မျက်နှာပေါင်းတင်နည်းပျိုမေတို့ရေအသက်အရွယ်ကြီးလာတာနဲ့အသားအရေကအစပြောင်းလဲတတ်တယ်။ဒီလိုပြောင်းလဲလာရင်အဓိကးသိသာစေတာကတော့အရေးအကြောင်းတွေပါပဲ။ကိုယ့်မျက်နှာမှာအရေးအကြောင်းတွေရှိနေပြီးဆို
တာကိုယ်အသက်ကြီးနေပြီဆိုတာကိုသတိပေးနေတဲ့အချက်ပါပဲ။ဒီလိုတွေမဖြစ်ရအောင်မှန်ကြည့်တိုင်းကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ဒီနည်းနဲ့လုပ်ပေးပါ(၁)သံလွင်ဆီနဲ့သံပယိုရည်ပါဝင်ပစ္စည်းများသံလွင်ဆီနဲ့သံပယိုရည်
သံလွင်ဆီကိုဇလုံထဲထည့်ပေးပြီးသံပယိုရည်လက်ဖက်ရည်ဇွန်း၁ဇွန်းအပြည့်ကိုလည်းရောပေးပါဒီအရောနဲ့မျက်နှာကိုလိမ်းပေးပြီးရလဒ်ကတော့အသားအေရကို
ဖြူလာစေပြီးအရေးအကြောင်းတွေကိုလည်းလျော့နည်းစေပါတယ်
(၂)ပန်းသီးပါဝင်ပစ္စည်းပန်းသီးနို့မှုန့်နဲ့ပျားရည်။ပန်းသီး(၁)လုံးကိုရေနဲ့ပြုတ်ပေးပါ။အအေးခံပေးပြီးအထဲကအစေ့ကိုဖယ်ပန်းသီးကိုခြေပေးပါပြီးရင်နို့မှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်းအပြည့်နဲ့ပျားရည်လက်ဖက်ရည်ဇွန်း၁ဇွန်းအပြည့်
တို့ကိုရောမွေပေးပါ။မျက်နှာပေါ်လိမ်းပေးပြီး(၁၅)မိနစ်လောက်အခြောက်ခံပေးပါ။ပြီးရင်မျက်နှာဆေးပေးပါ။ဒီနည်းကိုနေ့တိုင်းလုပ်ပေးနိုင်ပါတယ်။ပန်းသီးမှာဗီတာမင်ဓာတ်တွေအများကြီးပါတာကြောင့်အရေးအကြောင်းတွေကိုတိုက်ဖျက်
ပေးနိုင်တယ်။(၃)သံပယိုရည်နဲ့Milk Creamပါဝင်ပစ္စည်းများသံပယိုရည်နဲ့Milk Creamပါဝင်ပစ္စည်းတွေကိုရောပေးပြီးမျက်နှာပေါ်လိမ်းပေးပါ၁၀-၁၅မိနစ်လောက်နေရင်ရိုးရိုးရေနဲ့မျက်နှာဆေးပေးပါအနည်းဆုံး(၁)လမှာသိသာတဲ့ရလဒ်ကိုရလာမှာပါ။ဒီပေါင်းတင်နည်းကတော့အရေးအကြောင်းတွေမဖြစ်အောင်ထိန်းပေးထားနိုင်ပါတယ်