ဆံပင်တွေပါးပြီးကျွတ်နေတဲ့ပြဿနာတွေကိုတစ်ပတ်အတွင်း ဖြေရှင်းမယ်ဆံပင်တွေပါးပြီးကျွတ်နေတဲ့ ပြဿနာတွေကိုတစ်ပတ်အတွင်းဖြေရှင်းမယ်ဆံပင်ပါးနေလို့ဆံပင်တွေခဏခဏကျွတ်နေလို့စိတ်ညစ်နေလားဒါဆိုရင်တော့

သဘာဝနည်းလမ်းလေး၃သွယ်ကိုမျှဝေပေးမယ်နော်ကြက်ဥကဆံပင်အတွက်ဘာတွေကောင်းတယ်ဆိုတာအရင်ပြောပြ ပေးမယ်နော်ဆံပင်ပြန်လည်ရှင်သန်စေဖို့နဲ့ဆံနွယ်တွေကိုတောက်ပြောင်စေတဲ့ပရိုတင်းနဲ့ဗီတာမင်ဓါတ်တွေအများ

အပြားပါဝင်ပါတယ်။ဒါ့ကြောင့်ဆံပင်ကျွတ်တာကိုအထိရောက်ဆုံးကုသပေးနိုင်ပါတယ်ဒါ့အပြင်အိုင်အိုဒင်း၊ဖော့စဖော့ရပ်၊ဆီလီနီယမ်၊သံဓါတ်တွေပါဝင်လို့ကျွတ်သွားတဲ့ဆံပင်တွေကိုပြန်လရှင်သန်စေပါတယ်UVဒဏ်ကနေကာ

ကွယ်ပေးတဲ့ဗီတာမင်Eကြွယ်ဝစွာပါဝင်လို့ဆံသားပျက်ဆီးခြင်းကိုကာကွယ်ပေးမှာပါဆံပင်ရဲ့အမြစ်လေးတွေကိုအားဖြည့်ပေးတဲ့ဗီတာမင်B7ပါဝင်ပြီးဆံကေသာကိုသန်စွမ်းစေပါတယ်ဦးရေပြားယားယံတာဆံသားခြောက်သွေ့

တာတွေကိုလည်းသက်သာစေပါတယ်။ ပြုလုပ်နည်း၃မျိုးကိုဆက်ပြီးမျှဝေပေးမယ်နော်၁။ကြက်ဥနဲ့သံလွင်ဆီဆံပင်ကျွတ်တာကိုထိန်းချုပ်နိုင်ဖို့ကြက်ဥနဲ့သံလွင်ဆီကိုသုံးပေးပါကြက်ဥ၁လုံးနဲ့သံလွင်ဆီလက်ဖက်ရည်ဇွန်း၁ဇွန်းကိုရောပြီးသေချာ

မွှေပေးပါအရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါပြီးရင်ဦးရေပြားပေါ်လိမ်းပေးပြီးမိနစ်၂၀ကနေနာရီဝက်ထိထားပါ။ပြီးရင်ခေါင်းလျှော်ရည်နဲ့လျှော်ချပါ၂။ကြက်ဥအနှစ်နဲ့သံပုရာရည်ဆံပင်ကျွတ်တာကိုသက်သာစေပြီးဆံသားတွေကို

ပြန်လည်ထူလာစေဖို့ကြက်ဥအနှစ်၂လုံးနဲ့သံပုရည်ရည်လက်ဖက်ရည်ဇွန်း၂ဇွန်းကိုသေချာမွှေပါအရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါ။ပြီးရင်ဆံပင်အမြစ်ကနေအဖြားထိလိမ်းပေးပါအဲဒီနောက်မိနစ်၃၀လောက်ထားပြီး

ခေါင်းလျှော်ရည်နဲ့ လျှော်ချပါတစ်ပတ်ကို၃ကြိမ်လုပ်ပေးပါ။၃။ကြက်ဥအနှစ်၊သံလွင်ဆီနဲ့ပျားရည်ဆံသားပျက်ဆီးခြင်းကိုပြန်လည်ရှင်သန်စေပြီးဆံသားခြောက်သွေ့တာတွေကိုသက်သာစေဖို့အတွက်ကြက်ဥအနှစ်၂လုံး၊သံလွင်ဆီစားပွဲတင်ဇွန်း၃ဇွန်း၊ပျားရည်စားပွဲတင်ဇွန်း၃ဇွန်းကို သေချာမွှေပါ

အရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါ။အဲဒီနောက်ဦးရေပြားနဲ့ ဆံပင်အမြစ်ကနေအဖြားထိလိမ်းပေးပြီးမိနစ်၃၀လောက်ထားပါပြီးရင်ရေခပ်နွေးနွေးခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပါတစ်ပတ်ကို၃ကြိမ်ဖြစ်ပြီး၁လတိတိဆိုရင်ဆံသားတွေတောက်ပြောင်သန်စွမ်းလာမှာပါ