာင္အနီးမွာဘဲ ေနထိုင္တဲ့အတြက္ေၾကာင့္လည္း ေဒသခံမ်ားကမရိပ္မိခဲ့တာျဖစ္ပါတယ္။ ညအခ်ိန္ေရာက္တာနဲ႔ သူမဟာ တြင္းတူးရမယ့္ ေနရာကိုအသံၿငိမ္တဲ့ လၽွပ္စစ္စကူတာနဲ႔ သြားေရာက္ကာ တြင္းတူးခဲ့ၿပီး ေျမႀကီးမ်ားကိုေတာ့ လက္တြန္းလွည္းအေသးစားနဲ႔ သယ္ယူခဲ့ပါတယ္။

သူမဟာ ၁၀ ေပအနက္ရွိတဲ့ တြင္းကိုတူးခဲ့ၿပီးသူမရဲ့သားရွိတဲ့အခ်ဳပ္ခန္းဆီကို ေျမေအာက္ကေန ၃၅ ေပခန႔္ဆက္လက္တူးေဖၚခဲ့ပါတယ္။ တြင္းတူးၿပီးတဲ့အခါမွာေတာ့ သူမဟာေျမႀကီးမ်ားကို ေထာင္အနီးအနားမွာရွိတဲ့ကားသခၤ်ိဳင္းနားမွာ သြားေရာက္စြန႔္ပစ္ခဲ့ပါတယ္။

သူမဟာရက္သတၱေပါင္း ၃ ပတ္ခန႔္ႀကိဳးစားတူးေဖၚခဲ့ၿပီးတဲ့ေနာက္မွာေတာ့ တူးထားတဲ့ေျမႀကီးေတြဟာ ၃ တန္ခန႔္ရွိသြားခဲ့တာေၾကာင့္ ေထာင္ေစာင့္မ်ားက သတိထားမိသြားခဲ့ၾကၿပီး သူမကို ဖမ္းဆီးနိုင္ခဲ့တာပါ။ရဲမ်ားဟာထိုအမ်ိဳးသမီးငွားရမ္း ေနထိုင္တဲ့ေနတဲ့ အိမ္ကိုသြားေရာက္ စစ္ေဆးတဲ့ အခါမွာေတာ့ တူးေဖၚေရးပစၥည္းမ်ားကိုလည္း ေတြ႕ရွိခဲ့ပါတယ္။

ေထာင္ေစာင့္တစ္ဦးကလ သူမမွာ ေျမႀကီးေတြသယ္ဖို့အတြက္ သစ္သားနဲ႔ ျပဳလုပ္ထားတဲ့ လက္တြန္းလွည္းအေသးစားရွိတယ္ လို့ေျပာျပခဲ့ပါတယ္။ ယူကရိန္းသတင္းဌာနမွ သတင္းေထာက္မ်ားဟာ ထိုအမ်ိဳးသမီးဓါတ္ပုံကိုျပသၿပီး ေဒသခံစတိုးဆိုင္မ်ားကို ေမးျမန္းခဲ့ေပမဲ့လဲ ထိုအမ်ိဳးသမီးကို မသိရွိၾကဘူးလို့ ဆိုၾကပါတယ္။

သတင္းဌာနမ်ားက ထိုအမ်ိဳးသမီးနဲ႔ ေထာင္က်ေနတဲ့ သားျဖစ္သူရဲ့နာမည္ကို မေဖၚျပခဲ့ေပမဲလဲMykolaivၿမိဳ့ကျဖစ္တယ္လို့ တင္ျပထားခဲ့ပါတယ္။ အင္တာနက္အသုံးျပဳသူအမ်ားစုက ထိုအမ်ိဳးသမီးဟာ ျပစ္မွုက်ဴးလြန္ခဲ့ေပမဲ့ သူ႔ရဲ့ ႀကီးမားလွတဲ့ မိခင္ေမတၱာကို ခ်ီးက်ဴးေျပာေနၾကပါတယ္။

အင္တာနက္အသုံးျပဳတစ္ေယာက္ျဖစ္တဲ့ Serhey Phinyansky ဆိုသူက ” ဒီအမ်ိဳးသမီးက ေသေသခ်ာခ်ာကို စီစဥ္ခဲ့တာပဲ၊ တြင္းတူးတဲ့လုပ္ငန္းေတြကို လုပ္ခဲ့ဖူးတယ္ထင္တယ္၊ ၃ မီတာအနက္ရွိတဲ့ တြင္းကိုတူးခဲ့တာဆိုေတာ့ ေတာ္ေတာ္ပင္ပန္းခဲ့မွာပဲလို့မွတ္ခ်က္ျပဳခဲ့ပါတယ္။credit

တစ်သက်တစ်ကျွန်းကျနေတဲ့ သားဖြစ်သူကို လှိုဏ်ခေါင်းတူး ထောင်ဖေါက်ပြီး ကယ်ထုတ်ဖို့ကြိုးစားခဲ့တဲ့မိခင်ယူကရိန်းနိုင်ငံကမိခင်တစ်ယောက်ဟာတစ်ယောက်ထဲလှိုင်ခေါင်းတူးပြီးယူကရိန်းနိုင်ငံအကျဉ်းထောင်မှာတစ်သက်တစ်ကျွန်းကျနေတဲ့ သားဖြစ်သူကို ထောင်ကနေကယ်ထုတ်ဖို့ကြိုးစားခဲ့တာကြောင့် ထောင်ကျမဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

အဆိုပါ အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဟာယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ Zaporizhia မြို့က အကျဉ်းထောင်နားမှာ အိမ်တစ်လုံးငှားခဲ့ပြီး သူမရဲ့ ထောင်ဖောက်ဖို့ အစီအစဉ်ကိုစတင်ခဲ့တာပါထိုအမျိုးသမီးဟာညအချိန်မှာသာ သံတူရွင်းနဲ့ပေါက်တူးကို အသုံးပြုပြီးလှိုဏ်ခေါင်းတူးခဲ့တာကြောင့်ဘယ်သူမှမသိရှိခဲ့ပါဘူး။

သူမဟာထောင်အနီးမှာဘဲ နေထိုင်တဲ့အတွက်ကြောင့်လည်း ဒေသခံများကမရိပ်မိခဲ့တာဖြစ်ပါတယ်။ ညအချိန်ရောက်တာနဲ့ သူမဟာ တွင်းတူးရမယ့် နေရာကိုအသံငြိမ်တဲ့ လျှပ်စစ်စကူတာနဲ့ သွားရောက်ကာ တွင်းတူးခဲ့ပြီး မြေကြီးများကိုတော့ လက်တွန်းလှည်းအသေးစားနဲ့ သယ်ယူခဲ့ပါတယ်။

သူမဟာ ၁၀ ပေအနက်ရှိတဲ့ တွင်းကိုတူးခဲ့ပြီးသူမရဲ့သားရှိတဲ့အချုပ်ခန်းဆီကို မြေအောက်ကနေ ၃၅ ပေခန့်ဆက်လက်တူးဖေါ်ခဲ့ပါတယ်။ တွင်းတူးပြီးတဲ့အခါမှာတော့ သူမဟာမြေကြီးများကို ထောင်အနီးအနားမှာရှိတဲ့ကားသင်္ချိုင်းနားမှာ သွားရောက်စွန့်ပစ်ခဲ့ပါတယ်။

သူမဟာရက်သတ္တပေါင်း ၃ ပတ်ခန့်ကြိုးစားတူးဖေါ်ခဲ့ပြီးတဲ့နောက်မှာတော့ တူးထားတဲ့မြေကြီးတွေဟာ ၃ တန်ခန့်ရှိသွားခဲ့တာကြောင့် ထောင်စောင့်များက သတိထားမိသွားခဲ့ကြပြီး သူမကို ဖမ်းဆီးနိုင်ခဲ့တာပါ။ရဲများဟာထိုအမျိုးသမီးငှားရမ်း နေထိုင်တဲ့နေတဲ့ အိမ်ကိုသွားရောက် စစ်ဆေးတဲ့ အခါမှာတော့ တူးဖေါ်ရေးပစ္စည်းများကိုလည်း တွေ့ရှိခဲ့ပါတယ်။

ထောင်စောင့်တစ်ဦးကလ သူမမှာ မြေကြီးတွေသယ်ဖို့အတွက် သစ်သားနဲ့ ပြုလုပ်ထားတဲ့ လက်တွန်းလှည်းအသေးစားရှိတယ် လို့ပြောပြခဲ့ပါတယ်။ ယူကရိန်းသတင်းဌာနမှ သတင်းထောက်များဟာ ထိုအမျိုးသမီးဓါတ်ပုံကိုပြသပြီး ဒေသခံစတိုးဆိုင်များကို မေးမြန်းခဲ့ပေမဲ့လဲ ထိုအမျိုးသမီးကို မသိရှိကြဘူးလို့ ဆိုကြပါတယ်။

သတင်းဌာနများက ထိုအမျိုးသမီးနဲ့ ထောင်ကျနေတဲ့ သားဖြစ်သူရဲ့နာမည်ကို မဖေါ်ပြခဲ့ပေမဲလဲMykolaivမြို့ကဖြစ်တယ်လို့ တင်ပြထားခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအများစုက ထိုအမျိုးသမီးဟာ ပြစ်မှုကျူးလွန်ခဲ့ပေမဲ့ သူ့ရဲ့ ကြီးမားလှတဲ့ မိခင်မေတ္တာကို ချီးကျူးပြောနေကြပါတယ်။

အင်တာနက်အသုံးပြုတစ်ယောက်ဖြစ်တဲ့ Serhey Phinyansky ဆိုသူက ” ဒီအမျိုးသမီးက သေသေချာချာကို စီစဉ်ခဲ့တာပဲ၊ တွင်းတူးတဲ့လုပ်ငန်းတွေကို လုပ်ခဲ့ဖူးတယ်ထင်တယ်၊ ၃ မီတာအနက်ရှိတဲ့ တွင်းကိုတူးခဲ့တာဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပဲလို့မှတ်ချက်ပြုခဲ့ပါတယ်။credit

LEAVE A REPLY

Please enter your comment!
Please enter your name here