မြန်မာအများဆုံးသွားရောက်လုပ်ကိုင်နေတဲ့ထိုင်းနိုင်ငံရဲ့အခြေခံလုပ်ခတိုးဖို့ စီစဉ်နေလုပ်သားများကိုဗစ်၁၉ကပ်ရောဂါရိုက်ခတ်မှုကိုခံသာစေရေးအတွက်အနိမ့်ဆုံးလုပ်ခကို၅ရာခိုင်နှုန်းမှ၈ရာခိုင်နှုန်းအထိထိုင်းအစိုးရကတိုးမြှင့်ပေးဖို့စီစဉ်
နေတယ်လို့သိရပါတယ်ထိုင်းနိုင်ငံအမျိုးသားအဆင့်လုပ်ခလစာကော်မတီကအခုလကုန်ပိုင်းမှာလုပ်ဆောင်မယ့်အစည်းဝေးတွေမှာတစ်ရက်တာအနည်းဆုံးလုပ်အားခတိုးမြှင့်ပေးရေးကို ထောက်ခံအကြံပြုသွားမှာဖြစ်တယ်လို့
ကော်မတီဝင်တွေကလည်းဆိုထားတာပါအဲလိုထပ်မံတိုးမြှင့်ပေးမယ့်လုပ်ခကိုလည်းအခုနှစ်နှောင်းပိုင်းမှာရရှိဖို့ကိုထိုင်းအစိုးရကလုပ်ဆောင်ပေးသွားမယ်လို့ဆိုထားတာပါ။ထိုင်းနိုင်ငံရဲ့လက်ရှိအခြေခံလုပ်ခဟာဆိုရင်အနိမ့်ဆုံး
ပျမ်းမျှဘတ်၃၀၀မှာရှိနေတာပါဒါကိုဘတ်၃၂၉ဘတ်မှ၃၅၃ဘတ်အထိတိုးမြှင့်ပေးနိုင်ဖို့ထိုင်းအစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရရှိဖို့စောင့်ဆိုင်းနေတာပါအဲ့လို လုပ်ခလစာတိုးမြှင့်ဖို့ ဆောင်ရွက်ချက်နဲ့အတူမြန်မာလာအို၊ကမ်ပူချာစတဲ့
နိုင်ငံခြားသားလုပ်သားအများဆုံးသုံးစွဲနေတဲ့ထိုင်းနိုင်ငံအနေနဲ့လည်းနိုင်ငံခြားသားလုပ်သား ခေါ်ယူတာကိုပါစိစစ်မှုတွေတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်ဒါ့အပြင်ထိုင်းနိုင်ငံအတွင်းလျှပ်စစ်ကားအီလက်ထရောနစ်ဆေးဝါးနဲ့
ကာကွယ်ရေးနယ်ပယ်တွေကိုတိုးတက်အောင်နိုင်ငံခြားကျွမ်းကျင်လုပ်သား၁သန်းခန့်ကိုထိုင်းကဖိတ်ခေါ်ဖို့ကြိုးစားနေတာဖြစ်တယ်လို့လည်းသိရပါတယ်နိုင်ငံခြားသားပညာရှင်တွေကိုစွဲဆောင်ဖို့ထိုင်းအစိုးရ၁၀နှစ်
သက်တမ်းဗီဇာကိုစက်တင်ဘာလ၁ရက်နေ့ကစတင်ကာ လျှောက်လွှာလက်ခံမှာလို့ထိုင်းရင်းနှီးမြှပ်နှံမှုဘုတ်အဖွဲ့ကဩဂုတ်၅ရက်မှာthethaigerသတင်းဌာနမှာ ပြောဆိုထားပါတယ်ထိုင်းအစိုးရကအမေရိကန် ဒေါ်လာ
၁သန်းကျော်ပိုင်တဲ့လူတွေနဲ့ပုံမှန်ပင်စင်လစာရနေတဲ့အငြိမ်းစားတွေ လျှောက်ထားနိုင်တယ်လို့ ပြောကြားထားပြီးပါပြီလျှောက်ထားသူတွေကိုဒစ်ဂျစ်တယ်အလုပ်ပါမစ်ပေးမှာ ဖြစ်သလိုဝင်ငွေခွန်ကို၁၇ရာခိုင်နှုန်းအထိလျှော့ချပေးမှာဖြစ်ပြီး
နိုင်ငံခြားသားဝန်ထမ်း၁ ယောက်ခန့်ရင်ထိုင်းနိုင်ငံသား၎ ယောက်ခန့်ရမယ်ဆိုတဲ့ကုမ္ပဏီတွေအတွက်ထုတ်ထားတဲ့ဥပဒေကင်လွတ်ခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်Visaအသစ်ဟာအသေးစားနဲ့အလတ်စားကုမ္ပဏီတွေ
Startups တွေအတွက်အသုံးဝင်အောင်ဖန်တီးထားတာဖြစ်တယ်လို့သိရပါတယ်လက်တလောအိမ်နီးချင်ထိုငျးနိုင်ငံမှာ မြန်မာလုပ်သား၃သန်းကျော်လောက်ရွှေ့ပြောင်းလုပ်ကိုင်နေတာပါအခုတိုးမြှင့်မယ့်ထိုင်းအစိုးရရဲ့အခြေခံလုပ်ခဟာဆို
ရင် မြန်မာကျပ်ငွေနဲ့တွက်ပါကလက်ရှိငွေဈေး1B70.17kyatsအရတစ်လကိုကျပ်၇သိန်းဝန်းကျင်မှ၇သိန်းကျော်အထိရရှိမှာပါလက်ရှိ မြန်မာနိုင်ငံမှာတော့အခြေခံလုပ်ခဟာတစ်နေ့၄၈၀၀ကျပ်သာဖြစ်ပြီထိုင်းငွေနဲ့တွက်ပါက68.5ဘတ်သာရှိပါတယ်လက်ရှိရရှိနေတဲ့
လုပ်အားခဟာ နေ့စဉ်တက်နေတဲ့ကုန်ဈေးနှုန်း ကြောင့်စားဝတ်နေရေး လောက်ငှမှုမရှိတာမို့လူငယ်လူရွယ်၊လူလတ်ပိုင်းတွေဟာ ပြည်တွင်းအလုပ်အကိုင်တွေထက်အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုသာ ရွှေ့ပြောင်းလုပ်ကိုင်လိုမှုတွေများပြားလာနေပါတယ်