အဖေပြောဖူးတယ်တစ်ချို့လူတွေကဆင်းရဲသင့်လို့ကိုဆင်းရဲနေတာတဲ့အစပိုင်းကကျွန်တော်အဲဒီစကားကိုနားမလည်ဘူးဗျ။ဘယ်လိုမျိုးဆင်းရဲသင့်လို့ဆင်းရဲနေတာလဲပေါ့ဘယ်လိုလူတွေကဆင်းရဲသင့်နေလို့လဲပေါ့အဲဒီစကားကကိုယ်တိုင်

ကြုံမှပဲနားလည်ခဲ့တာကျွန်တော်အရင်ကစီးပွါးရေးတွေလုပ်တော့အောင်မြင်တယ်ပဲပြောရမယ်ဘဏ်အကောင့်ထဲသိန်းထောင်ဂဏန်းရှိခဲ့ဖူးတယ်ပေါ့ဗျာငွေလေးဘာလေးရှိလာတော့လိုအပ်မှန်းမသိ မလိုအပ်မှန်းမသိ လျှောက်ဝယ်တဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဇာတ်လမ်းကစတော့တာပဲHonda Fit လေးစစီးတယ်သိပ်မကြာသေးဘူး လမ်းမှာရပ်ထားတဲ့Wishတစ်စီးလှလို့ဆိုပြီးHonda Fitကိုအရှုံးခံ ရောင်းပြီးWishကိုဝယ်ပြန်ရောWishစီးတာမကြာသေးဘူးသူငယ်ချင်းတွေက

မင်းအနေထားကြီးနဲ့Alphard လောက် တော့စီးသင့်နေပြီဆီဖိုးလဲတတ်နိုင်တာပဲဘာညာ ပြောတာနဲ့ Wishကို ပြန်ရောင်း ပြန်ရောင်းတော့ထပ်ရှုံးတယ်Aphardထပ်ဝယ်တော့ ငွေကထပ်လိုက်ရပြန်ရောငွေကတစစနဲ့ရှုံးနေတာကို

သတိမထားမိတာအဲဒါလဲအားမရသေးဘူးFordကားShowroom ရှေ့ရောက်တော့Fordကြီးလိုချင်ပြန်ရောအကောင့်ထဲမှာ ငွေရှိတာပဲလေဆိုပြီးထပ်ဝယ်ပလိုက်ပြန်ရောကိုယ့်ဝင်ငွေထက်ထွက်ငွေတွေကများနေတာကို

သတိမထားမိပဲကို့ရဲ့လိုချင်စိတ်ကိုမထိနိးနိုင်ခဲ့တာဗျစီးတီးမတ်တစ်ခါသွားရင်လိုတာကော မလိုတာကောဝယ်တစ်ခါရှင်းရင် နှသိန်းသုံးသိန်းပြီးရင်ဘာမှလဲအဖတ်မတင်ဘူးကားတွေဝယ်နေတဲ့သူတွေစီးတီးမတ်သွားတဲ့လူတွေကို

ပြောတာမဟုတ်ဘူးနော်ကို့ဟာကိုဝင်ငွေနဲ့ထွက်ငွေမမျှတာကိုသတိမထားမိတာကိုဥပမာနဲ့ ပြောပြတာပါဒီလိုနဲ့လုပ်ငန်းတွေရှုံးပြီးဝင်ငွေတဲ့ရပ်သွားတဲ့အချိန်မှာလည်းအသုံးအဖြုန်းကတော့မရပ်နိုင်သေးဘူး။ဘယ်အချိန်မှရပ်လဲဆိုတော့

မွဲသွားမှရပ်တာဝင်ငွေထွက်ငွေမမျှတရင်လည်းဆင်းရဲသင့်တဲ့လူစာရင်းထဲထိပ်ဆုံးကပါနေပြီဗျငွေရှာဖို့အရေးကြီးပေမယ့်ရှာလာတဲ့ငွေကိုထိနိးသိမ်းတတ်ဖို့ကပိုပြီးအရေးကြီးတယ်ရှာတာ တစ်လဆယ်သိန်းကိုဆယ်သိန်းလုံးသုံးမပစ်

သင့်ဘူးဆိုတာလူတိုင်းသိပေမယ့်လိုက်နာဖို့ကျတော့ခက်ခဲတယ်ဆယ်သိန်းဝင်လို့ငါးသိန်းသုံးပြီးငါးသိန်းစုနိုင်ရင်အကောင်းဆုံးပေါ့အခုဒီစာဖတ်နေတဲ့သူတွေကိုလည်းကျွန်တော် ပြောချင်တယ်ဝင်ငွေတွေကိုအကုန်မသုံးပါနဲ့

မလိုအပ်တာ တွေသိပ်မဝယ်ပါနဲ့ နောက်ပိုင်းဆိုငွေရှာရပိုခက်တော့မှာပါ ငွေစုပါစုလာတဲ့ငွေကိုရင်းနှီးမြှုပ်နှံပါကျွန်တော်ဝင်ငွေထွက်ငွေမမျှလို့မွဲဖူးလို့ စေတနာနဲ့ရေးတာပါကျွန်တော်မှမဟုတ်ဘူးငယ်သူငယ်ချင်းတစ်ယောက်လဲ

အဲဒီလိုပဲသူအဆင်ပြေနေတဲ့အချိန်ဘဏ်ထဲမှာသိန်းနှစ်သောင်းကျော်ရှိတယ်သူကကျတော့ လောင်းကစားလုပ်တာ။မြဝတီဘက်ကာစီနိုသွားဆော့တာအခုဆို နေစရာအိမ်တောင်မရှိတော့လို့သူများအိမ်ကပ်နေနေရပြီဝင်ငွေထွက်ငွေ

မချိန်တတ်တဲ့အပြင် လောင်းကစားပါငြိသွားတော့ဆင်းရဲသင့်တဲ့လူစာရင်းထဲ ပါသွားတာပေါ့အရင်ကကိုယ်အသုံးမကျခဲ့ကြောင်းကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာသိပ်တော့သက်တောင့်သက်သာမရှိလှပေမယ့်ကိုယ်တွေသတိမထား

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မိခဲ့လို့မွဲသွားခဲ့ဖူးသလိုဘယ်သူ့ကိုမှထပ်မဖြစ်စေချငိလို့ဒီစာကိုရေးပေးတာပါအခုယိုပေါက်တွေပိတ်လိုက်လို့အရင်ထက်ပိုအဆင်ပြေနေပါတယ်ဆင်းရဲသင့်တဲ့သူကဆင်းရဲနေအုန်းမှာမလို့ဝင်ငွေနဲ့ထွက်ငွေအမြဲတမ်းချိန်ဆအသုံးပြုနိုင်ကြပါစေ Via;Ko Lin