ဆံပင် အရှည်ထားရတာရည်းစားထားရတာထက်ကိုစိတ်ရှည်မှ ရပါတယ်ဆံပင်မသန်ရတာနဲ့၊ဆံပင်ဂရုမစိုက်နိုင်ရတာနဲ့၊ဆံပင် တွေ ပြတ်ထွက်ရတာနဲ့အတော်ကိုအာရုံနောက်တဲ့ကိစ္စပါအချိန်ပေးပြီး ပြုစုယုယနိုင်မှတော်ကာကျပါမယ်
ဒီလောက် ပေကပ်ကပ်နဲ့မရှည်နိုင်တဲ့ဆံပင်တွေကိုအမြန်ရှည်လာအောင်ဘယ်လိုလုပ်မလဲဆံပင်တွေကိုဓာတုပစ္စည်းတွေမထိစေချင်ပါဘူးဆိုသူတွေ၊ဆံပင်မဆက်ချင်သူတွေအတွက်အဆင်ပြေစေမှာပါအပျင်းကြီးလို့တော့မရပါဘူး
စိတ်မရှည်လို့လဲမရပါဘူးဆံပင်ကို ခြောက်သွေ့မှဖြီးပါဆံပင်ကို ခေါင်းလျှော်ပြီးခါစနဲ့ ရေစိုနေချိန်မှာဘယ်တော့မှမဖြီးရပါဘူးဆံပင်ဆိုတာတကယ်တော့ ဆဲလ်အသေလေးတွေအများကြီးဆက်ထားတဲ့အမျှင်တစ်ခုပါပုံထဲကလို
မျိုးဖြစ်နေတာကြောင့်ဆံပင်ကို ပေါင်းဆေးထည့်မယ်ဆိုမထည့်ခင် ရေနွေးနဲ့လျှော်မယ်အကြေးခွံလိုဆဲလ်လေးတွေပွင့်သွားပြီးမှထည့်တော့ပိုပြီး ဆံသားထဲစိမ့်ဝင်တာပေါ့။ ရေစိုနေတုန်းဘီးဖြီးတဲ့အခါဆံသားတွေကျွတ်ထွက်ကုန်တာပါ
ဆံပင်ခြောက်ပြီဆိုမှဖြီးပေးတာကောင်းပါတယ်ညအိပ်ခါနီးတိုင်းတစ်ခါလောက်တော့ဖြီးပေးပြီးမှအိပ်ယာဝင်တဲ့အကျင့်လုပ်ထားပါနေ့တိုင်းခေါင်းမလျှော်ပါနဲ့ချွေးထွက်လို့၊ ရေကူးလို့၊အားကစားလုပ်လို့ဆိုတဲ့အကြောင်းပြချက်
တွေနဲ့ နေ့တိုင်းခေါင်းကို လျှော်မနေပါနဲ့ခေါင်းကနေအလိုလိုထွက်တဲ့ ခေါင်းဆီဆိုတာရှိပါတယ်အားနေယားနေ လျှော်မယ်ဆိုရင်ဦးရေပြားခြောက်သွေ့ခြင်းတွေ ဖြစ်လာနိုင်ပြီး ဆံပင်ကိုအရင်းကနေထိန်းထားပေးမယ့် အလုပ်နဲ့ဆံပင်ကို
အားဖြည့်ပေးမယ့်အဆီတွေမရှိနိုင်တော့ပါဘူး။ခေါင်းလျှော်တာနဲ့ ခေါင်းကို ကုတ်လိုက် ခြစ်လိုက်လုပ်တာကဒီအဆီတွေခမ်းခြောက်သွားစေပါတယ်တကယ်ဆံပင်အရှည်မြန်စေဖို့ကဘာမှမလုပ်လေကောင်းလေပါပဲ။ဒါတွေစားပါဥအမျိုးမျိုး
ငါးအမျိုးမျိုး၊အိုမီဂါသရီးအက်ဆစ်၊အစိမ်းရောင်အရွက်များ၊ ရွှေဖရုံသီး များများစားဖို့လုပ်ပါသူတို့မှာကပရိုတင်း(Protein)နဲအဆီတွေပါရှိတာမို့ဆံပင်အတွက် အားဖြည့်ပေးနိုင်မှာ ဖြစ်ပြီးသံဓာတ်နဲ့အဆီတွေကိုအရင်းကနေ
အဖျားအထိအားရှိစေမှာဖြစ်ပါတယ်။သကြားရှောင်ပါဆံပင်တွေဖွံဖြိုးဖို့ ကောလ်ဂျင်(Collagen)နဲ့ကီရာတင်(Keratin) တွေကလိုအပ်ပါတယ်သကြားကဒီ ကောလ်ဂျင်Collagenနဲ့ကီရာတင်(Keratin) နှစ်မျိုးလုံးကို
ဖျက်ဆီးပစ်လေ့ရှိပြီးဆံပင်ကတော်တော်နဲ့မရှည်တော့ပါဘူးကောလ်ဂျင်Collagenကဆံပင်ကိုသန်မာစေတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ဖြစ်ပြီးသကြားကဒီအက်ဆစ်ဓာတ်ကိုပြိုကွဲသွားစေနိုင်ပါတယ်သကြားဓာတ်ကိုလျော့စားလိုက်တာနဲ့
သင့်ဆံပင်နဲ့လက်သည်းလေးတွေမကျိုးမပဲ့တော့တာကို တွေ့ရပါလိမ့်မယ်ခေါင်းကို ဇောက်ထိုးစိုက်တဲ့နည်း(Inverted Massages)ဘာကြီးခေါင်းကို ဇောက်ထိုးစိုက်တဲ့နည်းအခုဆံပင်နဲ့ပတ်သတ်တဲ့အလှပညာရှင်တွေ ပြောနေကြလို့ ခေတ်စားနေတဲ့နည်းပါ
အထူးသဖြင့် ယောဂကျင့်သူတွေကြားမှာ ရေပန်းစားတယ်ဆိုပါတော့။ အဆီတစ်ခုခု ဦးရေပြားကို လိမ်းပြီးနောက် ခေါင်းကို ဇောက်ထိုးထားရတာပါတစ်ရက်ကို(၄)မိနစ်လောက်လုပ်ပေးခြင်းဖြင့် တစ်ပတ်ကိုတစ်လက်မလောက်ရှည်ထွက်လာတာကိုတွေ့ရပါတယ်
အဖျားနှစ်ခွတွေကိုတိပေးပါဒါကတော့သိပ်ပြောစရာမလိုဘူးထင်ပါတယ်အဖျားကို ၃လတစ်ကြိမ်လောက်တိပေးခြင်းဖြင့်ကျန်းမာသန်စွမ်းတဲ့ဆံသားလေးတွေပိုင်ဆိုင်နိုင်တယ်ဆိုတာသိပြီးသားဖြစ်ပေမယ့်တကယ်သိထားတဲ့အတိုင်းလုပ်ဖြစ်ဖို့လည်း လိုပါမယ်