တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့်တရားစွဲဆိုခံရပါကနှစ်ဦးပိုင်ပစ္စည်းဖြစ်သည့်အိမ်ခြံမြေပိုင်ဆိုင်ခွင့်ကိုဆုံးရှုံးပါသလားတစ်လင်တစ်မယားစနစ်ကျင့်

သုံးခြင်းဆိုင်ရာဥပဒေအရပုဒ်မ-၁၀အရဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ကိုးကွယ်ရာဘာသာအရဖြစ်စေဓလေ့ထုံးတမ်းအရဖြစ်စေလင်နှင့်မယားတစ်ဦးသို့မဟုတ်တစ်ဦးထက်ပို၍တရား




ဝင်ထိမ်းမြားပြီးသည့်ယောက်ျားသို့မဟုတ်မိန်းမသည်အဆိုပါထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်းဤဥပဒေအာဏာတည်သည့်နေ့မှစ၍အခြားသူ တစ်ဦးနှင့်ထပ်မံထိမ်းမြားခြင်း
မပြုရသို့မဟုတ်လင်မယားအဖြစ်တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရဟုပြဌာန်းထားပါသည်တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရပုဒ်မ-၁၂အရ




မည်သူမျှဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ဓလေ့ထုံးတမ်းအရဖြစ်စေထိမ်းမြားမှုအတည်ဖြစ်နေစဉ်ထပ်မံ၍ထိမ်းမြားမှုမပြုရသို့မဟုတ်လင်မယား
အဖြစ်တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရဟုပြဌာန်းထားပါသည်။တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရပုဒ်မ-၁၃အရမည်သူမဆိုပုဒ်မ၁၀သို့မဟုတ်၁၂ကို
ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုခုနှစ်နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်အထက်ပါပြဌာန်းချက်
များအရလင်သို့မဟုတ်မယားတစ်ဦးဦးသည်တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့်အရေးယူခံရပါကထပ်မံထိမ်းမြားခြင်းသို့မဟုတ်ဖောက်ပြန်ခြင်းပြုလုပ်သည့်
လင်သို့မဟုတ်မယားသည်နှစ်ဦးပိုင်ပစ္စည်း၏ပိုင်ဆိုင်ခွင့်ကိုဆုံးရှုံးမည်ဖြစ်သည်သတိပြုရမည့်အချက်မှာထိုသို့တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရတရားစွဲဆိုခံ




ရ၍ပြစ်မှုထင်ရှားစီရင်ခြင်းခံရယုံဖြင့်ကွာရှင်းပြီးသားမဖြစ်ပါဥပဒေအရတရားရုံးတွင်လင်မယားကွာရှင်းပေးစေလိုမှုထပ်မံစွဲဆိုပြီးအနိုင်ဒီကရီရမှသာလျှင်တရားဝင်ကွာရှင်းခြင်းပြီး
မြောက်မည်ဖြစ်သည်သို့မှတရားဝင်ကွာရှင်းပြီးမှသာနှစ်ဦးပိုင်ပစ္စည်းများ၏ပိုင်ဆိုင်ခွင့်တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ
အရေးယူခံရသူသည်ပိုင်ဆိုင်ခွင့်ဆုံးရှုံးပြီးနစ်နာသူဖြစ်သည့်လင်သို့မဟုတ်မယားတစ်ဦးတည်းကပိုင်ဆိုင်မှုအားလုံးကိုပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။credit