စံချိန်တင်မြင့်တက်ခဲ့သည့်ဒေါ်လာဈေးပြန်ကျပြီးခဲ့သည့်စက်တင်ဘာလတတိယပတ်ကစ၍တရိပ်ရိပ်တက်လာသောအမေရိကန်ဒေါ်လာမြန်မာငွေလဲလှယ်နှုန်းမှာတစ်ဒေါ်လာလျှင်

၂,၇၀၀ကျပ်ထိဖြစ်သွားခဲ့ရာမှအောက်တိုဘာလ၁၂ရက်နံနက်ပိုင်းကငွေလဲကောင်တာအချို့တွင်အမေရိကန်တစ်ဒေါ်လာလျှင်၁၉,၈၀ဝန်းကျင်ဖြစ်နေ၍နှစ်ပတ်ခန့်အတွင်းတစ်ဒေါ်လာ

လျှင်၇၀၀ကျော်ပြန်ကျသွားကြောင်းသိသည်စက်တင်ဘာလအတွင်းကဆိုရင်ဒေါ်လာကဝယ်တဲ့သူပဲရှိတာဒါကြောင့်ဈေး
ကွက်မှာဈေးကတစ်ခါမှမကြုံဖူးတဲ့ဈေးဖြစ်သွားတာပေါ့

ဒါပေမဲ့လည်းဒီဈေးကပြန်ကျမယ်ဆိုတာကိုအရောင်းအဝယ်လုပ်နေသူတွေကိုယ်တိုင်သိတယ်သိသိနဲ့လည်းတချို့ကဈေး
ကွက်ထဲမှာဆွဲတင်တာတွေလုပ်တာရှိတယ်ဘာလိုပဲဖြစ်ဖြစ်

ကျွန်တော်တို့နိုင်ငံကဒေါ်လာဈေးကိုအခြေခံပြီးကုန်ဈေးနှုန်းတွေတက်လာတာကိုတော့ဝမ်းနည်းရပါတယ်ဟုအမေရိကန်ဒေါ်လာငွေအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကရန်ကုန်

တိုင်းမ်ကိုပြောသည်အမေရိကန်ဒေါ်လာဈေးမြင့်တက်လေလေစက်သုံးဆီစားသုံးဆီဈေးများ၊ဆေးဝါးနှင့်စားသောက်
ကုန်ပစ္စည်းများဈေးတက်လာသောကြောင့်မြန်မာနိုင်ငံတော်

ဗဟိုဘဏ်အနေဖြင့်အဆိုပါလုပ်ငန်းရှင်များကိုပြင်ပပေါက်
ဈေးထက်လျော့နည်းသောငွေလဲနှုန်းဖြင့်ရောင်းချပေးခဲ့ရာယခုအခါစုစုပေါင်းအမေရိကန်ဒေါ်လာသန်း(၄၀)ခန့်ရှိပြီ

ဖြစ်ကြောင်းဗဟိုဘဏ်၏စာရင်များအရသိရသည်ရောင်းချပေးခဲ့သည့်ရည်ညွှန်းငွေဈေးအတိုင်းတွက်ချက်၍စက်သုံးဆီစားသုံးဆီနှင့်ရွှေဈေးအပါအဝင်ကုန်ဈေးနှုန်းအချို့ယခင်

ဒေါ်လာဈေးတက်သည့်ကာလထက်ကျဆင်းကြောင်းသို့သော်
လည်းဒေါ်လာဈေးတည်ငြိမ်ရန်အလွန်အရေးကြီးနေကြောင်းနှင့်ရေရှည်အတွက်သက်ဆိုင်ရာအနေဖြင့်စနစ်တကျလုပ်

ဆောင်သင့်ကြောင်းလည်းပြောဆိုနေကြသည်ပြီးခဲ့သည့်ဖေ
ဖော်ဝါရီလမတိုင်မီကအမေရိကန်တစ်ဒေါ်လာလျှင်၁,၃၀၀ ဝန်းကျင်ရှိရာမှဖေဖော်ဝါရီလတစ်ရက်နေ့နောက်ပိုင်းတွင်
တစ်ဒေါ်လာလျှင်မြန်မာကျပ်ငွေ၂၇၀၀ခန့်ထိဖြစ်သွားခဲ့ခြင်းလည်းဖြစ်သည်Ref:ရန်ကုန်မီဒီယာ